ငါးကျည်းကြော်အစပ်နှပ် spicy stir fried catfish Myanmar recipe
Автор: Cook for K1
Загружено: 2023-01-01
Просмотров: 9178
Описание:
ငါးကျည်ကြော်အစပ်နှပ်လေး ပါ… ငါးကျည်းကို သန့်ရှင်းရေးလုပ်နည်းကိုလည်း ဗီဒီယီုထဲမှာ အသေးစိတ်ပြောပြပေးထားပါတယ်ခင်ဗျာ။
ပထမဆုံးငါးကျည်းကို သန့်ရှင်းရေးလုပ်ပါမယ်။ ငါးရဲ့ အချွဲတွေကို ပျောက်စေဖို့အတွက် မန်ကျည်းသီးမှည့် ၂ ဇွန်းစာနဲ့ ဆား ၃ ဇွန်း (စားပွဲတင်ဇွန်း)လောက်ထည့်ပြီး အားရပါးရ နယ်ပါမယ်။ နယ်တဲ့အခါ ငါးအစူး စူးနိုင်တာကြောင့် သတိထားပြီး နယ်ပေးပါ။ အချွဲလုံးဝ မရှိတော့မှ ငါးကို ဗိုက်ဖောက်ပြီး အထဲကကလီစာကိုထုတ်ပေးပါ။ပြီးမှ ငါးကိုယ်ပေါ်မှာ ကျန်နေတဲ့ အချွဲနဲ့ အမဲတွေကို ဓားနဲ့ခြစ်ပေးပါ။ ပြီးရင် ရေးဆေး ရေစစ်ပြီးရင် ဆားရယ် .,. ချင်း(ဂျင်း) ရယ်ကို ညစ်ပြီး ၁ နာရီလောက်နပ်ပေးပါ။ ပြီးလို့ ကြော်ခါနီးမှ ငါးတွေကို အကြော်မှုန့် လူးပေးပါ။ အမှုန့် တွေ ငါးပေါ် မှာ ပါးပါးလေးလူးပြီးရင် ဒယ်အိုးထဲကို ဆားအနညးးငယ်ထည့်ပြီး ကျက်အောင် ကြော်ပေးပါ။
ငါးတွေကို အတွင်းထားထိ ကျက်ဖို့အတွက် မီးအေးအေးနဲ့ ကြော်ပေးပါ။ ငါးတွေကျက်မှ မီးအားပြင်းပေးပါ။ ငါးကို အကြော်မှုန့်ကပ်ပြီး ကြော်တဲ့အတွက် ဆီက မပေါက်ပါဘူး။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်ကို မွှေးလာတဲ့အထိကြော်ပေးပါ။ ပြီးမှ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနဲ့ အရည်ညှစ်ထားတဲ့ ချင်း (ဂျင်း)ထည့်ပါ။ မွှေးလာပြီဆိုမှ နနွင်းရယ်။ ငရုတ်သီးအရောက်တင်မှုန့် ထည့်မယ်။ ငရုတ်သီးခွဲကြမ်းထည့်မယ်။ အရမ်းကိုမွှေးလာပြီဆိုမှ တခုတည်းသောအရသာက ငါးငံပြာရည်ပါ။ ငါးငံပြာရည်ထည့်ပြီး မွှေပြီးရင် ကြော်ထားတဲ့ ငါးကျည်းထည့်ပြီးမွှေပေးရင် အရသာရှိတဲ့ ငါးကျည်းကြော်နှပ်ရပြီဖြစ်ပါတယ်။
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: