ကိုယ်တိုင်ပယ်ချခဲ့တဲ့ PR ဆေးကို ပြန်ဖော်သောက်နေရတဲ့ စစ်တပ်
Автор: Kachin Waves
Загружено: 2025-12-07
Просмотров: 316
Описание:
တပ်ပျက်ပါတီရုန်းထဖို့ လှည့်စားနေတဲ့ ရွေးကောက်ပွဲ အပိုင်း - ၃ (Podcast)
(ကိုယ်တိုင်ပယ်ချခဲ့တဲ့ PR ဆေးကို ပြန်ဖော်သောက်နေရတဲ့ စစ်တပ်)
𝗕𝘆 𝗞𝗪. 𝟴 𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 𝟮𝟬𝟮𝟱
▪︎ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ ကချင်ပြည်နယ် နိုင်ငံရေးနောက်ခံ
စစ်ခေါင်းဆောင်တွေရဲ့ ပါးစပ်ကနေ ထုတ်မပြောခဲ့ပေမဲ့ ရှုပ်ထွေးလွန်းတယ်ဆိုတဲ့အပြင် စစ်ခေါင်းဆောင်တွေရဲ့ ခံစားချက်က PRသာ ကျင့်သုံးလိုက်လို့ရှိရင် ၂၀၁၀ မှာ ပြည်ခိုင်ဖြိုး - USDP ပါတီက တခြားပါတီတွေကို နေရာတွေအများကြီး ခွဲပေးလိုက်ရမှာကို စိုးရိမ်စိတ်ရှိတဲ့သဘောလည်းရှိတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ထားချက်အရ လက်ရှိ ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်(၄)မြို့နယ်ရှိနေပေမဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ်နဲ့ ထွက်လာရမယ့် ကိုယ်စားလှယ်အရေအတွက် (၄) ဦးသာ လစ်လပ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ နယ်မြေတွေ လက်လွှတ်ထားရပေမဲ့ ကိုယ်စားလှယ်အရေအတွက် လျော့နည်းမှုကို ဖာထေးနိုင်အောင် စစ်ကော်မရှင်က PR စနစ်ကို ၎င်းတို့ပြဌာန်ထားတဲ့ “မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ” ဆိုတဲ့စကားရပ်နဲ့ ဆန့်ကျင်နေတယ်လို့ သုံးသပ်တွေ့မြင်ရပါတယ်။
အချိုးကျကိုယ်စားပြုမှု Proportional Representation - PR စနစ်ကို ရှုပ်ထွေးလွန်းတယ်၊ ကျင်းသုံးဖို့ မဖြစ်သေးဘူးလို့ ပယ်ချခဲ့ဖူးတဲ့ စစ်တပ်ဟာ အခုတော့၊ မဲဆန္ဒရှင်ပြည်သူတွေကို လွတ်လွတ်လပ်လပ် အသိပညာပေးခွင့် မရှိတဲ့ကာလမှာပဲ ပိုမိုရှုပ်ထွေးလွန်းတဲ့ ရွေးကောက်ပွဲစနစ်ကို စတင်ကျင့်သုံးဖို့ လုပ်လာကြတာဟာ စေတနာမှန် မဟုတ်သလို မှန်ကန်မျှတမှုလည်းမရှိတဲ့ စစ်အာဏာရှင်တည်မြဲဖို့ ဖော်သောက်နေရတဲ့ ဆေးတစ်ခုသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဆက်လက်ဖော်ပြသွားပါ့မယ်။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: