ycliper

Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
Скачать

မြို့တွေကို တော်လှန်ရေးအင်အားစုတွေ ရေရှည် ထိန်းချုပ်ပြီး လွတ်မြောက်နယ်တွေ ဖော်လာနိုင်မလား

Автор: BBC News မြန်မာ

Загружено: 2023-11-11

Просмотров: 585946

Описание: မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး သီတင်း နှစ်ပတ်ထဲ ဝင်လာချိန် ရှမ်းမြောက် ဒေသတွေမှာ မြို့သိမ်း တိုက်ပွဲတွေတွေ ဆက်လက် ပြင်းထန်နေပါတယ်။ မုန်းကိုးတိုက်ပွဲမှာ စစ်ကောင်စီ ခြေမြန် တပ်မ ၉၉ ရဲ့ တပ်မမှူး ကျဆုံးပြီး မြို့ကို လက်လွှတ်ရတာမျိုး စစ်ကောင်စီဘက်က ဆုံးရှုံး ခဲ့ပါတယ်။ ဒါ့အပြင် ကွမ်းလုံမြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲ ပြင်းထန်နေပြီး၊ မြို့ကို ထိန်းထားနိုင်ပြီလို့ ကိုးကန့်တပ် MNDAA က လောလောလတ်လတ်မှာပဲ ဘီဘီစီကို ပြောပါတယ်၊

၁၀၂၇ စစ်ဆင်ရေး နဲ့ ဟန်ချက်ညီစွာပဲ၊ စစ်ကိုင်းတိုင်း အထက်ဘက်မှာလည်း တော်လှန်ရေး အင်အားစုတွေက စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲတွေ ဆက်တိုက်ပြုလုပ်လာပြီး မြို့တချို့ကို ထိန်းချုပ်ထားလိုက်ပါတယ်။ ကရင်နီ ထဲမှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ရှိလာပါတယ်။

စစ်ကောင်စီကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ကာလုံလို့ ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ပါတယ်။ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေဟာ မူးယစ်ဆေး လုပ်ငန်းတွေကို တားဆီးနိုင်ဖို့ သူကိုယ်တိုင် ဦးဆောင်ပြီး တိုက်ထုတ်ခဲ့တဲ့ MNDAA အဖွဲ့က ကိုးကန့်ဒေသကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ လုပ်လာတဲ့ တိုက်ပွဲတွေ အဖြစ် စစ်ခေါင်းဆောင်က ပုံဖော် ပြောပါတယ်။ လိုအပ်တဲ့ လက်တုံ့ပြန်မှုတွေကိုလည်း လုပ်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်နေကြတဲ့ နိုင်ငံအနှံ့က အင်အားစုတွေကတော့ အဲဒီ ရှမ်းမြောက် ဒေသ တိုက်ပွဲတွေဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး အချိုးအကွေ့၊ နောက်တဆင့်ကို တက်လှမ်းသွားတာမျိုး ဖြစ်လာစေတယ်လို့ ရှုမြင်ကြပါတယ်။ ဒါ့ကြောင့်လည်း ဟန်ချက်ညီ စခန်းသိမ်း၊ မြို့သိမ်း ထိုးစစ်တွေ ဖော်လာကြပါတယ်။

ဒီတော့ လက်နက်ကိုင် တော်လှန်ရေးဟာ တကယ်ပဲ နောက် တဆင့်ကို ရောက်သွားပြီလား၊ မြို့သိမ်းတိုက်ပွဲ အသစ်အသစ်တွေ ထပ်ပြီး မြင်တွေ့လာရဦးမလား၊ မြို့ ရွာတွေကိုပါ ရေရှည်သဘော ထိန်းချုပ်ပြီး လွတ်မြောက်နယ်မြေတွေ၊ အခြေခံ ဒေသတွေ ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုး ရောက်လာနေပြီလား ... စတာတွေ အပေါ် ဒီတစ်ပတ် အစီအစဥ်ထဲ အသေးစိတ် ဆန်းစစ် သုံးသပ် သွားဖို့ ရှိပါတယ်။

ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Не удается загрузить Youtube-плеер. Проверьте блокировку Youtube в вашей сети.
Повторяем попытку...
မြို့တွေကို တော်လှန်ရေးအင်အားစုတွေ ရေရှည် ထိန်းချုပ်ပြီး လွတ်မြောက်နယ်တွေ ဖော်လာနိုင်မလား

Поделиться в:

Доступные форматы для скачивания:

Скачать видео

  • Информация по загрузке:

Скачать аудио

Похожие видео

© 2025 ycliper. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]