ycliper

Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
Скачать

ရင်မှာပိုက်ပါလို့ - ခင်ခင်ထူး

Автор: Myanmar Audio Book Library

Загружено: 2023-08-04

Просмотров: 6479

Описание: ရင်မှာပိုက်ပါလို့
===========
မိဆောင်းက တောသူဆိုပေမယ့် လည်ပါတယ်တော့။ လည်မှာပေါ့။ မိဆောင်းတို့ ရွာက မန္တလေး - မတ္တရာရထားလမ်းဘေးမှာ ရှိတယ်။ တစ်နေ့ သုံးခေါက်နှုန်း ပြေးဆွဲနေတဲ့ ရထားကြီးပေါ်မှာ နေ့တိုင်း မိဆောင်း ဈေးလိုက်ဝယ်နေကျကိုး။ မနက်ရထားနဲ့ မန္တလေးကို ဈေးလိုက်ဝယ်၊ နေ့ လယ်ရထားနဲ့ ပြန်လာ။ ညနေ ရွာထဲ ဈေးလည်ရောင်းနဲ့၊ အမေနဲ့ မောင်လေးကို မိဆောင်း လုပ်ကျွေးနေတာ။

မိဆောင်း လေးတန်းအောင်တော့ အဖေဆုံးသွားလို့ ကျောင်းဆက် မတက်ရတာ။ မိဆောင်းက စာတော်တယ်တော့။ အတွက်အချက်လည်း သွက်တယ်။

ကြည့်လေ။

မန္တလေးက ဝယ်လာတဲ့ ကုန်စိမ်းကုန်ခြောက်တွေကို ရထားကြီးပေါ်မှာ တင်ရောင်းလိုက်သေးတယ်။ လိုချင်သလောက်သာ ဝယ်။ မိဆောင်းက ဖျတ်ခနဲ ဖျတ်ခနဲ ချိန်ပေးလိုက်၊ ထုပ်ပိုးပေးလိုက် အမြတ်တွက်ကြည့်လိုက်နဲ့ အလုပ်ကိုဖြစ်လို့ ၊

မိဆောင်းတို့ ရွာက လယ်စိုက်ကြတော့ ရွယ်တူမိန်းကလေးတွေဆိုရင် ကောက်စိုက်၊ အမှိုက်ကောက် လိုက်ကြပေမယ့် မိဆောင်းကတော့ ဈေးပဲရောင်းတယ်။ မိဆောင်းတို့ မှာ တစ်ဧက မရှိတရှိ လယ်ကွက်လေး တစ်ကွက်တော့ရှိပါရဲ့။ အဲသည်လယ်ကွက်လောက်တော့ အမေနဲ့မိဆောင်း လုပ်နိုင်ပါတယ်။ အမေ့ရဲ့မောင်ကလည်း နည်းနည်းပါးပါးတော့ ဝိုင်းပေးပါတယ်။ ဘာပဲဖြစ်ဖြစ် မိဆောင်းတို့ သားအမိသုံးယောက်တော့ ချောင်ချောင် လည်လည်ရှိတာအမှန်ပဲ။

ရွာကျောင်းမှာတက်နေတဲ့ မိဆောင်းရဲ့မောင်လေး ညိုကြီးအတွက် လိုအပ်သမျှ စာအုပ်၊ ခဲတံ အားလုံး မိဆောင်းဝယ်ပေးနိုင်တယ်။ မိဆောင်းကိုယ်တိုင် စာတတ်ပေတတ်ကြီး မဖြစ်ပေမယ့် မောင်လေးကိုတော့ ဘွဲ့ရတဲ့အထိ ကျောင်းထားပေးဖို့ ရည်ရွယ်ထားတယ်။ မိဆောင်းတို့ ရွာကို စာလာသင်ပေးတဲ့ မန္တလေးက ဆရာမလေးကို မိဆောင်း သိပ်ချစ်တာ။ ဆရာမလေးက ရုပ်ချော သဘောကောင်းရုံတင်မကဘူး။ တစ်ရွာလုံးနဲ့လည်း ခင်ခင်မင်မင်ရှိတယ်၊ ဆရာမလေး ကျောင်းလာတဲ့အချိန်နဲ့ မိဆောင်း ဈေးသွားတဲ့အချိန် နေ့ တိုင်း လမ်းမှာ ဆုံတွေ့နေကျပါ။

“မဆောင်း၊ ညိုကြီး ညည စာကျက်ရဲ့လား”

“ဟုတ်ကဲ့၊ ကျက်ပါတယ်ဆရာမ၊ ကျွန်မက အလီတွေ သင်ပေးတာ”

“ဟုတ်လား၊ မဆောင်းက သိပ်တော်တာပဲ။ ကျောင်းမှာ လာလုပ်အားပေးပါဦး”

အဲသလို ဆရာမလေးက ပြောလိုက်ရင် မိဆောင်း သိပ်သဘောကျတာ။ တစ်ခါတလေ မောင်လေးကို စာချပေးရင်း ကိုယ့်ကိုယ်ကိုယ် ဆရာမတစ်ယောက်လို စိတ်ကူးယဉ်ကြည့်ရတာလည်း အမောသား။

ညိုကြီးကိုတင်မကပါဘူး။ ရွာထဲက ကလေးတွေကို ညတိုင်း စာချပေးတာ။ ညတိုင်းဆိုပေမယ့်လည်း မိဆောင်းမှာ ဖယောင်းတိုင်ဖိုး မရှိရင်တော့ မိဆောင်းရဲ့ညကျောင်းလေး ပိတ်ထားရတာပေါ့။ မိဆောင်းတို့ ရွာမှာသာ မြို့ကြီးတွေလို လျှပ်စစ်မီးတွေရှိရင်ကောင်းမှာပဲလို့ တွေးမိပေမယ့် မိဆောင်း ဈေးဝယ်သွားတိုင်း မီးမလာလို့ ညည်းညူတတ်တဲ့ မန္တလေးက လူတွေရဲ့အသံကို ကြားကြားနေရတော့။

“အင်း− မရှိတော့ မညည်းရတော့ဘူး” လို့ ထင်မိပြန်ရော။ ဘာပဲဖြစ်ဖြစ် မိဆောင်းဘဝလေးကို မိဆောင်း ပျော်ရွှင်မိပါတယ်။

“အမေ ဘာဖြစ်လို့ လဲ၊ နေမကောင်းဘူးလား”

သည်နေ့ မိဆောင်း မန္တလေးက ပြန်လာတော့ ခါတိုင်းလိုမဟုတ်ဘဲ အိပ်ရာထဲ ခွေနေတဲ့ အမေ့ကို တွေ့ရတယ်။

#ရသ #myanmar #audio #audiobook #audiolibrary #ခင်ခင်ထူး

Не удается загрузить Youtube-плеер. Проверьте блокировку Youtube в вашей сети.
Повторяем попытку...
ရင်မှာပိုက်ပါလို့ - ခင်ခင်ထူး

Поделиться в:

Доступные форматы для скачивания:

Скачать видео

  • Информация по загрузке:

Скачать аудио

Похожие видео

ရွှေတိုင်များလည်းလင်းတယ် - ခင်ခင်ထူး

ရွှေတိုင်များလည်းလင်းတယ် - ခင်ခင်ထူး

နွံအတွင်းကျွံဆင်းမိသူ #ခင်မိမိ(နန်းတော်ရှေ့)

နွံအတွင်းကျွံဆင်းမိသူ #ခင်မိမိ(နန်းတော်ရှေ့)

မြေးသူကြီး(အစအဆုံး)#စာရေးသူ-ညီပုလေး#တင်ဆက်သူမီ#မီ

မြေးသူကြီး(အစအဆုံး)#စာရေးသူ-ညီပုလေး#တင်ဆက်သူမီ#မီ

တောသရေစာ-ခင်ခင်ထူး

တောသရေစာ-ခင်ခင်ထူး

ဈေးသည်မ မဝိုင်း(ဝထ္တုတို)ဆရာမခင်ခင်ထူး Reading by Athet Audio book channel/စာဖတ်သူ_Athet

ဈေးသည်မ မဝိုင်း(ဝထ္တုတို)ဆရာမခင်ခင်ထူး Reading by Athet Audio book channel/စာဖတ်သူ_Athet

ဘဝကြမ်းလို့လူကြမ်းတာ(စ-ဆုံး)#တက္ကသိုလ်တင်မြင့်#သံစဉ်ချို#ပရလောကဇာတ်လမ်းများ

ဘဝကြမ်းလို့လူကြမ်းတာ(စ-ဆုံး)#တက္ကသိုလ်တင်မြင့်#သံစဉ်ချို#ပရလောကဇာတ်လမ်းများ

ကျူး - ခင်ခင်ထူး #ဝတ္ထုတို #မြန်မာ #ရသ #စာရေးဆရာ #စာပေ #Myanmar #Audiobook #Free #Story #ခင်ခင်ထူး

ကျူး - ခင်ခင်ထူး #ဝတ္ထုတို #မြန်မာ #ရသ #စာရေးဆရာ #စာပေ #Myanmar #Audiobook #Free #Story #ခင်ခင်ထူး

မြို့ကလေးသူ | ဆရာမခင်ခင်ထူး | Audiobook by May | #whisperbymay

မြို့ကလေးသူ | ဆရာမခင်ခင်ထူး | Audiobook by May | #whisperbymay

ခင်နှင်းယု - စိမ်းသင့်မှစိမ်း ( ဝတ္ထုရှည် စ-ဆုံး )

ခင်နှင်းယု - စိမ်းသင့်မှစိမ်း ( ဝတ္ထုရှည် စ-ဆုံး )

ခင်ခင်ထူး-မရိုးကောက် (စ.ဆုံး)

ခင်ခင်ထူး-မရိုးကောက် (စ.ဆုံး)

ခင်ခင်ထူး - ချလံ

ခင်ခင်ထူး - ချလံ

"လူဝင်စား" ခင်ခင်ထူး ဝတ္ထုတို "လူဝင္စား" ခင္ခင္ထူး ဝတၳဳတို Myanmar Story Book

မယားအလိမ္မာ _ သာဓု (အိမ်ထောင်ရေးဝတ္ထုရှည် အစ-အဆုံး)

မယားအလိမ္မာ _ သာဓု (အိမ်ထောင်ရေးဝတ္ထုရှည် အစ-အဆုံး)

နှလုံးသား၏ စီရင်ချက် (အသစ်စက်စက် အချစ်ဇာတ်လမ်း)

နှလုံးသား၏ စီရင်ချက် (အသစ်စက်စက် အချစ်ဇာတ်လမ်း)

" ဘဝအဖော် " - ဂျာနယ်ကျော်မမလေး #audio #audiobook #myanmaraudiobooks

အညာသူအညာသားကျွန်​မဆွေမျိုးများ (စ.ဆုံး)

အညာသူအညာသားကျွန်​မဆွေမျိုးများ (စ.ဆုံး)

ရွာကျောင်းကခေါင်းလောင်းသံ- ဆွေမင်း(ဓနုဖြူ)

ရွာကျောင်းကခေါင်းလောင်းသံ- ဆွေမင်း(ဓနုဖြူ)

ပန်းပန်ပါရစေ - (ခင်ခင်ထူး)#ရသ #မြန်မာအသံစာအုပ်များ #myanmar #audiobook #audiolibrary #ခင်ခင်ထူး

ပန်းပန်ပါရစေ - (ခင်ခင်ထူး)#ရသ #မြန်မာအသံစာအုပ်များ #myanmar #audiobook #audiolibrary #ခင်ခင်ထူး

ဒေါ်အိုဇာ - ဆရာကြီးဦးသုခ

ဒေါ်အိုဇာ - ဆရာကြီးဦးသုခ

ရေငန်တွင်း (ဝတ္ထုတို) | ဆရာမခင်ခင်ထူး | Audiobook by May | #whisperbymay

ရေငန်တွင်း (ဝတ္ထုတို) | ဆရာမခင်ခင်ထူး | Audiobook by May | #whisperbymay

© 2025 ycliper. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]