ထိုင်းရောက်မြန်မာတွေကို ဒုက္ခပေးဖို့ စစ်ကောင်စီ ဆက်တိုက်ကြံစည် | People's Spring
Автор: People's Spring
Загружено: 2025-10-11
Просмотров: 12641
Описание:
ထိုင်းရောက်မြန်မာတွေကို ဒုက္ခပေးဖို့ စစ်ကောင်စီ ဆက်တိုက်ကြံစည်
နေ့သစ်/People’s Spring
အာဏာသိမ်းစစ်တပ်က ထိုင်းရောက်မြန်မာတွေကို ဒုက္ခပေးဖို့ ဒီလပိုင်းအတွင်းပိုလှုပ်ရှားလာပါတယ်။အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေ၊တော်လှန်ရေးကို အားပေးထောက်ခံတဲ့ ပြည်သူတွေအများအပြားရှိနေတဲ့ ထိုင်းရောက်မြန်မာတွေကို စစ်တပ်က ဖိနှိပ်ဖို့ကြံစည်နေတာက ကြာနေပြီဖြစ်ပါတယ် ။ ဒီလပိုင်းအတွင်းမှာတော့ စစ်တပ်က သူတို့လက်အောက်ခံ ပျူစောထီး ဘုန်ကြီး ပေါက်ကိုယ်တော်ကို အသုံးချပြီး ထိုင်းရောက်မြန်မာတွေကို အနေခက်အောင်လုပ်ဖို့ အရှိန်မြှင်လာတဲ့အကြောင်းပြောပြပါမယ် ။
■ ထိုင်းရောက်လာတဲ့ ပေါက်ကိုယ်တော်
ပြီးခဲ့တဲ့ ၄နှစ်ကျော်အတွင်းမှာ မန္တလေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်ပေးမယ့် ပျူစောထီးတွေမွေးထုတ်ပြီး ၊တော်လှန်ရေးအင်အားစုတွေ နဲ့ ပြည်သူတွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်ဟာ စက်တင်ဘာလဆန်းပိုင်းမှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားခဲ့ပါတယ်။
ဝပ်အာရွှန်(Wat Arun)ဘုရား၊ ဘန်ကောက်မြို့လယ်က ပန်းခြံ၊ စတားဘတ်ကော်ဖီဆိုင် နဲ့ မြန်မာလုပ်သားတွေ အများဆုံးရှိနေတဲ့ မဟာချိုင်ဒေသကို သွားတယ်ဆိုပြီး ပေါက်ကိုယ်တော်က စက်တင်ဘာ ၇ ရက်မှာ အသိပေးထားပါတယ်။
ဘန်ကောက်ကိုသွားပြီးထိုင်းအမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေး(နာမည်ပြောင်)နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အကြောင်းက နွေဦးတော်လှန်ရေး ထောက်ပို့လုပ်နေတဲ့ မြန်မာလုပ်သားတွေကို ရန်ရှာဖို့ နဲ့ စစ်မှုထမ်းဖို့ နေရပ်ပြန်ပို့ဖို့အတွက် ထိုင်းအာဏာပိုင်းတွေကို ဖိအားပေးဖို့ဖြစ်တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီဆောင်ရွက်နေသူတွေက သုံးသပ်ပါတယ်။
ပေါက်ကိုယ်တာ်ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေ သတိထားကြဖို့နဲ့ မကြာခင် အကုန်ပြန်ပို့ခံရမယ် စောင့်ကြည့်ကြလို့လည်း သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေလည်းခြိမ်းခြောက်ထားပါသေးတယ်။
ဘန်ကောက်မြို့တော်ကိုလာပြီးမြန်မာလုပ်သားအချို့ကို လိုက်လံရန်ရှာတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်တော်ကို ဝင်ရောက်ခွင့်ပေးတဲ့ ထိုင်းအာဏာပိုင်းတွေအပေါ် ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီဆောင်ရွက်နေသူတွေက ဝေဖန်ကြပါတယ်။
နွေဦးတော်လှန်ရေးရဲ့အဓိကထောက်ပို့ဖြစ်တဲ့ ပြည်ပရောက်မြန်မာတွေရဲ့ နိုင်ငံတွေထဲက ထိုင်းနိုင်ငံဟာ အရေးပါဆုံးဖြစ်ပါတယ်။ နိုင်ငံရေးကြောင့်တိမ်းရှောင်လာရသူတွေ၊ စစ်တပ်က အဓမ္မစစ်သားသစ်စုလို့ ထွက်ပြေးလာရသူတွေ ၊ရွှေ့ပြောင်းလုပ်ကိုင်သူတွေအတွက်အိမ်နီးချင်းနိုင်ငံတွေထဲမှာအဆင်အပြေဆုံးဖြစ်တာကြောင့်ပါ။
စစ်တပ်ခိုင်းစေတဲ့အတိုင်း ပေါက်ကိုယ်တော်ဟာထိုင်းနိုင်ငံမှာရှိနေတဲ့ထောက်ပို့တွေနဲ့ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို ဖိနှိပ်ဖို့လာရောက်ကြံစည်တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
“အနေကြပ်အောင်လုပ်တာတော့မဟုတ်ဘူး။ တကယ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်တာ။ အနေကြပ်လောက်အောင် လုပ်တဲ့သဘောဆိုရင် သူတို့ အဲဒီလောက်ထိအောင်တော့ ရုပ်ထွက်မပြဘူး။ သူတို့လည်း လုပ်လို့ရတာပဲလေ။ သူတို့လည်း ဒီဘက်မှာ အာဏာပိုင်တွေကို ပိုင်တာပဲ။ အခုတခါက ထိုင်းမှာရှိနေတဲ့ အစိုးရအဖွဲ့အစည်းနဲ့သူတို့နဲ့ တကယ်ကို လက်တွဲထားတယ်။ ထိုင်းအစိုးရဘက်ကနေပြီးတော့ ငါတို့နဲ့ ထိုင်းအစိုးရ ဒီလို Safe ဖြစ်တယ်ဆိုတာကို ပေါ်တင်လာပြတာ။ အစိုးရအဆင့်ကပြမရတော့ ဘုန်းကြီးကိုပြခိုင်းတာ။ ဒါပေမယ့် ဒီ့ထက်အခြေအနေ ဆိုးလာဖို့ရှိတယ်” လို့ ဦးခိုင်ကြီးက သုံးသပ်ပါတယ်။
ပေါက်ကိုယ်တော်လာတဲ့ ရည်ရွယ်ချက်ထဲမှာ ထိုင်းရောက်မြန်မာတွေထဲက အဓိကထောက်ပို့ဖြစ်တဲ့ “ကိုစည်” ဆိုသူကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့ခံရအောင် ဖိအားပေးဖို့လာတာလည်းဖြစ်နိုင်တယ်လို့ ဦးခိုင်ကြီးက သုံးသပ်ပါတယ်။
ဒါ့အပြင် ပေါက်ကိုယ်တော် ဘန်ကောက်ရောက်လာတာဟာ ထိုင်းအာဏာပိုင်တွေရဲ့ လက်ချက်မကင်းကြောင်းနဲ့ ထိုင်းအာဏာပိုင်တွေထဲမှာ စစ်ကောင်စီနဲ့ ပနာသင့်ပြီး အမျိုးသားရေးလုပ်နေသူတွေရှိတယ်လို့လည်း ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။
ထိုင်းနိုင်ငံစီးပွားရေးအတွက်လုပ်သားလိုအပ်ချက်ကိုအဓိကဖြည့်တင်းပေးနေတဲ့ မြန်မာလုပ်သားတွေကို အခက်တွေ့အောင်လုပ်မယ့် စစ်တပ်ကမွေးထားတဲ့ ဘုန်းကြီးကို ထိုင်းအစိုးရကအခုလိုခွင့်မပြုသင့်ဘူးလို့ သူကဆက်ပြောပါတယ် ။
ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ပေါက်ကိုယ်တော်ဟာ မန္တလေးတိုင်းအတွင်းက ပြည်သူ့စစ်တွေကို အဓိက ဦးစီးကိုင်တွယ်နေသူဖြစ်ပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ရှေ့တန်းစခန်းတွေဆီသွားပြီး တိုက်ခိုက်သတ်ဖြတ်ဖို့၊ နောက်မဆုတ်ကြဖို့နဲ့ အသေခံတိုက်ခိုက်ကြဖို့ မြှောက်ပင့်လှုံ့ဆော်နေသူဖြစ်ပါတယ်။
ပေါက်ကိုယ်တော်က ဦးသိန်းစိန်အစိုးရလက်ထက်ကမျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)၏ အဖွဲ့ဝင်ဖြစ်ပါတယ်။ ၂၀၁၈မှာ ဒီချုပ်အစိုးရပြုတ်ကျရေး မန္တလေးမြို့မှာ ဆန္ဒပြခဲ့သူလည်းဖြစ်ပါတယ်။ လက်ဦးဆရာဖြစ်တဲ့ ဦးဝီရသူဟာ စစ်တပ်အာဏာသိမ်းချိန်မှာ အကျဉ်းထောင်အတွင်းရောက်နေလို့ ပေါက်ကိုယ်တော်က ၂၀၂၁မှာ ရှေ့ထွက်လာခဲ့သူပါ။
ပေါက်ကိုယ်တော်ဟာ မန္တလေးတိုင်းမှာ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တွေ စတင်ဖွဲ့စည်းပြီးနောက် ၂၀၂၄ ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့မှာ စစ်တပ်ထောက်ခံရေးဆန္ဒပြစဉ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုကာ ဒုချုပ်စိုးဝင်းနဲ့ အစားထိုးဖို့ တောင်းဆိုဆန္ဒပြပြီးတဲ့နောက်မှာ ပေါက်ကိုယ်တော်ရဲ့ သြဇာက ပိုကြီးလာခဲ့ပါတယ်။ဒါပေမယ့်စစ်ကောင်စီက သူ့ကို ခေါ်သတိပေးခဲ့ပါတယ် ။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: