လထုတ္တောကျေးရွာရှိ ပြည်သူများကို အစုလိုက်သတ်ခဲ့သည့် စစ်ကြောင်းကို PDFတပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်
Автор: Lu Htu Khit (လူထုခေတ်)
Загружено: 2024-05-24
Просмотров: 41
Описание:
လထုတ္တောကျေးရွာရှိ စစ်ရှောင်ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ(ရုပ်/သံ)
မေ ၊ ၂၅ ၊ ၂၀၂၄
လူထုခေတ်
စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊လထုတ္တောကျေးရွာရှိ ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးနောက် မြောင်နယ်အတွင်းရှိ ဗိုလ်စက်ြာ၏ CDSOM စခန်းဟောင်းကို လာရောက်ဝိုင်းသည့် စစ်သားများကိုတိုက်ခိုက်ရာ စစ်သား ၁၀ ဦးဝန်းကျင်သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိကြောင်းသိရသည်။
မေလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် မြောင်နယ်အတွင်းရှိ ဗိုလ်စက်ြာ၏ CDSOM စခန်းဟောင်းကို စစ်သား အင်အား ၉၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းရန် ကြိုတင်သတင်းရ၍ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“တိုက်ပွဲအတွင်း မျက်မြင် ၅ ယောက်အလောင်းတွေ့တယ်။သေတာကတော့ ၁၀ ဦးကျော်မယ်။၃၀ ကျော်လောက်ဒဏ်ရာရမယ်။ဒဏ်ရာရတွေကို နတ်ရေကန် ဆေးခန်းကို သယ်ပြီး နေရာ ၃ နေရာခွဲပြီး ဆေးကုနေတယ်လို့သိရယ်။တိုက်ပွဲကတော့ အတော်လေးကို ပြင်းထန်ပါတယ်။
သူတို့ဘက်က ဒရုန်းချဖို့ ၆ လက် ဒရုန်းတင်နေချိန် ပစ်ချလိုက်တော့ ဗုံးသီးတွေ သူတို့အပေါ်ပြန်ပြုတ်ကျတာ ဒရုန်းတဖွဲ့လုံးသေနိုင်တယ်”ဟု CDSOM မှ တာဝန်ခံ ကိုနွေဦး ကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်တပ်သားများ အထိနာ၍ လေယာဥ်ပစ်ကူပေးကာ သေဆုံးစစ်သားများနှင့်ဒဏ်ရာရများကို ကားများဖြင့် သယ်ဆောင်၍ ချောင်းဦးမြို့နယ် နတ်ရေကန် ဆေးခန်းသို့ ဆုတ်ခွာသွားကြောင်းသိရသည်။
“တိုက်ပွဲ ၁ နာရီကြာတော့ ကျနော်တို့ Battle ဆိုင်လိုက်ချိန်မှာပဲ လေကြောင်းပစ်ကူလာတယ်။အဓိက တိုက်တာကတော့ ဗိုလ်စက်ြာ၊ဗိုလ်ကျားသစ်အဖွဲ့ပါ။CDSOMက ဒရုန်းနဲ့ကူပေးတယ်။ကျန်တဲ့ တပ်ရင်း၊တပ်ဖွဲ့တွေလည်းပါတယ်။တိုက်ပွဲဖြစ်တဲ့နားမှာ စစ်သား ၂ ယောက်ကိုမြုပ်ခဲ့တယ်။၃၂ ဦးကို နတ်ရေကန်ဆေးခန်းမှာ ဆေးကုသနေတယ်။နတ်ရေဆေးခန်းဆိုတာ ခွေးစခန်းပါ။ညဘက်ထိ နတ်ရေကန်စခန်းကို သွားပြီး ဒရုန်းတွေနဲ့ချသေးတယ်”ဟု မြောင်(ပလဖ)ခေါင်းဆောင် ဗိုလ်ကျားသစ် ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို CDSOM၊မြောင်(ပလဖ)ဗိုလ်ကျားသစ်အဖွဲ့နှင့်CDSOM ဗိုလ်စက်ြာအဖွဲ့တို့ ဦးဆောင်ကာ မဟာမိတ်တပ်ရင်း၊တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း CDSOM မှ ရဲဘော် ၂ ဦး၊PDF-Taloke မှ ရဲဘော် ၁ ဦးနှင့် မြောင်(ပလဖ)မှ ရဲဘော် ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မေလ ၁၁ ရက်နေ့က မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာရှိ စစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ လက်နက်ကြီး၊လက်နက်ငယ်များပစ်ခတ်ကာ အသက်မပြည့်သေးသည့် လူငယ် ၃ ဦးနှင့်အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၃၄ ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းဖြစ်သည်။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: