ညောင်ဦးတွင် စစ်ကော်မရှင်စစ်ကြောင်းမှ ရွာ ၃ရွာအား မီးရှို့ခဲ့ပြီး ဒေသခံ ၁၀၀၀၀ ကျော်ရှောင်တိမ်းနေရ
Автор: Nayyartakar Journal
Загружено: 2025-10-12
Просмотров: 7
Описание:
ညောင်ဦးတွင် စစ်ကော်မရှင်စစ်ကြောင်းမှ ရွာ ၃ရွာအား မီးရှို့ခဲ့ပြီး ဒေသခံ ၁၀၀၀၀ ကျော်ရှောင်တိမ်းနေရ
===========================================================
အောက်တိုဘာ-၁၃၊၂၀၂၅။
နေရာတကာဂျာနယ်။
မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်စစ်ကြောင်းမှ ရွာ ၃ရွာအား မီးရှို့ခဲ့ပြီး ဒေသခံ ၁၀၀၀၀ ကျော်ရှောင်တိမ်းနေရကြောင်း ရန်ကြီးအောင် PDF မှ ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းမှာ အောက်တိုဘာ ၉ရက်မှ စတင်ကာ ချောင်းရှည်ရွာမှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းကြောင့် အနောက်အုံရွာ၊ကန်ကြီးကုန်း၊သဲပြင်တော မန်းကျည်းတန်း၊ကျောက်ကန်၊ကန်နီပေါက်၊ဂျိုးကန်၊ကျောက်ပြင်ကန် စသည့် ရွာများမှ ဒေသခံ ၁၀၀၀၀ ကျော် တိမ်းရှောင်နေရခြင်း ဖြစ်သည်။
“တိမ်းရှောင်သွားတဲ့ရွာတွေက လူမရှိတဲ့နေအိမ်တွေပေါ် တက်ပြီး ပစ္စည်းတွေယူသွားတယ်၊နောက် အိမ်တွေကို မီးရှို့တယ်”ဟု စစ်ဘေးရှောင်တဦးမှ ပြောသည်။
လတ်တလောအတည်ပြုချက်များအရ အဆိုပါ စစ်ကြောင်းသည် ကန်နီပေါက်ရွာတွင် မီးရှို့ခဲ့သဖြင့် နေအိမ် ၁၇လုံး၊ဂျိုးကန်ရွာတွင် မီးရှို့ခဲ့သဖြင့် နေအိမ် ၈လုံး၊ကျောက်ပြင်ကန်ရွာတွင် မီးရှို့ခဲ့သဖြင့် နေအိမ် ၄လုံး မီးလောင်ပျက်ဆီးခဲ့ရသည်။
Nayyartakar News+
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: