အကြမ်းဖက်စစ်တပ် နှင့် စလင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲသုံးကြိမ် ဖြစ်
Автор: Red Peacock
Загружено: 2025-04-23
Просмотров: 334
Описание:
အကြမ်းဖက်စစ်တပ် နှင့် စလင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲသုံးကြိမ် ဖြစ်
မကွေး၊ ဧပြီ ၂၂
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် နှင့် တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ပါတယ်။
ဆင်ဖြူကျွန်းမြို့နယ်၊ နွယ်တမယ် ကျေးရွာရှိ အင်အား၁၈၀ ကျော်ဖြင့် စုစည်းထားသည့် အကြမ်းဖက်စစ်တပ်က တော်လှန် ရေးနယ် မြေအတွင်းသို့ စစ် ကြောင်းထိုး ဝင် ရောက်လာပြီး ဧပြီ ၂၀ ရက် နေ့ နံနက်ရှစ်နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကြမ်းဖကိစစ်တပ်ကင်းပုန်း နှင့် ထိတွေ့မှု ဖြစ်တယ်လို့ စလင်းပကဖက ပြောပါတယ်။
ယင်းနေ့ နံနက်ဆယ်နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေး တပ်တို့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့က ကျေးရွာများကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုက်ခိုက်တာ ကြောင့် ကျေးရွာများက မီး လောင်ပျက်စီးခဲ့ပါတယ်လို့ စလင်းပကဖက ပြောပါတယ်။
အလားတူ နေ့လယ်တစ်နာရီခန့်တွင် မြောင်းခွ ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် နှင့် ပြည်သူ့ကာကွယ် ရေးတပ် တွေက သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်က အထိနာတာ ကြောင့် ဂျက်ဖျုက်တာ နှစ်စီးဖြင့် ငါးကြိမ် ပစ်ကူ ပေးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲအား စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ)၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်အောင် (LPDF) ၊ Bamar Army (ဗမာ့တပ်တော်)၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် လက်ရုံးတပ်၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပါသည်။
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: