ဗန်းမော်က စခန်းငယ်အချို့ KIA သိမ်းပိုက်... ကပစ ၁၆ ရဲ့ ကာကင်းစခန်း AA သိမ်းပိုက်...
Автор: Htet Aung Kyaw
Загружено: 2026-02-01
Просмотров: 6825
Описание:
ဗန်းမော်က စခန်းငယ်အချို့ KIA သိမ်းပိုက်... ကပစ ၁၆ ရဲ့ ကာကင်းစခန်း AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁ ဖေဖေါ်ဝါရီ ၂၀၂၆)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ခ.လ.ရ (၄၇) တပ်ရင်းအနီးက ကာကင်းစခန်း ၃ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့မဟာမိတ်တွေက သိမ်းပိုက်ခဲ့ပြီး တင့်ကား တစီးကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်သတင်းဌာနတွေက ဖေါ်ပြပါတယ်။
ဇန်နဝါရီ ၂၉ မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ခလရ ၄၇ အနာက်ဘက် သုံးမိုင်၊ ကွက်သစ်ဘေးနားကနေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ဖက်ကတော့ Y-8 လေယာဉ်နဲ့ ခလရ ၄၇ ထဲ ရိက္ခာတွေ ချပေးနေတယ်လို့လည်းဆိုပါတယ်။
ဗန်းမော်က စခန်းသိမ်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KIA ပြောခွင့်ရဗိုလ်မှူူးကြီးနော်ဘူကို BNN က မေးတဲ့အခါ စခန်းကြီးတွေသိမ်းနိုင်တာမျိုးမရှိသေးဘဲ စစ်တပ်ဖက် ရှေ့ကို ကျွံနေတဲ့ ကာကင်းစခန်းထောက်တွေကို သိမ်းတာမျိုးတော့ ရှိတယ်လို့ပြောပါတယ်။
ဒါ့အပြင်...
ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ ရဲ့ ကာကင်းခစန်း ၆၆၆ ပွိုင့်ကုန်းကို AA အာရက္ခတပ်တော်နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီး စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများ...
ဖလမ်းမြို့နယ်ရှိ Sumhrang ရွာဖက်မှာ ယာယီစခန်းချထားတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ဝင်တိုက်ရာမှာ စစ်သား ၄ ဦးသေဆုံး...
အုတ်တွင်းမြို့နယ်၊ အုတ်တွင်း- ပေါက်ခေါင်း လမ်းဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၅၀ ခန့် သေပြီး လက်နက် ၁၀ ခန့် သိမ်းမိ...
၂၀၂၅ တနှစ်တာအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေါ်တပ်တွေကြား တိုက်ပွဲ ၂၀၀၀ ကျော်ဖြစ်ပွားပြီး စစ်တပ်ဖက်က ၁၅၀၀ ကျော်သေဆုံး၊ ခစန်းကြီး ၁၇ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
/ burmanewsnetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: