ycliper

Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
Скачать

မြေပုံမြို့နယ်၊ယောချောင်းဗျူဟာကုန်းနှင့်စခန်းကုန်းများကို ရက္ခိုင့်တပ်တော်-AA ကတိုက်ခိုက်သိမ်းပိုက်

AA

Arakanarmy

စကစ

စစ်ကောင်စီ

တိုက်ပွဲ

ရက္ခိုင့်တပ်တော်

ရခိုင်

သတင်း

လူထုခေတ်

Автор: Lu Htu Khit (လူထုခေတ်)

Загружено: 2024-01-26

Просмотров: 22

Описание: မြေပုံမြို့နယ်၊ယောချောင်းဗျူဟာကုန်းနှင့်စခန်းကုန်းများကို ရက္ခိုင့်တပ်တော်-AA ကတိုက်ခိုက်သိမ်းပိုက်၊စစ်ကောင်စီတပ်သာများ စခန်းစွန့်ကာဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းမီးရှို့ထွက်ပြေး

ဇန်နဝါရီ ၊ ၂၇ ၊ ၂၀၂၄
လူထုခေတ်

ရက္ခိုင်ပြည်နယ်၊မြေပုံမြို့နယ်တွင် စစ်ကောင်စီ၏ ယောချောင်းဗျူဟာကုန်းနှင့် စခန်းကုန်း များကို ရက္ခိုင့်တပ်တော်-AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားများက ၁၂၂ ဟောင်ဝစ်ဇာ အမြောက်နှင့် လက်နက်ခဲယမ်းများကို မီးရှို့ပြီး စခန်းစွန့် ထွက်ပြေးသွား ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက မြေပုံမြို့နယ်ရှိ စစ်တပ်၏ ယောချောင်း ဗျူဟာကုန်းတစ်ခုကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ စစ်တပ်က “ယောချောင်းဗျူဟာကုန်း” နှင့် ၎င်းအနီးအနားရှိစခန်းကုန်းများမှ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါ မီးရှို့ ဖျက်ဆီး ခဲ့ပြီး စခန်းကိုစွန့်ကာ စစ်သင်္ဘော ၂ စီးဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“တော်လှန်ရေးအဖွဲ့တွေအားဖြင့် စစ်ရေးအရ အားသာမှုအများကြီးရှိတယ်။ကျနော်တို့အဖွဲ့တွေကိုတောင်မှ စကစ ကနေ CDM လုပ်ဖို့ဆက်သွယ်လာတာမျိုးတွေရှိတယ်။ကျနော်တို့ဘက်မှာလည်း အခက်ခဲတွေက အင်တာနက်မရတာ လိုင်းအဖြတ်ခံထားရတာတွေရှိတယ်။ပြောရရင်တော့ ရက္ခိုင်မှာ တော်တော်များများ သူတို့(စကစ)အဝိုင်းခံထားရပြီ လက်နက်ချမှပဲ ရမယ်။ကျနော်တို့အနေနဲ့က ကျန်ရှိနေတဲ့ စစ်သားတွေကို ပြည်သူ့ရင်ခွင်ကို ခိုလှုံစေချင်တယ်။သူတို့လုပ်နေတဲ့အလုပ်က တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေတာလား။ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေတာလားဆိုတာသိသင့်ပြီထင်ပါတယ်။စစ်ကောင်စီ လက်တဆုပ်စာခေါင်းဆောင်ပိုင်းရဲ့ အကျိုးစီးပွားကို ကာကွယ်နေမယ်ဆိုရင်တော့ သူတို့လုပ်တဲ့လုပ်ရပ်ကလွဲနေပြီဆိုတာကို အချိန်ကာလအားဖြင့်သိမြင်နိုင်မှာပဲဖြစ်တယ်လို့ မြင်ပါတယ်”ဟု PIA/PIO(ပြည်သူ့လွတ်လပ်ရေးတပ်တော်/ပြည်သူ့လွတ်လပ်ရေးအဖွဲ့)မှ ဗဟိုကော်မတီဝင် ရဲဘော်မိုးနေလ က သုံးသပ်ပြောဆိုထားသည်။


ထိုသို့ စခန်းစွန့်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်- AA က လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ပေါ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။
#တိုက်ပွဲ #ရက္ခိုင့်တပ်တော် #AA #arakanarmy #ရခိုင် #စကစ #စစ်ကောင်စီ #လူထုခေတ်

Не удается загрузить Youtube-плеер. Проверьте блокировку Youtube в вашей сети.
Повторяем попытку...
မြေပုံမြို့နယ်၊ယောချောင်းဗျူဟာကုန်းနှင့်စခန်းကုန်းများကို ရက္ခိုင့်တပ်တော်-AA ကတိုက်ခိုက်သိမ်းပိုက်

Поделиться в:

Доступные форматы для скачивания:

Скачать видео

  • Информация по загрузке:

Скачать аудио

Похожие видео

© 2025 ycliper. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]