ISEC Myanmar | Glaucoma
Автор: ISEC Myanmar
Загружено: 2022-05-31
Просмотров: 2624
Описание:
မျက်စိရောဂါဝေဒနာများထဲမှ အဖြစ်များသော ရေတိမ်ရောဂါအကြောင်းကို ဝေမျှပေးပါရစေရှင် ~
၁။ ထောင့်ကျယ်ရေတိမ်ရောဂါသည် မည်သည့်ရောဂါလက္ခဏာမှ စောလျှင်စွာ မပြပါ။
၂။ နာကျင်၊ မှုန်ဝါး၊ နီရဲခြင်းများ လုံးဝမဖြစ်ပေါ်ပါ။
၃။ နောက်ဆုံးအဆင့် အာရုံကြော ချို့ယွင်း၍ မြင်ကွင်းနှင့် အမြင်အား သိသာစွာ ကျဆင်းမှသာလျှင် ရောဂါရှိကြောင်း သတိပြုမိနိုင်ပါသည်။
၄။ ထို့ကြောင့် ထောင့်ကျယ်ရေတိမ်သည် မျက်စိကျန်းမာရေးပုံမှန်စစ်ဆေးမှသာလျှင် သိရှိနိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။
ရေတိမ်ရောဂါအဖြစ်များနိုင်သူများမှာ ~
၁။ မိသားစုမျိုးရိုးတွင် ရေတိမ်ရောဂါရှိသူများ
၂။ ဆီးချိုသွေးတိုးရှိသူများ
၃။ မျက်မှန်ပါဝါများသူများ
၄။ အသက်ကြီးသူများ
၅။ Steroid ဆေးကြာရှည်သုံးစွဲသူများ
၆။ ရေပေါင်ချိန်များပြီး မျက်ကြည်လွှာပါးသူများ
၇။ မျက်လုံးသွေးကြောပိတ်ဖူးသူများပဲဖြစ်ပါတယ်။
ရေတိမ်ရောဂါဖြစ်ပွါးနေပါက ကုသနိုင်သောနည်းလမ်းများမှာ ~
၁။ မျက်စဉ်းခတ်ခြင်းနှင့် ဆေးသောက်ခြင်း
၂။ လေဆာပစ်ခြင်း နှင့်
၃။ ခွဲစိတ်ကုသခြင်းတို့ပဲဖြစ်ပါတယ်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဟု ဆိုသည့်အတိုင်း
ရေတိမ်ရောဂါဖြစ်ပွါးနိုင်သည်ဟု သံသယ ရှိသည်နှင့်
၁။ စောလျှင်စွာသိရှိနိုင်ရန် မျက်စိ ဆရာဝန်နှင့် သေချာစမ်းသပ်ခြင်း
၂။ ထောင့်ကျဉ်းရေတိမ်အား ကြိုတင်လေဆာပစ်၍ ကာကွယ်ခြင်းတို့ဖြင့်ကြိုတင်ကာကွယ်ကုသနိုင်ပါသည်။
#ISEC_Myanmar #ISEC
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: