မိမိဘက်က မှန်ကန်နေပါလျှက် မတရားသဖြင့် ဒုက္ခပေးခံရတဲ့အခါ ...
Автор: Thuta Sann
Загружено: 2021-01-29
Просмотров: 336437
Описание:
ကျနော်တို့ ကောင်းတာလုပ်ကြတယ်။ မှန်မှန်ကန်ကန်နေကြတယ်။ သူများအပေါ် မယုတ်မာဘူး။ ဒုက္ခမပေးဘူး။ ဒါပေမယ့် ကျနော်တို့ကို အကြောင်းမဲ့တိုက်ခိုက်နေကြတယ်။ ဒုက္ခပေးကြတယ်။ ပြဿနာအမျိုးမျိုးလုပ်နေကြတယ်ဆိုရင် ကျနော်တို့လုပ်လို့ရတာက...
( ၁ ) သည်းခံမယ်။
( ၂ ) မေတ္တာထားမယ်။
( ၃ ) တန်ပြန်ကာကွယ်မှုလုပ်မယ်။
ဒါပေမယ့် တချို့သောအကြောင်းအရာတွေဟာ သည်းခံနေရုံနဲ့မပြီးဘူး။ မေတ္တာထားလို့လည်းမရဘူးဆိုရင် ကျနော်တို့ လုပ်စရာက တချက်ပဲရှိတော့မယ်။ တန်ပြန်ကာကွယ်လိုက်ရုံပေါ့။ ဒီလိုတန်ပြန်ကာကွယ်လိုက်တာဟာ တန်ပြန်တိုက်ခိုက်တာမဟုတ်ဘူးနော်။ ကျနော် ခုပြောပြထားတဲ့ ဂမ္ဘီရနည်းဟာ ကိုယ့်ဘက်ကမမှန်မကန်ပဲ မတရားသဖြင့်သက်သက်နဲ့တော့ သွားလုပ်လို့မရပါဘူး။ လုပ်လည်းမစွမ်းပါဘူး။ ကိုယ့်ဘက်က မတရားခံရတာလည်းမှန်တယ်။ ကိုယ်ကလည်း မှန်အောင်နေတယ်ဆိုရင်တော့ ပြုလုပ်နိုင်ပါတယ်။ အသေးစိတ်ကိုတော့ Video လေးထဲမှာရှင်းပြပေးထားပါတယ်။ နားမလည်တာရှိရင် မေးပေါ့ဗျာ....
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: