ငါးကလေးအိုး ကပ် Small Fish Masala
Автор: Cook for K1
Загружено: 2023-06-12
Просмотров: 37272
Описание:
ဒီတခါ ငါးကလေးတွေကို မွှေးမွှေးလေးချက်စားမယ်။
မြန်မာဟင်းတွေရဲ့ ထုံးစံအတိုင်း ကြက်သွန်နီ။ ကြက်သွန်ဖြူနဲ့ ချင်း ကို ကြိတ်ထား သို့မဟုတ် ထောင်းထားပေးပါ။ မန်ကျည်းသီးအနည်းငယ်ကိုလည်း ရေဆေးပြီး ရေစိမ်ထားပေးပါမယ်။
ရှမ်းနံနံ ၁စီးကို ရေဆေးပြီး လှီးဖြတ်ထားပေးပါ။
ငါးလေး တွေကိုတော့ ငါးဇင်ရိုင်း ကို ကျွန်တော် သုံးထားပါတယ်။ ငါးတွေကို ရေဆေးပြီးရေစစ်ထားပေးပါ။ ငါးထဲကို အရသာမှုန့် (မစားရင် မထည့်ပါနဲ့) ။ ဆား။ နနွင်းမှုန့် နဲ့ သံပရာသီး တခြမ်းလောက် ညှစ်ထည့်ပြီး နာရီဝက်လောက်နှပ်ထားပေးပါ.
ဒယ်အိုးထဲမှာ ဆီ ထည့်ပြီး ဆီပူလာပြီဆိုရင် ထောင်းထားတဲ့ ကြက်သွန်နီ။ဖြူ။ချင်း ကိုထည့်ပြီး မီးအေးအေးနဲ့ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ မွှေးလာရင် ငရုတ်သီးအရောင်တင်မှုန့် ထည့်မယ်။ ငါးမဆာ အနည်းငယ်ထည့်မယ်။ (ငါးဟင်းချက် ရန်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ မဆလာပါ TOP တံဆိပ် ငါးမဆာကိုသုံးထားပါတယ်)
ပြီးရင် ငါးတွေထည့်မယ်။
ဟင်းအနှစ်တွေနဲ့ ခဏလေး လုံးချက်ချက်ပြီးရင် မန်ကျည်းရည်လောင်းထည့်ပေးပါ။
သတိထားရမှာက ငါးတွေ မကြေစေဖို့ ခပ်ဖွဖွပဲမွှေပေးပါ။ မန်ကျည်းရည်ခမ်းပြီး ဆီပြန်လာရင် ငါးငံပြာရည် ၁ ဇွန်းလောက်ထည့်မယ်။ ခဏမွှေပြီးရင် ရှမ်းနံနံလေးအုပ်လိုက်ရင် မွှေးပြီးစားကောင်းတဲ့ ငါးကလေး အိုးကပ် ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: