စင်္ကာပူမှာ ဂစ်တာကိုင်ပြီး အုပ်ချုပ်မယ့်သူ ထွက်ပေါ်လာ
Автор: BBC News Burmese
Загружено: 2024-05-15
Просмотров: 34
Описание:
စင်္ကာပူရဲ့ စတုတ္ထမြောက် ဝန်ကြီးချုပ်ဖြစ်လာသူ လောရင့်စ်ဝမ်ဟာ ကိုဗစ်ကပ်ဘေး ကာလအတွင်း လုပ်ငန်းအဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ််ပြီး စင်္ကာပူဟာ အာရှမှာ ပထမဆုံး ရောဂါပိုးကင်းစင်တဲ့ နိုင်ငံဖြစ်ခဲ့တာပါ။
စာပေမြတ်နိုးသူ ၊ ဂစ်တာသမား ၊ ခွေးလေးတွေကို ချစ်တတ်သူ အဖြစ် တင်စားလေ့ရှိတဲ့ စင်္ကာပူ၀န်ကြီးချုပ်သစ်ဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ နှစ်သိန်းနီးပါးရှိပြီး စင်္ကာပူမှာတေလာဆွဖ် လာရောက်ဖျော်ဖြေခါနီး "Love Story" သီချင်းတီးခတ် ကြိုဆိုခဲ့တာကလည်း လူထုနဲ့ တသားတည်း ရှိနေတာကို ပြသနေပါတယ်။
စင်္ကာပူကို တည်ထောင်တဲ့ လီကွမ်းယု မိသားစုက တိုင်းပြည်မှာ အာဏာအစဥ်အဆက် ရယူထားခဲ့ရာက အခုတော့ လီမိသားစု ပြင်ပက တယောက် ၀န်ကြီးချုပ် နေရာရလာပြီမို့ ရှေ့ဆက်မယ့် သူ့ရဲ့ နိုင်ငံရေးခြေလှမ်းတွေကို အများက စိတ်၀င်တစား စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: