လှဝင်းရဲ့ပေါင်ခွကြားကို ဒူးနဲ့တိုက်ပြီး ပြစ်ဒဏ်ကျူးလွန်တဲ့ ထိုင်းဖိုက်တာက နိုင်သွားလို့ ငြင်းစရာဖြစ်
Автор: Echo News
Загружено: 2025-10-11
Просмотров: 83
Описание:
လှဝင်းရဲ့ပေါင်ခွကြားကို ဒူးနဲ့တိုက်ပြီး ပြစ်ဒဏ်ကျူးလွန်တဲ့ ထိုင်းဖိုက်တာက နိုင်သွားလို့ ငြင်းစရာဖြစ်ရပြီ
------------------------------
ဒီညကျင်းပခဲ့တဲ့ Samui Super Fight ပြိုင်ပွဲမှာ လှဝင်းရဲ့ ပွဲရလဒ်က အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ မြန်မာဖိုက်တာ လှဝင်းကို အသက် ၁၇ နှစ်အရွယ် ထိုင်းဖိုက်တာလေး ဆင်းဒါအန်နဲ့ ပွဲတည်ပေးခဲ့တာပါ။ ဒီပွဲမှာ အသက် ၃၂ နှစ်အရွယ် ဝါရင့်ဖိုက်တာကြီးက ပွဲကိုထိန်းပြီး အစီးအနေအထားကနေ ထိုးသွားနိုင်ခဲ့ပါတယ်။ အင်းဒါဆန်ဟာ သူ့ရဲ့အားသာချက်ဖြစ်တဲ့ အရပ်အမောင်း မြင့်မားမှု၊ ခြေတံလက်တံ ရှည်လျားမှုကို အသုံးချပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ လှဝင်းဟာ အင်းဒါဆန်က ခြေကန်ချက်ထုတ်သုံးလာရင် ခြေထောက်ကို အမိဖမ်းပြီး လက်သီးတွဲလုံးတွေနဲ့ ပြန်တွယ်လိုက်တာကြောင့် ပထမပွဲချီအပြီးမှာ အမှတ်အရ အသာစီးဖြစ်သွားပါတယ်။ ဒုတိယပွဲချီမှာလည်း ပွဲကို အစီးကနေ လှဝင်းကပဲ ထိုးနေခဲ့တာပါ။ ဒီအချိန်မှာ ထိုင်းဖိုက်တာက လှဝင်းရဲ့ ပေါင်ခွကြား မတော်နေရာကို ဒူးနဲ့တိုက်လိုက်ပါတယ်။ အားပြင်းတဲ့အတွက် လှဝင်းဟာ ကြိုးဝိုင်းထက်မှာပဲ ပုံလျက်သား လဲကျသွားခဲ့တာပါ။ သူ့ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့ပေမယ့် အဆင်မပြေလို့ လှဝင်းဟာ ပေါင်ကွတအခြေအနေနဲ့ စင်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ်။ စင်အောက်မှာ ကုသမှုတွေ ဆက်လက်လုပ်ဆောင်ပေမယ့် လှဝင်းဟာ ပွဲထိုးဖို့ အဆင်မပြေခဲ့လို့ ပွဲကို ရပ်နားလိုက်ရပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ အငြင်းပွားစရာဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ပြစ်ဒဏ်ကျူးလွန်ပြီး လှဝင်းရဲ့ပေါင်ကြားကို ဒူးနဲ့တိုက်လိုက်တဲ့ ထိုင်းဖိုက်တာကို အရေးမယူတဲ့အပြင် အနိုင်ရရှိသူအဖြစ်ပါ သတ်မှတ်ပေးလိုက်လို့ပါပဲ။ လှဝင်းက သူ့အနေနဲ့ ပွဲဆက်ထိုးဖို့ အဆင်မပြေတော့တဲ့အကြောင်း အသိပေးလိုက်ပြီးတဲ့နောက်မှာ ပွဲကျင်းပသူတွေက ထိုင်းဖိုက်တာလေးကို ဒီပွဲရဲ့အောင်နိုင်သူအဖြစ် အငြင်းပွားဖွယ် သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။ ထိုင်းဖိုက်တာလေးကို အလဲထိုးနဲ့ အနိုင်ရရှိသူအဖြစ် ပွဲကျင်းပသူတွေက သတ်မှတ်ပေးသွားခဲ့တာပါ။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: