ငှက်မောင်နှံ သိန်းတန် (မြန်မာပြည်) (မူရင်း ဘိလပ်ပြန်သန်း) New Lyric & Music
Автор: သီချင်းကောင်းကင် သီချင်းမိုးတိမ်
Загружено: 2023-08-29
Просмотров: 805
Описание:
ရွှေတိုင်ညွန့် ၏ ငှက်မောင်နှံ
တေးသံရှင် သိန်းတန် (မြန်မာပြည်)
သာရကာ ပေါတယ် ပန်းစုံဖူး ထူးတဲ့မြိုင်လယ် လွန်သာမောဘွယ်
တောရွာကလေး အဝေးကမြင်တယ်
(လွမ်းစရာကောင်းတဲ့ စုံမြိုင်လယ် ကမ်းစောင်းနဘေးက ပျံ့မွှေးတယ် နှင်းဆီ ဒေါန ကြိုင်လှိုင်တယ် ပွင့်ပုံဆန်းတဲ့ ခိုင်ပန်းစပယ်)၂ အလွန်အေးချမ်းတဲ့ ရေချောင်းနဘေးက လှေလောင်းကလေးနဲ့ရယ် တကယ်အမူထူးတယ် ဘယ်သူမှမမူးဘွယ် လယ်ဘဒူ ခူးနေတယ် တကယ်မပျင်းကြဘွယ် သူငယ်ချင်းများနဲ့ လယ်ကန်သင်းနားကရယ် ပျိုအိုမလွတ်တယ် ထိုထိုကညွတ်ရယ် မှိုနတိုဆွတ်နေတယ်
*[သာရကာပျော်မြူးတယ် စုံခြေဦးကရယ် လွန်ကြည်နူးစေဘွယ် ထူးဆန်းတဲ့ပန်းမြိုင်လယ် ဘာသာဘာဝရယ် သာရကာကျေးငှက်ရယ် တိမ်ယံထက်မှာကွယ် တွဲယှက်တဲ့ငှက်မောင်မယ် တောမှာသာ သာယာတယ် ရွာစည်းရိုးပတ်လယ် ပျော်ရွှင်စရာပင် မြစ်ကမ်းနဘေးမှာ အဝေးကလဲမြင်တယ်ဘာသာဘာဝရယ် သာရကာကျေးငှက်ရယ် တိမ်ယံထက်မှာကွယ် တွဲယှက်တဲ့ ငှက်မောင်မယ်]
(စုံတောမြိုင်ဦး ထူးလှတယ် စိမ့်စမ်းရေမြေ စီးကျသွယ်)၂ (ပင်နန်း ရွှင်လန်း)၂ ပန်းပေါင်းစုံရယ် ဖူးပွင့်နေကြတယ် ရွှေကေသီ ဆင်မြန်းစေဘို့ရယ် (စိတ်လက်ရွှင်လန်း အေးချမ်းလှတယ် စားဘွယ်ပေါတဲ့ မြိုင်တောလယ်)၂ ရွာအနီးမှာ ကြီးမားတဲ့ ညောင်ပင်ကြီးတွေရယ် ရွာနဘေးမှာ အေးမြတဲ့ ဘွေအငူစောင်းမှာကွယ် ရွှေဥဒေါင်းနဲ့ ကြိုးကြာရယ် တွန်သံကြူးလို့ မြူးရှာတယ် သာရကာပေါတဲ့ တောခြေဝယ် မြင်သူတွေရယ် စိတ်ကြည်နူးဘွယ်
*[သာရကာ ပျော်မြူးတယ် ........... တွဲယှက်တဲ့ ငှက်မောင်မယ်]
(စုံမြိုင်လယ် မာဂဓာဘာသာနှော ပြောဆိုကာနေတယ်)၂ (တောဇရက်ကယ် တောကြက်ရယ် တောငှက်ရယ်)၂ (ပင်ထက်မှာရယ် မောင်မယ်ကြည်နူး ရွှင်မြူးပါလို့ ထူးအံ့သြဘွယ် သေလာတောင်စွယ်)၂ စုံမြိုင်ခြေ လမ်းကရယ် ဆန်းလှတယ် နေရီရီ တိမ်နီ တိမ်ပန်းတွေရယ် ညနေခင်း သင်းပျံ့တယ် နဲ့တောင်စွယ် တောမှာသာယာတယ် ရွာစည်းရိုးပတ်လယ် ပျော်ရွှင်စရာပင် မြစ်ကမ်းနဘေးမှာ အဝေးကလဲမြင်တယ် ဘာသာဘာဝရယ် သာရကာကျေးငှက်ရယ် တိမ်ယံထက်မှာကွယ် တွဲယှက်တဲ့ ငှက်မောင်မယ် .... ။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: