#Alagaddupama
Автор: သစ္စာသိုက်
Загружено: 2025-07-16
Просмотров: 10
Описание:
သစ္စာလေးတန်ဆရာတော်အရှင်အရိယဓမ္မသည် တရားတော်ကြီးကို တန်ခူးလဆန်း (၈)ရက်နေ့၊ ၂၀၂၅ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် ဒဂုံတောင် ၂၆ရပ်ကွက် ဆွမ်းကပ်အခါသမယတွင် ဟောကြားခဲ့ခြင်းဖြစ်လေသည်... ဆရာတော်ဟောကြားခဲ့သည့်တရားတော်များထဲမှ အနှစ်ချုပ်တရားသားများကို တင်ပြလိုက်ပါသည်...
တရားတော် ဆိုလိုရင်းအကျဉ်းချုပ်
⚜️ မြတ်စွာဘုရားရှင်၏ တရားတို့ကို မှားယွင်းစွာသုံးသပ်ထင်မြင်၍ အယူမှားတို့ကို ဟောပြောနေသော အရိဋ္ဌ ရဟန်းကို အကြောင်းပြု၍ ဟောကြားဆုံးမတော်မူခဲ့သော ဤသုတ္တံတွင် ယောဂီတို့သည် အောက်ပါအတိုင်းနာကြားကြရမည်...
⚜️ အရိဋ္ဌရဟန်း၏ အယူမှားပုံ မည်သို့ဖြစ်ရသည်ကို နာကြားကြရမည်။ ၎င်းအပြင် ......
⚜️ ဘုရားရှင်တရားတော်တို့၌ အယူအဆမှားဖြင့် ဟောကြားခြင်းသည် မြတ်စွာဘုရားကိုစွပ်စွဲသည်နှင့်တူပြီး ထိုယုတ်ညံ့သော မိစ္ဆာအယူသည် ထိုသူ့အား အကုသိုလ်တရားတို့များစွာဖြစ်၍ ကာလရှည်မြင့်စွာ အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်စေတတ်ကြောင်း မြတ်စွာဘုရားရှင် မိန့်တော်မူထားသည်ကို နာကြားကြရမည်...
⚜️ ထို့နောက်တွင် မြတ်စွာဘုရားရှင်သည် သာသနာတော်၌ ဘုရားရှင်တရားတော်တို့ကို သင်ယူရာတွင် မြွေ၏ခေါင်းကို ကောင်းစွာမဖမ်းသူသည် မြွေကိုက်ခံရ၍ သေလောက်သောဆင်းရဲကို ခံစားရသကဲ့သို့ ဘုရား ဟောတရားတို့၏အနက် အဓိပ္ပါယ်ကို မဖေါက်မပြန်မှန်ကန်သော အနက်ကို ထိုးထွင်း သိသည်အထိ နက်နဲစွာ စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်ကျင့်ကြံခြင်းမပြုပဲ...
သူတစ်ပါးတို့၏ ကဲ့ရဲ့ခြင်းမှ ရှောင်ရှား နိုင်ရုံမျှ၄င်း၊
သူတစ်ပါးတို့၏ ဝါဒကိုကဲ့ရဲ့ပြစ်တင်ခြုတ်ခြယ်ခြင်းပြုနိုင်စေရုံမျှသာ၄င်း.... သင်ယူသောရဟန်း၏ မဂ်ဖိုလ်အကျိုးမှ အချည်းနှီးဖြစ်၍ များစွာသော ဆင်းရဲတို့ တိုးပွါးနိုင်ပုံကို နာကြားကြရမည်ဖြစ်သည်....
⚜️ တရားတော်တို့ကို ကောင်းစွာ သင်ယူပုံနည်းကိုလည်း မြွေ၏ဦးခေါင်းကို ကောင်းစွာဖမ်းတတ်သူကဲ့သို့... ဘုရားရှင်တရား တော်တို့ကို ကဲ့ရဲ့လွတ်ရုံသင်ယူခြင်းမျိုးမဟုတ်၊ သူတစ်ပါးတို့အား ကဲ့ရဲ့ရှုတ်ချထောင်လွှားနိုင်ရန် သင်ယူခြင်းမျိုးမဟုတ်ဘဲ...
ကိလေသာ (အာသဝေါ)ကုန်ခမ်း ရေးအတွက် ပြန်လည်ကျင့်သုံးနိုင်ရန် ရည်ရွယ်ချက်မှန်မှန် ဖြင့် သင်ယူကျင့် ကြံ၍ အနက်တို့ကို လျှော်ကန်စွာသိအောင် လေးလေးနက်နက်၊ စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်နိုင်သူ ရဟန်းတို့၏ ရရှိနိုင်သော (မဂ်၊ဖိုလ်)နှင့်တကွ များစွာသောကောင်းကျိုး ချမ်းသာများကိုလည်းနာယူကြရမည်ဖြစ်သည်...
⚜️ နိဂုံးချုပ်အားဖြင့် ...
ပရိယတ္တိသာသနာဟူသည်...
👉 တရားတော်တို့ကို ရည်ရွယ်ချက်မှန်မှန် နာယူသင်ကြားခြင်းကိုဆိုလို၏၊...
ပဋိပတ္တိသာသနာဟူသည်...
👉 တရား တော်တို့၏ အနက်အဓိပ္ပါယ်တို့ကို မဖေါက်မပြန်မှန်ကန်စွာ သိအောင်စေ့စေ့စပ်စပ် လေးလေးနက်နက် သုံးသပ်ဆင်ခြင်၍ ပြန်လည်ကျင့်သုံးအားထုတ်ခြင်း...
(*မြတ်ဘုရားရှင်၏ တရားတို့ကို ကျင့်ကြံမှုမရှိဘဲ မှန်ကန်စွာ သုံးသပ်ဆင်ခြင်ဖို့မဖြစ်နိုင်ပါ*)၊
👉 ထိုကဲ့သို့ ရည်ရွယ်ချက်မှန်စွာ နာယူသင်ကြား၍ ဖြောင့်မှန်စွာပြန်လည်ကျင့်ကြံအားထုတ်ခြင်း ဟူသော
အကြောင်းအကျိုးညီမျှသဖြင့် ဖြစ်ပေါ်လာသော (ကိလေသာကင်း၍ငြိမ်းအေးသောခံစားမှု) အကျိုးတရားတို့ကိုပဋိဝေဓသာသနာဟုခေါ်ဆိုခြင်းဖြစ်ကြောင်းတို့ကိုနာကြားကြရပါမည်...
ဤတရားတာ်ကိုနာကြားကြရသူ ယောဂီသူတာ်စင်အပေါင်းတို့သည် မှန်ကန်ဖြောင့်မတ်စွာ နာယူမှတ်သားကျင့်ကြံအားထုတ်နိုင်ကြသဖြင့် သာသနာ၃ရပ် ၏ အနှစ်သာရ ဖြစ်သော မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ဖြင့်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း........။
🙏🙏🙏 သာဓု သာဓု သာဓု 🙏🙏🙏
#buddha #dhamma #sangha #fournobeltruth #သစ္စာလေးတန်ဆရာတော် #အရှင်အရိယဓမ္မ #ဘုရားတရား #သံဃာတရား #သစ္စာလေးပါး #ဓမ္မတရားတော် #ဗုဒ္ဓတရားတော် #သတိပဌာန် #ဥဋ္ဌာနသုတ် #facebookpost #facebookreelsviral #facebookviral #reelschallenge #reelvideospost
#သစ္စာလေးတန်ဆရာတော် #အရှင်အရိယဓမ္မ #shorts #youtube #foryou #formypage #youtubeshorts #youtube #youtubevideo #တရားတော်များ #buddhaquotes #buddha #buddhateachings #buddhistwisdom #သစ္စာလေးပါး #သစ္စာနိဒါန်း
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: