ycliper

Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
Скачать

စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်

Автор: Wisdomeyes

Загружено: 2021-11-14

Просмотров: 208

Описание: #စိတ်ချမ်းသာမှကိုယ်ကျန်းမာမည်
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#wisdomeyes55
#သီတဂူဆရာတော်ဘုရားကြီး
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
#ကြာနီကန်ဆရာတော်ဘုရား
#မစ္ဇျိမဂုဏ်ရည်ဆရာတော်
#ဒယ်အိုးဆရာတော်
#သစ္စာရွှေစည်ဆရာတော်အရှင်ဥတ္တမ
#ဓမ္မကထိကဆရာတော်များ
#တရားတော်များ
#ပရိတ်တရားတော်များ
#ပဌာန်းတရားတော်


#လောကမှာ စိတ်ဓာတ်အကျဆုံး အချိန်က#
ဘယ်အချိန်တုန်းဆိုရင် မကျန်းမမာဖြစ်တဲ့အချိန်ပဲ ဖြစ် တယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အဲဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ စဉ်းစား ရ မယ်။စိတ်ဓာတ်ကျနေတာ အဖြေလားလို့။ အဖြေ မဟုတ်ဘူး။

စိတ်ဓာတ် ကျနေရမယ့် အစား လုပ်သင့်တာ လုပ်ဖို့ကပိုအရေးကြီးတယ်။

လောကကြီးမှာ အဆိုးဆုံး ကြုံတွေ့တဲ့ အခါ အကောင်းဆုံး ဖြစ်အောင် ကြိုးစားအားထုတ်
ရမယ်။

မြတ်စွာဘုရား ဂိလာနသုတ္တန် မှာ ဟောထားတာ ကို နာယူ မှတ်သားကြည့်ပါ။

လောက လူသား တွေဟာ ကျန်းမာတဲ့အခါ ရှိ သလို မကျန်းမာတဲ့အခါ ရှိတယ်။

ကျန်းမာနေတဲ့ အခါမှာ လူတွေဟာ ပျော်ရွှင်နေ တော့ ဘာလုပ်လုပ် အဆင်ပြေနေကြတယ်။

အဆင်ပြေနေပြီဆိုရင် ပျော်စရာတွေကလွှမ်းမိုး နေတာမို့ အားကိုးရာ သိပ်မရှာကြဘူး။

မကျန်းမမာ ဖြစ်လာပြီဆိုရင်တော့ စိတ်ဓာတ် ကျ လာ ကြတယ်။အားကိုးရာ ရှာလာကြတယ်။

ကိုယ်ရော သူရောအတူတူပဲ ဖြစ်တယ်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုလည်း
နာ ယူ မှတ်သားခြင်းဖြင့် အကျိုးရှိအောင် လုပ်ရ မယ်။

ရောဂါဆိုတာ လူတိုင်းမှာ ရှိတာ။ ဘုန်းကြီးတို့မှာ
လည်း ရောဂါဝေဒနာတွေဟာ ရှိနေတာပဲ။

မရှိဘူးမဟုတ်ဘူး။အသက်(၆ဝ)လောက်ကစပြီး ဒီ ဇက်ရောဂါဖြစ်လာတာ ပင်ပန်းဆင်းရဲမှုကို အမြဲ တမ်းခံရတယ်။

လူကြားထဲ သွားတာပဲဖြစ်စေ၊ကိုယ့်ဟာကိုယ် နေ ရင်း ထိုင်ရင်းဖြစ်စေ ကိုယ့်ကိုယ်ကို ထိန်းပြီး နေ ရ တဲ့ ပင်ပန်းတဲ့ ဆင်းရဲဒုက္ခ ဟာ သေးတာ မဟုတ် ဘူး။

ဘာပဲဖြစ်ဖြစ် ဒါတွေကို မေ့ထားနိုင်ဖို့ အတွက် အကျိုး ရှိတဲ့ အလုပ်တစ်ခုကို လုပ်နေဖို့ အရေး ကြီး တယ်။

မြတ်စွာဘုရား ဟောကြားတဲ့ ဒီသုတ္တန် ဟာ မှတ် သား နာယူဖို့ အလွန်ကောင်းတဲ့ သုတ္တန်ဖြစ်တယ်။

ဂိလာနသုတ်လို့ခေါ်တယ်။
ဂိလာနဆိုတာ မကျန်းမာ သူလို့အဓိပ္ပာယ်ရတယ်။

လူတိုင်းလူတိုင်းဟာ အမြဲတမ်း ကျန်းမာ နေတာ မဟုတ်ဘူး။ မကျန်းမာတဲ့အခါ ရှိတယ်။

အသက်အရွယ် ကြီးလာရင်လည်း ကျန်းမာမှု ဆို တာလျော့နည်းလာတတ်တယ်။မကျန်းမမာ ဖြစ် လာ တတ်တယ်။

လူတိုင်းလူတိုင်းမှာ အမေအို၊အဖေအို၊အဖိုးအဖွား အိုမင်း မစွမ်း ပုဂ္ဂိုလ်တွေ ရှိလာတတ်တယ်။

မိဘ ဘိုးဘွားတွေ မကျန်းမမာလို့ ပြုစု နေရတဲ့ အခါ၊မိမိကိုယ်တိုင် မကျန်းမမာဖြစ်နေတဲ့အခါ ဘဝ မှာ lonelyဖြစ်လာတတ်တယ်။

အဲဒီအခါ ဘာနှလုံးသွင်းသင့်သလဲ။ဘာနဲ့ နေမလဲ ဆိုတာဟာ အရေးကြီးတယ်။

အဲဒီအချိန်မှ အပျော်ရှာလို့ မဖြစ်ဘူး။ အပျော် ရှာ နေရင်ပိုဆိုးသွားမှာပဲ ဖြစ်တယ်။

ဒါကြောင့်မို့ “မကျန်းမာ သူများ အတွက် အထူး နှလုံးသွင်းတရား” ကို မြတ်စွာဘုရား ဟောကြားခဲ့ တာ ဖြစ်တယ်။

လောကမှာ လူတိုင်းလူတိုင်းဟာ ထာဝရ ကျန်းမာ
နေကြမှာ မဟုတ်ဘူး။
မကျန်းမာဘူးဆိုရင် “ဘာလုပ်မလဲ”။

မြတ်စွာဘုရားရဲ့ အဆုံးအမတရားကို မှတ်သားနာ ယူထားကြရမှာ ဖြစ်တယ်။

မြတ်စွာဘုရားက “ချစ်သားရဟန်းတို့၊ဒီလိုမကျန်း မမာဖြစ်ပြီး အလွန့် ကို အားနည်းနေတဲ့ ဂိလာန ရဟန်း မျိုးကို ဒီနှလုံးသွင်းတရား ငါးမျိုးက စွန့်ခွါ မသွားဘူးဆိုရင် မကြာမီ အာသဝကင်းကွာ ရဟန္တာ ဖြစ် ဖို့မျှော်လင့်နိုင်တယ်”။

ဆိုလိုတာက ဒီနှလုံးသွင်းတရား ငါးမျိုးဟာမကျန်း
မမာဖြစ်နေတဲ့ ပုဂ္ဂိုလ်နဲ့ အတူတကွ ရှိနေမယ် ဆို လို့ ရှိရင် ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခုကို ရ နိုင် တယ်။

“သူ့ သန္တာန်မှာရှိတဲ့ ကိလေသာ အာသဝတွေကို ကင်းကွာပြီးတော့ ရဟန္တာအဖြစ်ထိအောင် ရောက်နိုင်တယ်”။

ရဟန္တာဖြစ်နိုင်တဲ့ ဒီ နှလုံးသွင်းတရားတွေကို နှလုံး သွင်းဖို့ လိုအပ်တယ်လို့ ဆိုလိုတာ ဖြစ်တယ်။

ကိုယ် ချစ်ခင်သူ ရဲ့ သေဆုံးခြင်းကြောင့် သောက
ဖြစ်သွားမယ် ဆိုလို့ရှိရင်လည်း လမ်းချော်သွား ခြင်း သာဖြစ်တယ်။

ကိုယ်နဲ့မုန်းတဲ့ပုဂ္ဂိုလ်၊မတည့်တဲ့ ပုဂ္ဂိုလ်ရဲ့ သေ ခြင်း ကို ကြည့်ပြီး ဝမ်းသာမှုဖြစ်ရင်လည်း လမ်း ချော်ခြင်းပဲဖြစ်တယ်။

ကိုယ်နဲ့လုံးဝမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သေ ဆုံး ခြင်း ကို ကြည့်ရင်လည်း သံဝေဂမဖြစ်ဘူးတဲ့။

ဒါကြောင့်မို့လို့ သေဆုံးခြင်းနဲ့ ပတ်သက် လာလို့ ရှိရင်သံဝေဂဖြစ်ရမယ်။အသိဉာဏ်ဖြစ်ရမယ်လို့ ဒီလို ဆိုလိုတယ်။

မသေခင်ကြိုတင်ပြီး လုပ်ရမယ့် ကိစ္စတွေကို
ကြိုတင် ပြင်ဆင်ပြီး လုပ်လေ့လုပ်ထရှိခြင်းဟာ အင်မတန်မှ စိတ်နှလုံးအေးချမ်းမှုကို ဖြစ်ပေါ် စေ တယ် လို့ ဒီလိုဆိုတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော်ဘုရား၏#တရားမှတ်စု#

Не удается загрузить Youtube-плеер. Проверьте блокировку Youtube в вашей сети.
Повторяем попытку...
စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်

Поделиться в:

Доступные форматы для скачивания:

Скачать видео

  • Информация по загрузке:

Скачать аудио

Похожие видео

ကျန်းမာရေးနှင့်ဓမ္မဒေသနာဆေး #တရားတော် #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး #wisdomeyes55

ကျန်းမာရေးနှင့်ဓမ္မဒေသနာဆေး #တရားတော် #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး #wisdomeyes55

အကြောင်းသမုဒယနှင့်အကျိုးဒုက္ခဖြစ်ပုံ တရားတော် # မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး #wisdomeyes55

အကြောင်းသမုဒယနှင့်အကျိုးဒုက္ခဖြစ်ပုံ တရားတော် # မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး #wisdomeyes55

"အရေးကြီးတာ လုပ်ဖြစ်အောင်လုပ်ပါ" ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ

Срочное обращение президента / Внезапные протесты против власти

Срочное обращение президента / Внезапные протесты против власти

အိပ်ယာဝင်ခက်ခဲနေသူများ နားထောင်ပါ #views #anime #knowledge #duet #တရားတော်များ #ပါချုပ်ဆရာတော်တရား

အိပ်ယာဝင်ခက်ခဲနေသူများ နားထောင်ပါ #views #anime #knowledge #duet #တရားတော်များ #ပါချုပ်ဆရာတော်တရား

🎼 Healing Piano with Birds for Focus | Enhance Mental Clarity and Quick Recovery 🌼🌿✨

🎼 Healing Piano with Birds for Focus | Enhance Mental Clarity and Quick Recovery 🌼🌿✨

Surah AL-Kahf سورة الكهف كاملة By Mishary Rashed Alafasy بصوت مشاري راشد العفاسي

Surah AL-Kahf سورة الكهف كاملة By Mishary Rashed Alafasy بصوت مشاري راشد العفاسي

Разрушительный Удар По Промышленному Потенциалу💥🏭 Новоукраина Пала⚔️ Военные Сводки За 29.06.2025 📅

Разрушительный Удар По Промышленному Потенциалу💥🏭 Новоукраина Пала⚔️ Военные Сводки За 29.06.2025 📅

50 Classical Music Masterpieces for Studying & Reading: Mozart, Beethoven, Schubert, Chopin, Bach

50 Classical Music Masterpieces for Studying & Reading: Mozart, Beethoven, Schubert, Chopin, Bach

Как Северная Корея зарабатывает миллиарды (feat. Ланьков)

Как Северная Корея зарабатывает миллиарды (feat. Ланьков)

© 2025 ycliper. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]