မနက်ခင်းနောက်ဆုံးရနိုင်ငံတကာသတင်း
Автор: 7Day TV
Загружено: 2021-03-05
Просмотров: 50006
Описание:
အမေရိကန်ထက် တိုက်ရေယာဉ် အရေအတွက် ပိုသာလာတဲ့ တရုတ်ရေတပ် ရဲ့ သတင်းနဲ့ ဆီနီဂေါမှာ ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်းအသွင် ကူးပြောင်းသွားပြီး ၄ ဦးထက်မနည်း သေဆုံး ခဲ့ရတယ်ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။
မနက်ခင်းနောက်ဆုံးရနိုင်ငံတကာသတင်း
မတ် − ၆ ၊၂၀၂၁
အမေရိကန်ထက် တိုက်ရေယာဉ် အရေအတွက် ပိုသာလာတဲ့ တရုတ်ရေတပ်
ဖွဲ့စည်းပုံအရ တရုတ်ဟာ ပြိုင်ဘက် အမေရိကန် ရေတပ်ထက် ပိုမို အင်အားသာလွန်လာကြောင်း သိရှိရပါတယ်။
၂၀၂၀ ပြည့်နှစ်ကုန်မှာ တရုတ်ရဲ့ ရေတပ်က တိုက်ပွဲဝင် သင်္ဘောအမျိုးမျိုး အစီးရေ ၃၆၀ လောက် ပိုင်ဆိုင်ထားပြီး အမေရိကန်ထက် အရေအတွက် ၆၀ လောက် ပိုသာလွန်နေတယ်လို့ ဆိုပါတယ်။ လာမယ့် ၄ နှစ်အတွင်း တရုတ်ရေတပ်ပိုင် တိုက်ခိုက်ရေး သင်္ဘော အစီးရေ စုစုပေါင်း ၄၀၀ လောက်ထိ များပြားလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဒါဟာ တိုက်ခိုက်ရေး ရေယာဉ် အရေအတွက်ကိုသာ နှိုင်းယှဉ်ထားတာဖြစ်ပြီး နည်းပညာပိုင်း၊ အရွယ်အစားပိုင်း အစရှိတဲ့ အချက်အလက်တွေ မပါဝင်ပါဘူး။ တရုတ် သမ္မတ စီကျင်းပင်ဟာ တောင်တရုတ်ပင်လယ် ကြီးစိုးရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု အနေနဲ့ တရုတ်ရေတပ်ကို ပီပီပြင်ပြင် ပိုမို ချဲ့ထွင်စေခဲ့ပါတယ်။ တောင်တရုတ်ပင်လယ် တဝိုက်မှာတင် ရေတပ်သင်္ဘော ၅၀ နီးပါး၊ ဒါဇင်နဲ့ချီတဲ့ တိုက်လေယာဉ်တွေအပြင် စစ်သည် ၁၀၀၀၀ ကျော်လောက်ကို ဖြန့်ကျက်ထားပါတယ်။
၂၀၁၈ တုန်းက စစ်ယူနီဖောင်းကိုဝတ်ပြီး တောင်တရုတ် ပင်လယ်ထဲက ဖျက်သင်္ဘော တစ်စီးပေါ် လိုက်ပါခဲ့ချိန်မှာ သမ္မတ စီက လက်ရှိ အခြေအနေလောက် ရေတပ်ကို အလောတကြီး အင်အားချဲ့ထွင်ဖို့ လိုအပ်လာတဲ့ ကာလမျိုး မကြုံဖူးသေးဘူးလို့ ပြောကြားသွားပါတယ်။
တရုတ်ဟာ လတ်တလောမှာ သင်္ဘောအသစ်တွေ တည်ဆောက်ရေးကိုလည်း အံ့ဩစရာ ကောင်းလောက်တဲ့ မြန်နှုန်းမျိုးနဲ့ အကောင်အထည်ဖော်ဖို့ ဆက်လက် ကြိုးစားနေပါတယ်။ တရုတ်ရေတပ်ရဲ့ တိုက်ပွဲဝင် ရေယာဉ် အစုအဖွဲ့ဟာ ဆယ်စုနှစ် ၂ ခုအတွင်း ၃ ဆ တိုးလာတယ်လို့ အမေရိကန် ရေတပ်၊ မရိန်းနဲ့ ကမ်းခြေစောင့်တပ်ရဲ့ ဒီဇင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိ အခြေအနေအရ ကမ္ဘာပေါ်မှာ အင်အား အတောင့်ဆုံး ရေတပ်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပေမယ့် တရုတ်ဟာ ခေတ်မီ စစ်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ လေယာဉ်တင်သင်္ဘောတွေ၊ ကုန်းရေနှစ်တန်သွား ချေမှုန်းရေး ရေယာဉ်တွေ၊ နျူကလီးယား ရေငုပ်သင်္ဘောတွေကို တိုးချဲ့ ဆောက်လုပ်ဖို့ လက်တွေ့ လုပ်ဆောင်နေဆဲလို့လည်း အဲဒီ အစီရင်ခံစာက ဆိုပါတယ်။
၂၀၂၅ ခုနှစ်မှာ တရုတ်က တိုက်ခိုက်ရေး ရေယာဉ်ပေါင်း ၄၀၀ လောက်ကို ပိုင်ဆိုင်ဖို့ ရည်မှန်းထားပေမယ့် အမေရိကန်ကတော့ ရက်အတိအကျ မသတ်မှတ်ပေမယ့် တိုက်ခိုက်ရေး ရေယာဉ် ၃၅၅ စီးကို ပိုင်ဆိုင်ဖို့ မျှော်မှန်းထားပါတယ်။ နည်းပညာပိုင်းမှာ အမေရိကန်က သာလွန်နေဆဲ ဆိုရင်တောင်မှ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခတွေမှာ တရုတ်ဖက်က အရေအတွက် ပိုအသာစီးရတဲ့ အခြေအနေ ရှိလာနိုင်တယ်လို့ စစ်ရေး ပါရဂူတွေက ထောက်ပြကြပါတယ်။
အမေရိကန် ရေတပ်ရဲ့ အဓိက အားသာချက်ကတော့ စစ်သင်္ဘော အများစုက ပိုကြီးပြီး လက်နက်တပ်ဆင်မှုလည်း ပိုပြည့်စုံ များပြားပါတယ်။ ရေတပ်ရဲ့ မဟာဗျူဟာ အခင်းအကျင်းတွေလို့ ဆိုရမယ့် ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘောတွေ၊ ခရူဇာ စစ်သင်္ဘောကြီးတွေကို အမေရိကန်က အရေအတွက် အတော်များများ ပိုင်ဆိုင်ထားပါတယ်။ တစ်နည်းအားဖြင့် အဝေးကနေ ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ်ပြီး တိုက်ခိုက်နိုင်စွမ်းမှာ အမေရိကန် ရေတပ်ဖက်က ပြတ်ပြတ်သားသား သာလွန်နေပါတယ်။
အမေရိကန် ရေတပ်မှာ ထောင်လိုက် ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်ပေါင်း ၉၀၀၀ ကျော် အသင့်ရှိနေပေမယ့် တရုတ်မှာတော့ ၁၀၀၀ ဝန်းကျင်သာ ရှိနေတယ်လို့ ယူဆရပါတယ်။ အမေရိကန်ရဲ့ ရေငုပ်သင်္ဘော အစီး ၅၀ စလုံးဟာ နျူကလီးယား စွမ်းအင်ကို အသုံးပြုထားပြီး တရုတ်ပိုင် ရေငုပ်သင်္ဘောတွေထက် ဘက်ပေါင်းစုံ စွမ်းဆောင်ရည်တွေ ပိုသာလွန်ပါတယ်။ တရုတ်မှာ ရေငုပ်သင်္ဘော ၆၂ စီး ရှိပေမယ့် ၇ စီးသာ နျူကလီးယား စွမ်းအင် အသုံးပြုထားတာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာ ရေပိုင်နက် ကြီးစိုးရေး ကဏ္ဍမှာ တရုတ်ဟာ အမေရိကန်ကို ဘယ်လိုမှ ယှဉ်လို့ မရနိုင်ပေမယ့် တရုတ်ကမ်းရိုးတန်းနဲ့ နီးကပ်တဲ့ ဧရိယာတွေမှာတော့ အရေအတွက် ပိုတောင့်တင်းတဲ့ အချက်က အားသာမှု ဖြစ်လာနိုင်ပါတယ်။ အမေရိကန် အနေနဲ့ ဒီအချက်ကို အလေးအနက်ထားပြီး စဉ်းစားနေပေမယ့် ကပ်ရောဂါ ဂယက်ကြောင့် စီးပွားရေး ဆုတ်ယုတ်မှုတွေနဲ့အတူ ကာကွယ်ရေး အသုံးစရိတ်အတွက် ကန့်သတ်မှုတွေ ကြုံရဖွယ် ရှိနေကြောင်းလည်း သတင်းတွေက ဖော်ပြသွားပါတယ်။
Subscribe to our channel at https://bit.ly/2CVSP6d
Check out our website: http://www.7daydaily.com/
Connect with us at our social media handles:
Facebook: / 7dayonlinetv
Twitter: / 7day_tv
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: