စင်ကာပူဆီ ရေကြောင်းကင်းလှည့် လေယာဉ်နဲ့ တော်ပီဒိုတွေ ရောင်းမယ်လို့ အမေရိကန် ကြေညာ | People's Spring
Автор: People's Spring
Загружено: 2026-01-22
Просмотров: 3398
Описание:
စင်ကာပူဆီ ရေကြောင်းကင်းလှည့် လေယာဉ်နဲ့ တော်ပီဒိုတွေ ရောင်းမယ်လို့ အမေရိကန် ကြေညာ
စင်ကာပူ ရေတပ်ကို နည်းပညာပိုင်း အားဖြည့်ပေးမယ့် စစ်လက်နက်တွေ ရောင်းချပေးဖို့ အမေရိကန်က သဘောတူခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ချက်အရ အမေရိကန်ဟာ P-8A ရေကြောင်းကင်းလှည့်ရေး လေယာဉ်၊ တော်ပီဒိုတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဒေါ်လာ ၂.၃ ဘီလီယံဖိုးကို စင်ကာပူဆီ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
အခု ညှိနှိုင်းထားတဲ့ လက်နက်ရောင်းချရေး သဘောတူညီမှုဟာ စင်ကာပူရဲ့ လက်ရှိနဲ့ အနာဂတ်မှာ ကြုံလာနိုင်တဲ့ ရေပိုင်နက်ဆိုင်ရာ ခြိမ်းခြောက် ခံရနိုင်ခြေတွေကို ထိထိရောက်ရောက် တားဆီးပေးနိုင်မှာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (DSCA)က ထုတ်ပြန်ခဲ့ပါတယ်။
နောက်ပြီး မဟာဗျူဟာ မိတ်ဖက် နိုင်ငံတစ်ခုနဲ့ လုံခြုံရေး၊ မဟာဗျူဟာရေးရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ပေးနိုင်တဲ့ သဘောလည်းဖြစ်တယ်လို့ DSCAက ဆိုပါတယ်။
စင်ကာပူဟာ အမေရိကန် ကုမ္ပဏီ Boeingက ထုတ်လုပ်တဲ့ P-8A လေယာဉ် ၄ စီးထိ ဝယ်ယူဖို့ ဆန္ဒရှိကြောင်း ပြီးခဲ့တဲ့နှစ်က အတည်ပြုထားပါတယ်။ ကာကွယ်ရေးဝန်ကြီး ချန်ချွန်ဆင်းရဲ့ အမေရိကန် အလည်အပတ် ခရီးစဉ်အတွင်း အိမ်ရှင်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်နဲ့ တွေ့ဆုံပြီးချိန်မှာ အဲဒီသဘောထား ကြေညာချက် ထွက်ပေါ်လာတာပါ။
စင်ကာပူဟာ P-8A လေယာဉ်တွေကို ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေး စွမ်းအင်မျိုး ပေါင်းစပ် အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ ဒီလေယာဉ်တွေမှာ ပါဝင်တဲ့ အဆင့်မြင့် ရေဒါနဲ့ အာရုံခံ စနစ်တွေဟာ ကွဲပြားတဲ့ ရေကြောင်း စစ်ဆင်ရေး လိုအပ်ချက် တော်တော်များများကိုလည်း ကိုင်တွယ်နိုင်စွမ်း ရှိပါတယ်။
P-8Aတွေမှာ Boeing 737 အရပ်ဖက်သုံး လေယာဉ်တွေရဲ့ ပျံသန်းမှု ထိန်းချုပ်ရေး အဆင့်မြင့် စနစ်ကို တပ်ဆင်ထားသလို ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး မစ်ရှင်တွေမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
စင်ကာပူဟာ အမေရိကန်ဆီက မှာယူမယ့် လေယာဉ်တွေကို ရှိရင်းစွဲ Fokker-50တွေရဲ့ နေရာမှာ ရေရှည် အစားထိုးသွားမှာဖြစ်ပါတယ်။ ပထမဆုံး P-8Aတွေဟာ ၂၀၃၀ ပြည့်လွန်နှစ်တွေမှာ စင်ကာပူအတွက် စတင် အမှုထမ်းနိုင်ဖို့ မျှော်လင့်ထားကြောင်း ချန်က ပြောကြားခဲ့ပါတယ်။
P-8Aတွေကို ဝယ်ယူတာဟာ စင်ကာပူရဲ့ ရေကြောင်း စစ်ရေးစွမ်းရည် မြှင့်တင်မှု ရည်မှန်းချက်တွေအတွက် အဖွင့် ခြေလှမ်းတစ်ခုလည်း ဖြစ်တယ်လို့ ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။
P-8Aတွေကို အသုံးပြုနေတဲ့နိုင်ငံတွေထဲတော့ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့လည်း ပါဝင်နေပါတယ်။
ကိုးကား: AFP
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
/ subscribe
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: