ချိပ်ပိတ်ခံထားရတဲ့ ကျနော့်အိမ်မှာ ကျားဖြန့်တွေထားတာ ရင်နာတယ် (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-11-28
Просмотров: 178418
Описание:
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်က အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ မြဝတီမြို့နယ်ရဲတပ်ဖွဲ့က ချိပ်ပိတ်သိမ်းဆည်းထားတဲ့နေအိမ်မှာ ဒီသတင်းပတ်အတွင်း ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အယောက် ၃၀ လောက်ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်သွားခဲ့ကြပါတယ်။
ဒီနေအိမ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသူလည်းဖြစ် ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သားတွေ အရေး ကူညီဆောင်ရွက်ပေးနေသူလည်းဖြစ်တဲ့ ကိုရဲမင်းရဲ့နေအိမ်ဖြစ်ကြောင်း သိရပါတယ်။ ကိုရဲမင်းကတော့ ဒီဖြစ်စဉ်ကို ဧရာဝတီ သတင်းမှာ ပါလာမှ သိလိုက်ရတာလို့ ပြောပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့ညပိုင်းမှာတော့ အဲ့ဒီနေအိမ်ကို အာဏာသိမ်းစစ်တပ်၊ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC) တို့က ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
၂၀၂၁ ခုနှစ် နှောင်းပိုင်းက စတင်ကာ ချိပ်ပိတ်သိမ်းဆည်းခံထားခဲ့ရတဲ့နေအိမ်မှာ ကျားဖြန့်တွေ ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရခဲ့တာဟာ ဘာကြောင့်ပါလဲ၊ ဘယ်သူတွေက နေထိုင်ခွင့်ပြုခဲ့တာလဲဆိုတဲ့အကြောင်းတွေကို သိနိုင်ဖို့ နေအိမ်ပိုင်ရှင်ကိုရဲမင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #ကျားဖြန့် #မြဝတီ #KNLA-PC #BGF #Scammer #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: