သိမ်းဆည်းခံ မြေအတွက် ထွန်တုံး တိုက်ပွဲ စတင်လိုက်တဲ့ ရခိုင်က လယ်သမားတွေ - BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: 2020-06-10
Просмотров: 5790
Описание:
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရဲ့ မြောက်ဘက်ကမ်း ဆတ်ရိုးကျ ရပ်ကွက် အတွင်းမှာရှိတဲ့ သိမ်းဆည်းခံ လယ်မြေတွေ လျော်ကြေး နစ်နာကြေးတွေ မရခဲ့တဲ့ အတွက် ဆိုပြီး တောင်သူ ဦးရေ ၂၀ လောက် က ဇွန်လ ၉ ရက် မနက်ပိုင်းကစတင်ပြီး ထွန်တုံးတိုက်ပွဲဆင်နွှဲနေကြပါတယ်။
အဲ့ဒီသိမ်းဆည်းခံမြေတွေယာ အရင်က ရွှေပြည်သာ၊ ဗျိုင်းဖြူရွာ၊ ကျေးတော စတဲ့ကျေးရွာတွေက တောင်သူတွေ လုပ်ကိုင်နေခဲ့ကြတဲ့ မြေတွေဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ စက်မှု ရပ်ကွက် ထူထောင်ဖို့အတွက် အဲဒီ ခေတ် စစ်အစိုးရ လက်ထက်က သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ်။
သိမ်းဆည်းစဉ် ကလည်း အဲ့ဒီမြေတွေကို သိမ်းဆည်းကြောင်း တရားဝင်အကြောင်းကြားတာမျိုးမရှိသလို လျော်ကြေး နစ်နာကြေးတွေကိုလည်း ပေးဆောင်ခြင်းမရှိတဲ့အပြင် နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို ချပေးလိုက်ပြီး အခုအခါမှာ အိမ်ယာမြေကွက်တွေ ဖော်ဆောင်ရောင်းချနေကြတာတွေရှိသလို ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံတွေတည်ဆောက်နေကြပြီဖြစ်ပါတယ်။
မူလမြေပိုင်ရှင် တောင်သူတွေက သူတို့ရဲ့စားဝတ်နေရေး အခက်အခဲတွေရှိနေတာကြောင့် မိုးစပါးစိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် ထွန်တုံးတိုက်ပွဲကို ပြုလုပ်နေကြတာဖြစ်တယ်လို့ပြောပါတယ်။ အရပ်သား အစိုးရ တက်လာချိန်ကတည်းက သိမ်းဆည်းခံမြေတွေ အတွက် တင်ပြ တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။ ရုပ်သံမှာ အပြည့်အစုံ ကြည့်နိုင်ပါပြီ။
ရိုက်ကူး - မြင့်လွင် ၊ တည်းဖြတ် - ဝင်းကျော်သူ
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ရခိုင် #စစ်တွေ #ဆတ်ရိုးကျ #လယ်သမား #စစ်အစိုးရ
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: