YouTube Channel ဖွင့်ချင်ရင် ဒီ Video တစ်ပုဒ်ကြည့်ယုံဖြစ် နားလည်သွားမယ်။
Автор: Myanmar နည်းပညာchannel
Загружено: 2025-11-27
Просмотров: 35
Описание:
မင်္ဂလာပါ.....
YouTube Monetization ပွင့်ဖို့ လွယ်လား? (အတွေ့အကြုံမျှဝေခြင်း)
YouTube monetization ပွင့်ဖို့ဆိုတာ creator အများစုအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ monetization ပွင့်သွားသည့် ကိုယ်ပိုင်အတွေ့အကြုံလေးတွေကို မျှဝေပေးချင်ပါတယ်။
Monetization အတွက် Requirement ကတော့ တော်တော်များများသိထားတဲ့အတိုင်း-
Subscribers 1000
Public Watch Hours 4000 ပြည့်မီဖို့လိုပါတယ်။
📌အမှန်တော့ အဖွဲ့ဝင် 1,000 နှင့် ကြည့်ရှုသူ နာရီပေါင်း 4,000 ဆိုတာ အရမ်းမခက်ပါဘူး အခုလို 2025 အလွန်ဆို ပိုလို့တောင် လွယ်ကူသေးတယ် "လျှိဝှက်ချက်က" ဘာဖြစ်မယ်လိုသင်ထင်သလဲ ဟုတ်ပါတယ်
AI ခေတ်လေဗျာ ကိုယ်မသိတာ အကုန်မေးလို့ရနေတာ ဒီထက်လွယ်တာ
မရှိတော့ဘူးလေနော်။ ပြောချင်တာက YouTuber တစ်ယောက်ဖြစ်ဖို့အတွက် ဘွဲ့ရဖို့လည်းမလိုသလို အတန်းပညာလည်း သိပ်အရေးမကြီးပါဘူးခင်ဗျား လေ့လာမှုအားကောင်းပြီး ကြိုးစားချင်စိတ်ရှိရင် ပြည့်စုံပြီလို့မှတ်✨ မသိတာနားမလည်တာ အကုန် AI ကိုမေးလို့ရနေပါပြီ🥰
✅ Content - ဘာကို ဘာကြောင့် တင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့အရေးကြီးပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်ပြီး ရှုပ်ထွေးတဲ့အကြောင်းအရာတွေဖြစ်နေရင်တောင် ရိုးရိုးရှင်းရှင်းနဲ့ ပြန်လည်ရှင်းပြနိုင်ဖို့ လိုပါတယ်။
✅ Target Audience - ဘယ်သူတွေကို target ထားတင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ၊ စိတ်ဝင်စားမှုတွေကို သိပြီး သူတို့နားလည်အောင် ပြောပြနိုင်ဖို့ လိုပါတယ်။
✅ SEO (Search Engine Optimization) - Title, description, tags တွေကို ကောင်းကောင်းသုံးတတ်ဖို့ လိုပါတယ်။
✅ Thumbnail - ဆွဲဆောင်မှုရှိပြီး click နှိပ်ချင်စေတဲ့ thumbnail ဖြစ်ဖို့လိုပါတယ်။ misleading မဖြစ်ဖို့တော့ အရေးကြီးပါတယ်။
✅ YouTube Community Guidelines - YouTube ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်ပြီး လိုက်နာဖို့။ ဒါကတော့ အခြေခံအုတ်မြစ် ပါ။ ဘယ်လောက်ပဲ view ကောင်းကောင်း၊ စည်းကမ်းချိုးဖောက်ထားရင် channel ကို ဒုက္ခရောက်စေနိုင်ပါတယ်။
(ဒီအချက်တစ်ခုချင်းစီကိုလည်း အများကြီးအကျယ်ဖြန့်ပြီး ပြောစရာတွေလည်းရှိပါသေးတယ်။)
✴️အရေးအကြီးဆုံးကတော့…
ကြည့်ရှုသူရဲ့ အချိန်ကို လေးစားဖို့ပါ။ ကိုယ့် video ကြောင့် သူတို့ရဲ့ အချိန်တွေ မဖြုန်းတီးမိစေဖို့ ဂရုစိုက်ရပါမယ်။ အဆိပ်အတောက်မဖြစ်စေဖို့ ဂရုစိုက်ရပါမယ်။ ကြည့်ရှုသူတွေကို မြင်ယောင်ကြည့်ပြီး ပိုမိုနားလည်စေချင်တဲ့ စေတနာနဲ့ သူတို့အတွက် တန်ဖိုးရှိမယ့် အကြောင်းအရာကိုပဲ ရွေးချယ်တင်ဆက်သင့်ပါတယ်။ စေတနာထားပြီး ကောင်းကောင်းမွန်မွန် effort ထည့်မယ်ဆိုရင် YouTube monetization ဆိုတာ လွယ်သင့်သလောက် လွယ်ကူသွားပါလိမ့်မယ်။
ဒါကတော့ ကျွန်တော် ရဲ့ ကိုယ်ပိုင်အတွေ့အကြုံဖြစ်ပါတယ်။ မေးမြန်းထားကြတဲ့ ညီအစ်ကို မောင်နှမတွေအတွက် sharing လုပ်ပေးလိုက်ပါတယ်ခင်ဗျာ.....
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: