မြောက်ကိုရီးယား နိုင်ငံတော် အကြီးအကဲဟောင်း ကွယ်လွန် | People's Spring
Автор: People's Spring
Загружено: 2025-11-03
Просмотров: 6151
Описание:
မြောက်ကိုရီးယား နိုင်ငံတော် အကြီးအကဲဟောင်း ကွယ်လွန်
နိုဝင်ဘာ - ၄ ၊၂၀၂၅
မြောက်ကိုရီးယား နိုင်ငံတော် အကြီးအကဲဟောင်း ကင်မ်ယောင်နမ် ကွယ်လွန်သွားကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာက ကြေညာခဲ့ပါတယ်။
ကင်မ်ယောင်နမ်ဟာ ကင်မ်မင်းဆက်လို့ ခေါ်ဝေါ်ကြတဲ့ ကင်မ်မိသားစု ပြင်ပကနေ နိုင်ငံခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ မျိုးရိုးနာမည် ဆင်ပေမယ့် သူဟာ နိုင်ငံအာဏာကို ဆုပ်ကိုင်ထားတဲ့ လက်ရှိ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ မိသားစုဝင်တော့ မဟုတ်ပါဘူး။
ကင်ယောင်နမ်ဟာ ၁၉၉၈ ကနေ သူအနားယူတဲ့ ၂၀၁၉ ထိ မြောက်ကိုရီးယား နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် ရာထူးအပ်နှင်း ခံခဲ့ရပါတယ်။ သူ့ရဲ့ ရာထူးဟာ အဆောင်အယောင် သက်သက်သာ ဖြစ်ခဲ့တယ် ဆိုပေမယ့်လည်း ဝါရင့် သံတမန် အရာရှိကြီးဟာ နိုင်ငံခေါင်းဆောင် အနေနဲ့ အရေးပါတဲ့ သံတမန်ရေး လှုပ်ရှားမှုတွေမှာ ပါဝင် ပတ်သက်ခဲ့ပါတယ်။
ကင်မ်ယောင်နမ်ဟာ မြောက်ကိုရီးယား အဓိပတိ သုံးဆက်စလုံးရဲ့ လက်အောက်မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ပြည်သူ့ ညီလာခံချုပ် နိုင်ငံရေး ဦးဆောင်အဖွဲ့ အကြီးအမှူး အဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။ ကင်မ်ယောင်နမ်ဟာ နိုဝင်ဘာ ၃ ရက်နေ့တုန်းက အသက် ၉၇ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာဖြစ်တဲ့ KCNAက ဖော်ပြခဲ့ပါတယ်။
KCNAရဲ့ အဆိုအရ ကင်မ်ယောင်နမ်ဟာ အူမကြီး ကင်ဆာကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လကတည်းက ဆေးရုံတက်နေခဲ့ရပြီး နောက်ဆုံးမှာတော့ ကိုယ်တွင်းအင်္ဂါ အတော်များများ အလုပ်မလုပ်တော့ရာက ဆုံးပါးသွားခဲ့တာလို့ သိရပါတယ်။
ကင်မ်ယောင်နမ်ရဲ့ နာရေးကို အဓိပတိကြီး ကင်မ်ဂျုံအွန်းကိုယ်တိုင် သွားရောက်ပြီး ကြေကွဲဝမ်းနည်းမှုကို ပြသခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။
နိုင်ငံအာဏာကို မိသားစု တစ်ခုတည်းက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တဲ့ အထီးကျန် ကွန်မြူနစ် နိုင်ငံမှာ ကင်မ်ယောင်နမ် ရရှိခဲ့ဖူးတဲ့ ရာထူးဟာ ထူးခြားတယ်လို့ နိုင်ငံရေး သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။ ၁၉၉၈ ကနေ ၂၀၁၉ ခုနှစ်ထိ အတောအတွင်း မြောက်ကိုရီးယား အစိုးရ မီဒီယာတွေနဲ့ အစိုးရ စာရွက်စာတမ်းတွေမှာ နိုင်ငံတော် အကြီးအကဲအဖြစ် ရည်ညွှန်းခဲ့ကြပါတယ်။
သူ့ရဲ့ နိုင်ငံခေါင်းဆောင် ရာထူးဟာ အဆောင်အယောင် အဆင့်ထက် မပိုခဲ့ပေမယ့်လည်း ကင်မ်ယောင်နမ်ဟာ မြောက်ကိုရီးယားရဲ့ သံတမန် အသိုက်အဝန်းနဲ့ ပြည်ပရေးရာ အရာရှိတွေ အပေါ်မှာ ကြီးကြီးမားမား ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိခဲ့တယ်လို့ အမေရိကန် အခြေစိုက် Stimson စင်တာရဲ့ မြောက်ကိုရီးယားရေးရာ ကျွမ်းကျင်သူ မိုက်ကယ် မက်ဒမ်က ပြောကြားခဲ့ပါတယ်။
ကင်မ်ယောင်နမ်ဟာ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ရာထူးတချို့ တာဝန်ယူခဲ့ရင်း နိုင်ငံရဲ့ သံတမန် အခင်းအကျင်းအပေါ် အပြောင်းအလဲတွေ အများကြီး ဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ နိုင်ငံထူထောင်သူ ကင်မ်အီလ်ဆွန်းရဲ့ လက်ရုံးတစ်ဦး ဖြစ်လာခဲ့သလို ကင်မ်ဂျုံအီလ်ရဲ့ ယုံကြည် အားကိုးခြင်းကိုလည်း ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးရဲ့မြေးနဲ့သားဖြစ်တဲ့ လက်ရှိ အဓိပတိ ကင်မ်ဂျုံအွန်း လက်ထက်မှာလည်း ကင်မ်ယောင်နမ်ကို ဆက်လက် နေရာပေးခဲ့ပါတယ်။
မြောက်ကိုရီးယားမှာတော့ ကင်မ်မင်းဆက်ရဲ့ ခေါင်းဆောင် သုံးယောက်စလုံးက ဖယ်ရှားတာ၊ ရာထူးချတာ၊ စည်းကမ်းပိုင်း အရေးယူတာတွေ မကြုံရတဲ့ ရှားရှားပါးပါး ထိပ်တန်းအရာရှိ တစ်ဦးလို့ ကင်မ်ယောင်နမ်ကို မက်ဒန်က ရည်ညွှန်းခဲ့ပါတယ်။
လက်ရှိ ခေါင်းဆောင် ကင်မ်ဂျုံအွန်း လက်ထက်မှာလည်း သူဟာ မြောက်ကိုရီးယားရဲ့ သံတမန်ရေး မျက်နှာစာကို ဆက်လက် ဦးဆောင်ခဲ့ဖူးပြီး ၂၀၁၈ တုန်းက တောင်ကိုရီးယား ဆောင်းရာသီ အိုလံပစ်ကို တက်ရောက်ခဲ့တဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။
နိုင်ငံတော် အကြီးအကဲဟောင်း ကွယ်လွန်မှုအတွက် မြောက်ကိုရီးယားက နိုင်ငံတော် ဈာပန အခမ်းအနား ကျင်းပပေးဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။
ကိုးကာ -Reuters
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
/ subscribe
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: