ညောင်ကျိုးဖက် ဦးတည်လာတဲ့ စစ်ကြောင်း AA ချေမှုန်း... KK Park ကို စစ်တပ်ဝင်စီး...
Автор: Htet Aung Kyaw
Загружено: 2025-10-20
Просмотров: 21546
Описание:
ညောင်ကျိုးဖက် ဦးတည်လာတဲ့ စစ်ကြောင်း AA ချေမှုန်း... KK Park ကို စစ်တပ်ဝင်စီး...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၀ အောက်တိုဘာ ၂၀၂၅)
အာရက္ခတပ်တော်က အပြည့်အ၀ ထိန်းချုပ်ထားတဲ့ သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ စစ်ကောင်စီရဲ့ စစ်သဘောၤ လှုပ်ရှားမှုတွေ၊ လေယာဉ်နဲ့ကင်းထောက်တာတွေ ပိုများလာနေတဲ့အတွက် ပင်လယ်ပြင်အတွင်း ညဖက် သွားလာမှုတွေကို ပိတ်ပင်လိုက်တယ်လို့ AA က အသိပေးချက်ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၉ ညနေကစပြီး ငါးဖမ်းလှေတွေအားလုံး ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း မသွားမလာပဲနေကြဖို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
ညောင်ကျိုးရွာအနီးရှိ လေသာတောင်ခြေဆီ လက်နက်နဲ့ ရိက္ခာတွေလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို အာရက္ခတပ်တော်(AA)က ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်တပ်ဖက် သေဆုံးမှုများပြီး လက်နက်တွေပါ ကျန်ခဲ့...
ကလေးမြို့နယ် ရာဇဂြိုလ်နဲ့ စော်ဘွားရေရှင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်နေ...
လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း ပျက်ကျလာတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်းတစီးကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်မိ...
လေးကေ့ကော်မြို့က ရှု့ခင်းသာစခန်းနဲ့ စွယ်တော်ကုန်း၊ သောင်ရင်းမြစ်ဘေးက KK Park တို့ကို စစ်ကောင်စီက သိမ်းပိုက်ဟု စစ်လော်ဘီချာနယ်တွေက ဖေါ်ပြ...
တနသာင်္ရီမြို့နယ်၊ တမုတ်ချုံကျေးရွာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၄ ဦး သေဆုံး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
/ burmanewsnetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: