ပင်ချင်းယှက်၍နွယ်ချင်းခက်သော် မာမာအေး
Автор: သီချင်းကောင်းကင် သီချင်းမိုးတိမ်
Загружено: 2023-11-29
Просмотров: 5536
Описание:
ပင်ချင်းယှက်၍နွယ်ချင်းခက်သော် Lyric & Music
တေးပြုစာဆို မောင်မောင်သီ
တေးသံရှင် မာမာအေး
• ပင်ချင်းယှက်၍နွယ်ချင်းခက်သော် မာမာအေး
မြန်မာ့အသံ Radio Alive Collections
(ခြေဆင်း) ဂနိုင်မြေ - မြိုင်ခြေတော .... သာမောဘွယ်ရာ × ရှုကြည့်၍မဆုံး .... တောလုံးလင်းဖြာ - သာသာယာယာ။
ပင်ရှည် - ပင်ပု အစုစုမြင်သောအခါများ × အသိတရား သိထားစိတ် ဘဝင်မှာ × ဟော - ဟိုမှာကြည့်စမ်းပါ - ပင်ခြေမြင့်မြင့် အဆင့်ဆင့် တက်ကာ × တပင်ထီးထီး သစ်ပင်ကြီးမှာ ကြီးမားခိုင်မာ ကြွားဝင့်ထယ်ဝါ × မြေမှာမပြိုလဲ ခိုင်မြဲစွာ အဓွန့်ရှည်ကြာ × ရှိလိမ့်မလားရယ်လို့ ထင်မြင် ယုံမှားဘွယ်ရာ .... သြော် - သို့ပါသော်လဲ မုန်တိုင်းကြမ်းကြမ်းတိုက်ခတ်ရမ်းလေသော် × မတ်တတ်ကယ်မနေသာ × မြေမှာပြိုလဲရရှာ။
တပင်ကိုတပင်ယှက် နွယ်ခက်၍သာ × တပင်အရိပ် တပင်ခိုကာ × စုပေါင်းညီညာ ရှိကြသောအခါ × ထာဝစဉ်စိမ်းလန်းစိုပြေစွာ × လေပြင်းမုန်တိုင်း တိုက်ခတ်သော်လဲ မတတ်သာ။
သည်ဥပမာ (လူဆိုသည်မှာ × တဦးတယောက်ထဲ ခွဲထွက်မနေသာ × အစဉ်အဆက် အခင်မပျက် - ယှဉ်တွဲသာ)၂ × (အန္တရာယ်ဟူသမျှ အတူတကွ တွန်းလှန်မှာ)၂ ×။
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: