ကျောက္ကာတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောင်ချိုမှာ TNLA ထိုးစစ် ပြန်စ...
Автор: Htet Aung Kyaw
Загружено: 2025-06-28
Просмотров: 16736
Описание:
ကျောက္ကာတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောင်ချိုမှာ TNLA ထိုးစစ် ပြန်စ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၈ ဇွန် ၂၀၂၅
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဇွန် ၂၇ မှာ ဝင်ရောက်တိုက်ခိုက်ရာမှာ ပျူစောထီး အလောင်း ၃ လောင်းနဲ့ သေနတ် ၅ လက် သိမ်းမိတယ်လို့ PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၂၇ မနက် ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ပြီး ၁၅ မိနစ်အတွင်း စခန်းကို စီးနင်းမိတယ်လို့ဆိုပါတယ်။ နယ်မြေရှင်းတဲ့အခါ ပျူစောထီးအလောင်း ၃ လောင်း၊ M16 ၄ လက်၊ AK-47 ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
ပုလော-သရက်ချောင်း ဆက်စပ်ဒေသရှိ မင်းဒပ်ရွာက စစ်ကောင်စီစခန်းကိုလည်း ဇွန် ၂၆ မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ခဲယမ်းအချို့ သိမ်းမိ...
ဖယ်ခုံအင်း အရှေ့ခြမ်း ဆောင်နန်းခဲ တိုက်ပွဲမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပအိုဝ်း ပြည်သူ့စစ်ဘက်က တပ်ခွဲမှူး အပါအဝင် ၅ ဦး သေဆုံး...
ပျော်ဘွယ်မြို့နယ် ညောင်ကုန်းရဲစခန်း အနီးမှာ ဆပ်ကြေးကောက်ခံနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ အရာခံဗိုလ်နဲ့ စစ်သား ၄ ဦးသေ၊ သေနတ် ၃ လက် သိမ်းမိ...
ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ကနေ အင်အား ၁,၀၀၀ ကျော်၊ ကားအစီးရေ ၁၂၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ တော်လှန်ရေး တပ်တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အထိနာပြီး စစ်သား ၂ ဦး အလင်းဝင်လာ...
ကျောက်မဲမြို့ကို ဇွန် ၂၇ မနက် အစောကြီးမှာ စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် အမျီုးသမီးတဦး သေဆုံး၊ အမျိုးသား ၂ ဦး ဒဏ်ရာရ၊ နေအိမ်အချို့ ပျက်စီး...
နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကို TNLA ဘက်က တန်ပြန်ထိုးစစ် စတင်နေ...
ဒေါနတောင်ပေါ်မှာ သောင်တင်နေတဲ့ အောင်ဇေယျ စစ်ကြောင်းက စစ်သား ၂ ဦး Lion Battalion Commando စစ်ကြောင်းထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
/ burmanewsnetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: