အိန္ဒိယရောက်မြန်မာများ ဒုက္ခသည် အခွင့်အရေးများရရှိရေးနယူဒေးလီတွင်ဆန္ဒပြ | People's Spring
Автор: People's Spring
Загружено: 2025-06-21
Просмотров: 3306
Описание:
အိန္ဒိယရောက်မြန်မာများ ဒုက္ခသည် အခွင့်အရေးများရရှိရေးနယူဒေးလီတွင်ဆန္ဒပြ
ဇွန်-၂၁၊၂၀၂၅။မားနေ/People's Spring
အိန္ဒိယနိုင်ငံရောက်မြန်မာနိုင်ငံသားများကကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day) အထိမ်းအမှတ်အဖြစ်ဇွန်လ၂၀ရက်တွင်ဒုက္ခသည် အခွင့်အရေးများရရှိရေးအတွက်ဆန္ဒပြခဲ့ကြသည်။
အန္ဒိယရောက် မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံရှိ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) နှင့် ၎င်းတို့ ရသင့်ရထိုက်သော အခွင့်အရေးများကိုဆွေးနွေးခဲ့သော်လည်းတာဝန်ရှိသူများက လိုက်လျောလုပ်ဆောင်ရန် ပျက်ကွက်ခဲ့၍ ဆန္ဒပြခြင်းဖြစ်ကြောင်းဆန္ဒပြပွဲဦးဆောင်သူများကပြောသည်။
“ ဒီနေ့ မအားမလပ်တဲ့ကြား၊စားဝတ်နေရေးအခက်အခဲနဲ့ ဒုက္ခအမျိုးမျိုးကြားကနေ လာရောက် ဆန္ဒပြတဲ့ အဓိက အကြောင်းအရင်းတခုထဲပါ။ ၂၀၂၁ ခုနှစ် နောက်ပိုင်း လာရောက်ခိုလှုံလာတဲ့သူတွေကို ဒုက္ခသည်အဖြစ် အသိမှတ်ပြုတာမရှိပါဘူး ။ဒါကြောင့်UNHCRအနေနဲ့ အမြန်ဆုံး အသိအမှတ်ပြုပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်” ဟုနယူးဒေလီအခြေစိုက်ချင်းဒုက္ခသည်ကော်မတီ(CRC)ဥက္ကဋ္ဌ မစုထွေးအောင်ကပြောဆသည်။
ရာနှင့်ချီသော အိန္ဒိယရောက် မြန်မာများက အိန္ဒိယနိုင်ငံ ၊မြို့တော်နယူးဒေလီရှိ ၊ ဂျန်တားမန်တားရပ်ကွက်၌ ဇွန် ၂၁ ရက်တွင်စုဝေး ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
CRC ဦးဆောင်မှုဖြင့် ဆန္ဒပြခဲ့ကြသော ဒုက္ခသည်များသည် ၎င်းတို့ကို ဒုက္ခသည် သတ်မှတ်ခြင်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေခြင်းနှင့် အသိအမှတ်ပြုခြင်းမရှိသဖြင့်လုံခြုံရေး၊ကျန်းမာရေးနှင့် ပညာရေးများတွင် အကာအကွယ် စောင့်ရှောက်မှုနှင့် အကူအညီများမရရှိခြင်း ၊ ကာလရှည်နေထိုင်ခဲ့သူများနှင့် ရပ်တည်ရေးခက်ခဲ့သူများကို တတိယနိုင်ငံ ရွှေ့ပြောင်းအခြေချခွင့်များကို တောင်းဆိုခဲ့ကြသော်လည်း လိုက်လျောလုပ်ဆောင်ပေးမှု မရှိကြောင်းသိရသည်။
နှစ်စဉ် ကမ္ဘာ့ဒုက္ခသည်နေ့များကို အိန္ဒိယနိုင်ငံရှိ UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော BOSCO ၊SLIC များက မြန်မာဒုက္ခသည်များအပါအဝင် နိုင်ငံတကာမှ ခိုလှုံလာသူများကိုဖိတ်ခေါ်၍ အဆို ၊ အက များဖြင့် ပျော်ရွှင်ဖွယ်ရာနေ့အဖြစ် ကျင်းပခဲ့ကြသော်လည်း ယခုနှစ်တွင် ယင်းတို့၏ ကမ်းလှမ်းမှုကို လက်မခံဘဲ ဆုံးရှုံးနေသည့်အခွင့်အရေးများရရှိရန်ဆန္ဒပြပွဲကိုသီးခြားပြုလုပ်ရခြင်းဖြစ်ကြောင်း CRC ဦးဆောင်သူများကပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏အကြမ်းဖက်မှုများကြောင့် အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်နှင့်အခြားဒေသများမှထွက်ပြေးတိမ်းရှောင်ရသူအများအပြားရှိသည်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယသို့ထွက်ပြေတိမ်းရှောင်နေရသေမြန်မာနိုင်ငံသား ၃၀၀၀၀ကျော်ရှိကြောင်း အိန္ဒိယအစိုးရ၏စာရင်းဇယားများအရသိရသည်။ အများစုသည် မီဇိုရမ်ပြည်နယ်တွင်နေထိုင်ကြသည်။သို့သော် အမှန်တကယ်တွင် ၅၀၀၀၀ ကျော်ရှိကြောင်း အိန္ဒိယရောက်မြန်မာအရေးဆောင်ရွက်နေသူများကပြောသည်။ စစ်တပ်အာဏာမသိမ်းခင်က ဒုက္ခသည်များရော ၊ရိုဟင်ဂျာများကိုပါထည့်သွင်းတွက်ချက်ပါက အိန္ဒိယရောက်မြန်မာ ၈၃,၀၀၀ရှိကြောင်း UNHCR ၏အချက်အလက်များအရသိရသည်။
ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသား ၃၀၀ ခန့် ပါဝင်ခဲ့ပြီး CRC ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသူများက ရရှိသင့်သော အခွင့်အရေးများအကြောင်းနှင့် ဆက်လက်၍ စည်းလုံးညီညွတ်စွာ တောင်းဆိုကြရန် ပြောကြားခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆန္ဒပြပွဲအပြီး၌ CRC ခေါင်းဆောင်များက ဒုက္ခသည်များ၏ လိုလားချက်များနှင့် ပတ်သက်ပြီး အိတ်ဖွင့် ပေးစာတစောင်ကို UNHCR ရုံးသို့ သွားရောက်ပေးအပ်ခဲ့သည်။
ရုပ်သံ-မားနေ
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: