ကွေ့ချောင်း သို့မဟုတ် ဂွေးချောင်းခံတပ်
Автор: Ye Myint Aung CUPID
Загружено: 2018-06-03
Просмотров: 857
Описание:
ဂွေးချောင်းခံတပ်သည် မကွေးမြို့မှ ၁၂ မိုင်ခန့်အကွာ ဧရာဝတိီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ မင်းလှခံတပ်၏ အရှေ့တောင်ဘက် ဓါးလွယ်ခုတ် အနေအထားတွင် တည်ရှိပါသည်။ ဂွေးချောင်းခံတပ်ကို မင်းတုန်းမင်း၏ညီတော် ကနောင်မင်းသား၏ ကြီးကြပ်စီစဉ်မှုဖြင့် ပြင်သစ်နှင့် အီတလီ လူမျိုးများ ဖြစ်ကြသည့် ကိုမိုဟိုပယ်ရီ နှင့် မိုရီနာရီ တို့နှင့်အတူ မြန်မာအင်ဂျင်နီယာများ ပူးပေါင်း၍ ခရစ်နှစ် ( ၁၈၆၀ ) ခုနှစ်တွင် တည်ဆောက်ခဲ့ရာ ခရစ်နှစ် ( ၁၈၆၃ ) ခုနှစ်တွင် ပြီးစီးပါသည်။
ဂွေးချောင်းခံတပ်သည် အလျား ( ၂၇၅ ) ပေ အနံ ( ၁၅၅) ပေ ရှိ၍ အမြင့် ( ၁၂ ) ပေ ထု ( ၄ ) ပေရှိသော အုတ်တံတိုင်းဖြင့် ကာရံ တည်ဆောက်ထားပါသည်။ တံတိုင်း၏ အရှေ့ဘက် အနောက်ဘက် မြောက်ဘက် တို့တွင် အတွင်းမှနေ၍ ရန်သူအား တိုက်ခိုက်နိုင်ရန် အတွက် သေနတ်ပစ်ပေါက်များ စီမံထားရှိပြီး စုစုပေါင်း အပေါက်အရေအတွက် (၁၅၄) ခု ရှိသည်။ ခံတပ်၏အတွင်းသို့ ဝင်ရောက်ရန် အနောက်ဘက်တွင် တံခါးတံတိုင်း၏ အတွင်းပိုင်းတွင် စစ်သည်တော်များ နေထိုင်ရန် အဆောင်တန်းလျား ၂ ခု နှင့် အရာရှိဆောင် ( ၁ ) ခု ပြုလုပ်ထားပြီး အခန်း( ၁၃ ) ခန်း ပါရှိပါသည်။
အဆောင်တန်းလျားများ၏ အရှေ့ဘက်တွင် အကျယ် ( ၁၄ ) ပေ အလျား (၁၆၉ )ပေရှိသော ဥမင်တစ်ခု ပြုလုပ်ထားပြီး စစ်တိုက်ရာတွင် အသုံးပြုသော ဆင်များ ထားရှိသည့် အတွက် ဆင်ကျုံးဟု ခေါ်ကြသည်။ ဆင်ကျုံးအတွင်း နံရံ၏ အနောက်ဘက်ခြမ်းတွင် လက်နက်များ ထားရှိရန် လက်နက်တိုက် တစ်ခုနှင့် အရာရှိဆောင်၏ နောက်ဘက်နံရံတွင် လက်နက်တိုက်တစ်ခုကို စီမံပြုလုပ်ထားပါသည်။ ခံတပ်၏ တောင်ဘက်တွင် ဆင်ခြေလျော ပြုလုပ်၍ အုတ်ရိုးတန်းများ ကာရံထားသော မြေကတုတ် ၄ ဆင့် ပြုလုပ်ထားပါသည််။ အပေါ်ဆုံးထပ် အရှေ့ဘက်နေရာတွင် မျှော်စင်တစ်ခု ပြုလုပ်ထားပါသည်။ လက်ရှိအခြေအနေတွင် အုတ်ရိုးတန်းများသာ ကျန်ရှိသည်။
ခံတပ်တည်ဆောက်ထားပုံမှာ အဆင့် ၃ ဆင့်ရှိ ၍ ပထမအဆင့် သာလျင် မြေပေါ်တွင်တည်ရှိပြီး ကျန် ၂ဆင့်မှာ မြေကြီးအောက်တွင် ဖြစ်ပါသည်။ မြေအောက်ခံတပ်၏ အလယ်တွင် ရေသိုလှောင်ထားရှိရန် အလျား( ၇၂) ပေ အနံ(၁၇)ပေ အနက်(၈၅)ပေရှိသည့် မြေအောက်ရေကန် တစ်ခုကိုလည်း စနစ်ကျစွာ တည်ဆောက်ထားသည်။
ဂွေးချောင်းခံတပ်ကို ဇယားဝင်အဆောက်အအုံအဖြစ် သတ်မှတ်၍ (၁၉၅၇) ခုနှစ်မှ ယနေ့အချိန်ထိ ရှေးဟောင်းသုသေသန အမျ်ိုးသားစာကြည့်တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်း စောင့်ရှောက်လျက် ရှိပါသည်။
*********
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: