Downtown Yangon (ရန်ကုန်မြို့ထဲ မြင်ကွင်း)
Автор: H'travelog
Загружено: 2026-01-20
Просмотров: 1862
Описание:
ဆူးလေးစေတီတော် သမိုင်း
ဆူးလေ စေတီဟာ ရန်ကုန်မြို့လယ်မှာ တည်ရှိပြီး ရန်ကုန် မြို့တော် ခန်းမနှင့် မဟာဗန္ဓုလ ပန်းခြံအနီးမှာ တည်ရှိပေပါတယ်။ ရွှေတိဂုံစေတီတော်ရဲ့ အရှေ့မြောက်ဘက် ၉၂၇၅ ပေ အကွာမှာ တည်နေပြီး
ဆူးလေစေတီတော်ရဲ့ ဉာဏ်တော်မှာ ၁၄၄ ပေ၊ ၄ လက်မ ရှိပါတယ်။ ပန်းတင်ခုံ တစ်ထောင့်စီမှာ ၂၄ ပေခန့် ရှည်ပြီးတော့ ရင်ပြင်တော် ပေ ၂၀ ခန့် ကျယ်ဝန်းပါတယ်။ မုခ်လေးမုခ်စလုံး၌ မုခ်ဦးတန်ဆောင် များရှိတဲ့အပြင် အသစ်စိုက်ထူထားတဲ့ ဘုရားကျောက်စာတိုင်တစ်ခု၊ မဟာဗောဒိပင် ဆူးလေနတ်ကြီး ရုပ်တု ရှိနေပါတယ်။
ဆူးလေ စေတီကို သာသနာနှစ် ၂၃၅ ခုနှစ်က တည်ခဲ့ပြီး သီဟိုဠ်ကျွန်း မှ သျှင်ယသ၊ သျှင်သောဏ၊ သျှင်သုခိ အမှူးရှိသော ရဟန္တာများ
ပင့်ဆောင်လာသော ဆံတော်နှင့် ဓာတ်တော်များကို သန်လျင်မင်း ဘောဂသေန အား ပေးအပ်ထို့နောက် ရဟန္တာ ရှစ်ပါးကြီးမှူးကာ ယင်းဆံတော် ဓာတ်တော်များဖြင့် ဆူးလေစေတီတော်အား တည်ထားကိုးကွယ်ခဲ့ပါတယ်။
ရှေးဦးစွာ ဆံတော် ၆ဆူနှင့် ဓာတ်တော်အချို့ကို ဌာပနာ၍ ကျိုက္က ဆံစေတီကို တည်ပြီးနောက် ရဟန်းတစ်ပါး ပျံလွန်တော်မူသဖြင့် သန်လျင်မင်းကြီး စိတ်အားလျော့ပြီးလျှင် ဆူးလေစေတီတည်ရန် ကိစ္စများကို အမတ်ကြီး အသုတ်အား တာဝန်လွှဲအပ်ခဲ့ပါတယ်။ ယင်း စေတီတော်ကို အသုတ်အမတ်ကြီး ဦးစီးတည်သဖြင့် ကျိုက်အသုတ် ဘုရား ဟု မှာထားပါတယ်၊
နှစ်ပေါင်းများစွာကြာသော် ယင်းစေတီတော်အား ဆူးလေပင်များ ဖုံးအုပ်ကွယ်နေသဖြင့် ဆူးလေစေတီဟု ခေါ်ဝေါ်ခဲ့သည်ဟု ဆိုကြပါ တယ်။ အချို့ကမူ အသုတ်ဟူသော စကားသည် မွန်ဘာသာစကား ဖြင့် ဆံတော်ဟု ဆိုလိုကြောင်း သိရပါတယ်။ ဆံတော်ကို ပါဠိဘာသာ ဖြင့် စူဠ ဟု ခေါ်ကြပြီး စူဠစေတီမှာ ကာလရွေ့လျားပြီးနောက် ဆူးလေစေတီတော် ဖြစ်လာတယ်လို့လည်း ဆိုကြပါတယ်။
ဆူးလေ ဘုရားကို တကူးတက မဖူးမြော်ဖြစ်သော်လည်း မြို့ထဲသာ လျှင် ဆူးလေဘုရားအား မြင်ရ တွေ့ရမြဲ ဖြစ်ပါတယ်။ ဆူးလေ ဘိုးဘိုးကြီးထံတွင် ဆုတောင်းပါက ဆုတောင်းပြည့်သည်ဟုလည်း နာမည်ကြီးလေပြီး ဆူးလေစေတီတော်လည်း နာမည်ကြီးစေတီတစ် ဆူဖြစ်ပြီး တန်ခိုးကြီးမား လှပါတယ်။
#credit_words_from_orginal_uploader
Subscribe : / @htravelogue
#yangon #sule #pagoda #downtown #cityhall #fruit #htravelog #fypシ #foryou #viralvideo #explore #youtubevideos #colony #building
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: