မဲဆောက်မှာ သုံးရက်အတွင်း အထောက်အထားမဲ့မြန်မာတရာကျော် ဖမ်းဆီးခံရ
Автор: Delta News Agency
Загружено: 2022-10-25
Просмотров: 265
Описание:
ထိုင်းမြန်မာနယ်စပ် ၊ မဲဆောက် တာ့ခ်ခရိုင်အတွင်း အောက်တိုဘာလ ၂၂ရက်နေ့ကစလို့ သုံးရက်အတွင်း အထောက် အထားမဲ့မြန်မာနိုင်ငံသား (၁၀၀) ကျော်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှကော်မတီ(JACBA) က ဥက္ကဌ ဦးမိုးကြိုးက DNA ကိုပြောပါတယ်။
မဲဆောက်တာ့ခ်ပြည်နယ်အတွင်း မြို့နယ် (၉) မြို့နယ်ရှိပြီး မြန်မာရွေ့ ပြောင်းလုပ်သား ၄ သိန်းကျော် နေထိုင်လုပ်ကိုင်နေတာပါ။ တာခ့်မှာ အထည်ချုပ်စက်ရုံ၊ သိုးမွှေးလုပ်ငန်း ၊ဆောက်လုပ်ရေးလုပ်ငန်း ၊တောင်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့အထွေထွေ လုပ်သားအများစု အလုပ်လုပ်ကိုင်ကြရတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်တကြောမှာဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါး၊လူကုန်ကူးမှုနဲ့ တရားမဝင်လုပ်သားကိစ္စတွေ များလာလို့တာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းဖို့လုပ်တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
မြို့နယ် ၅ မြို့နယ်ဖြစ်တဲ့ မဲဆောက်၊ဖုတ်ဖရာ့၊အုန်းဖန်၊မဲ့ရမတ်၊ထဆောင်ယန်းမှာမြန်မာရွေ့ ပြောင်းလုပ်သား ၃သိန်းခွဲနေထိုင်ပြီး တာ့ခ်ခရိုင်အတွင်းမြို့နယ်၄မြို့နယ်မှာ မြန်မာ ရွှေ့ပြောင်း လုပ်သား ၅သောင်းခန့် နဲ့ စုစုပေါင်းမြန်မာ၄သိန်းကျော်နေထိုင်တယ်လို့ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA) က စုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ်။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: