ပုပ္ပါးတောင်မကြီး ထိပ်ဆီ | Trek to the Popa Summit
Автор: Thiha, the Traveller
Загружено: 2022-06-27
Просмотров: 109459
Описание:
ပုပ္ပါးတောင်လို့ ပြောလိုက်ရင် အများစုက ပုပ္ပါးတောင်ကလပ်ကို မြင်ယောင်တတ်ကြပါတယ်။ တောင်တက်အားကစားလုပ်လို့ကောင်းတာက ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၄,၉၈၁ ပေရှိတဲ့ ပုပ္ပါးတောင်မကြီး ပါ။ မီးငြိမ်းတောင်ကြီး ဖြစ်တဲ့ ပုပ္ပါးတောင်မကြီးထိပ်ဆီကို တက်ကြည့်ချင်စိတ် အမြဲရှိပေမယ့် အကြောင်းမတိုက်ဆိုင်လို့ မတက်ဖြစ်ခဲ့တာ အခုတော့ One Myanmar Adventure အဖွဲ့ရဲ့ အစီအစဉ်နဲ့ တက်ရောက်နိုင်ခဲ့ပါတယ်။ ပုပ္ပါးတောင်တက်ခရီးစဉ်ဟာ အရမ်းကြီး ပင်ပန်းတာမျိုးမရှိဘဲ ပုံမှန်အားကစားအလေ့အကျင့်ရှိရင် တက်ဖို့လွယ်ကူတဲ့ တောင်တက်ခရီး ဖြစ်ပါတယ်။ တောင်တက်ချိန်ကလည်း ပုံမှန်သက်လုံနဲ့ဆို စုစုပေါင်း အချိန် ၃ နာရီ နဲ့ ၄ နာရီကြားပဲ ကြာတာဖြစ်လို့ နေ့တစ်ပိုင်းနဲ့တင် တောင်ထိပ်ရောက်ရှိနိုင်ပါတယ်။ ဒီ ပုပ္ပါးတောင်တက်ခရီးအကြောင်းလေးကို ဒီ ဗီဒီယိုလေးကနေ ဝေမျှပေးလိုက်ပါတယ်။
.
ပုပ္ပါးတောင်မကြီး ကို ကျွန်တော့်လို One Adventure Myanmar နဲ့အတူ တက်ရောက်လိုရင် အနည်းဆုံး (၂) ဦး က စလို့ စီစဉ်ပေးနေပါတယ်။ ဟိုတယ်၊ အစားအသောက်၊ Spa နဲ့ ယောဂ ဝန်ဆောင်မှုတွေ အပါအဝင် ၂ ညအိပ်ခရီးကို တစ်ဦး ၁၉၀,၀၀၀ ကျပ် ကနေ စလို့ စီစဉ်ပေးသလို၊။ ကျန်တာမိမိအစီအစဉ်နဲ့ စိတ်ကြိုက်ရွေးချယ်ပြီး တောင်တက်ခရီးပဲ သီးသန့် လုပ်ဆောင်မယ်ဆိုလည်း စီစဉ်ပေးပါတယ်။ ကျွန်တော့်ရဲ့ စာမျက်နှာက ခရီးသွားမိတ်ဆွေတွေကိုတော့ အထူး အစီအစဉ်အနေနဲ့ ၅% လျှော့ပေးမယ့် အစီအစဉ်လည်း ရှိသေးတာမို့ စိတ်ဝင်စားသူတိုင်း ကျွန်တော့်ကို မက်ဆေ့ချ် ပို့ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ....
.
အားလုံးကျန်းမာဘေးကင်း စိတ်ရွှင်လန်းကြပါစေ
သီဟလုလင် (Thiha, the Traveller)
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: