記録書き方
Автор: kaigo-myanmar
Загружено: 2024-02-06
Просмотров: 924
Описание:
💢介護လုပ်ငန်းခွင်မှာ မဖြစ်မနေလုပ်ရတာကတော့ 記録ရေးတာပဲဖြစ်ပါတယ် အလွယ်ပြောရရင် မှတ်တမ်းရေးခြင်းပေါ့
ဘာလို့ရေးရတာလည်းဆိုရင်
💢ကျတော်တို့ပြုစုပေးနေတဲ့အဘိုးအဘွားတွေရဲ့ အခြေနေအမှန်ကို သိရအောင်ရေးတာပါ
ကျတော်တို့က သူတို့ကို ဘယ်လိုပြုစုပေးမှု့မျိုးကို လုပ်နေပါတယ် ဆိုတာမျိုးကို အရှိအတိုင်းရေးပေးရတာပါ
💢ခိုင်းဂေါ့အလုပ်က team work အဖွဲ့အစည်းနဲ့လုပ်ရတာမျိုးဖြစ်တဲ့အတွက်ကြောင့် သေချာပေါက် မှတ်တမ်းရေးတာမျိုးကိုလုပ်ရပါတယ်
💢မှတ်တမ်းရေးတာမျိုးမလုပ်ထားရင် ကိုယ်က အလုပ်ကို သေချာမလုပ်ထားတဲ့ပုံပေါက်ပါတယ်
ဥပမာ - ကိုယ်က 利用者さんကို တစ်ပတ်နှစ်ကြိမ်ရေချိုးခန်းတော့ သေချာ ထည့်ပီး ရေချိုးပေးတာမျိုးတော့လုပ်နေတယ် ဒါပေမဲ့လို့ အဘိုးဘွားတွေက 認知症လို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတာမျိုးရှိတဲ့သူကများများ ဆိုတော့ သူ့မိသားစုတွေလာတွေ့တဲ့အချိန်မျိုးမှာ 「ငါ့ကိုရေမချိုးပေးကြပါဘူး /ထမင်းမကျွေးကြပါဘူး 」လို့ အစရှိသဖြင့်ပြောတိုင်ပြောတတ်ကြပါတယ်
မိသားစုကလည်း ကိုယ့်ရဲ့မိဘဆိုတော့ စိတ်ပူပီးရိပ်သာဘက်ကို မကျေနပ်ပဲတိုင်တန်းတာမျိုးရှိပါတယ်
💢အဲ့လိုအချိန်မှာ 記録ရေးထားတာမျိုးကိုထုတ်ပြပေးရပါတယ် ဒီ利用者さんကဘယ်နေ့ ဘယ်ရက်မှာရေချိုးခန်း ဝင်ထားပါတယ် ထမင်းကတော့ဘယ်အချိန်မှာ ဘယ်လောက်ပမာဏ စားထားပါတယ်
အစရှိသဖြင့် 介助လို့ခေါ်တဲ့ ပြုစုပေးတာမျိုးလုပ်ပီးရင် သေချာပေါက် 記録ရေးကြပါ
💢ညဆိုင်းမှာ ပိုပီးသတိထားရပါတယ်
ရိပ်သာဝင်နေတဲ့ အဘိုးဘွားတွေဆိုတာက အချိန်မရွေးအသက်ထွက်သွားနိုင်သူတွေကများများပါ
သေချာ မှတ်တမ်းရေးပေးဖို့လိုပါတယ်
💢ကိုယ် 巡回လို့ခေါ်တဲ့လှည့်လည်ကြည့်တဲ့အချိန်တုန်းကတော့ သေချာအိပ်နေရဲ့သားနဲ့ မနက်ကျ အသက်ထွက်နေတာမျိုးလည်းရှိတယ်
💢ကိုယ်က သူတို့သတ်မှတ်ထားတဲ့အချိန်သေချာ巡回လုပ်တယ် မှတ်တမ်းလည်း သေချာရေးထားတယ် ဆိုရင် 利用者さんကအသက်သေနေရင်တောင် ကိုယ့်မှာပြစရာရှိတယ်ကွယ် ငါက သတ်မှတ်ထားတဲ့ ၂နာရီခြားတစ်ခါသေချာသွားကြည့် ငါကြည့်တဲ့အချိန်တုန်းကတော့ အသက်ရူပီး ပုံမှန်အိပ်နေတယ် ငါမှတ်တမ်းလည်းရေးထားတယ် ဆိုတာမျိုးပြန်ပြောလို့ရပါတယ်
တစ်ခုခု ဖြစ်လာရင် ကိုယ့်ကိုကာကွယ်ပေးမှာက 記録ပဲရှိတာပါ သေချာရေးကြပါနော်
🌸အောက်က video ကတော့ ကျတော့်ရဲ့ kaigo speaking video classမှာ ရှင်းပြတဲ့ပုံစံပါ
🌸သင်တန်းကြေး ၇၀၀၀၀ကျပ်
🌸telegram ရာသက်ပန် groupပါ groupထဲဝင်ထားရုံနဲ့ခိုင်းဂေါ့နဲ့ပတ်သတ်တာတွေကို ရာသက်ပန်လေ့လာခွင့်ရမှာပါ
介護福祉士အတန်းသစ်၃လပိုင်းထဲစပါမယ် ဒီလထဲ သင်တန်းအပ်တဲ့သူကို စာအုပ်မေတ္တာလက်ဆောင်ပေးပါမယ်
#kaigomyanmar
#介護福祉士
#介護会話
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: