ဖားဆောင်းမြို့သိမ်း တိုက်ပွဲ တကျော့ပြန်ပြင်းထန် | People's Spring
Автор: People's Spring
Загружено: 2025-06-28
Просмотров: 8381
Описание:
ဖားဆောင်းမြို့သိမ်း တိုက်ပွဲ တကျော့ပြန်ပြင်းထန်
ဇွန်-၂၈၊၂၀၂၅/ People's Spring
ကရင်နီပြည်နယ်(ကယားပြည်နယ်) ဖားဆောင်းမြို့သိမ်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် မနက်ပိုင်းက ကရင်နီပူးပေါင်းတပ်တွေဟာ ဖားဆောင်းမြို့မှာ ကျန်ရှိနေတဲ့ ခြေလျင်တပ်ရင်းနှစ်ခုဖြစ်တဲ့ ခလရ ၁၃၄ နဲ့ ၁၃၅တို့ကို ထိုးစစ်အရှိန်မြှင့်ခဲ့တယ်လို့ သိရပါတယ်။
"တိုက်ပွဲတွေက ပြင်းထန်နေပါတယ်၊ တခြား အခြေအနေကတော့ အလုပ်လုပ်နေကြတုန်းမလို့ပါ ”လို့ ဖားဆောင်းမြို့ရှိ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People's Spring ကိုပြောပါတယ်။ စစ်ရေးအခြေအနေအသေးစိတ်ကို ထုတ်ဖော်ပြောဆိုလို့ မရသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖားဆောင်းက စစ်ကောင်စီတပ်ရဲ့ တပ်ရင်းထဲကို ထိုးဖောက်ဝင်ရောက်ထားနိုင်တဲ့ သတင်းအချို့ထွက်ပေါ်နေပေမယ့် ကရင်နီတပ်ပေါင်းစုဘက်က သီးခြားမှတ်ချက် မရသေးပါဘူး။
"ကာကင်းတွေရတယ်၊ တပ်ပေါင်းစုဘက်က အဖိတ်အစင်အချို့ရှိသလို စကစ ဘက်က ထိခိုက်သေဆုံးတာတွေ များတယ်”လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ဖားဆောင်းမြို့တိုက်ပွဲအခြေအနေ ကို ရှင်းပြပါတယ်။
ဖားဆောင်းမြို့ရှိ စစ်ကောင်စီအခြေစိုက်စခန်းဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ (၁၃၄)နဲ့ (၁၃၅)တို့ဟာ ဓားလွယ်ခုတ်အနေအထားရှိပြီး တပ်နှစ်ခုအကြား ပေ ၃,၀၀၀ ဝန်းကျင်ဝေးပါတယ်။ ဘောလုံးကွင်းသုံးကွင်းခန့် ကျယ်တဲ့ အဲဒီတပ်နှစ်ခုမှာ ဘန်ကာတွေတည်ဆောက်ပြီး အခိုင်အမာခံစစ် ပြင်ထားတယ်လို့ သိရပါတယ်။
ဖားဆောင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်တဲ့ မယ်စဲ့မြို့နယ်ရှိကာ အနောက်ဖက်ခြမ်းမှာ ကရင်ပြည်နယ် သံတောင်ကြီး၊ တောင်ဘက်ခြမ်းမှာ ဖာပွန် နဲ့ မြောက်ဘက်ခြမ်းမှာ ဘောလခဲမြို့နယ်တို့ရှိပါတယ်။
၂၀၂၄ ဖေဖော်ဝါရီ ၂၉ရက်မှာ စတင်တဲ့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၉ခုနဲ့ ကာကင်းနေရာ၃ ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး အခြေစိုက်တပ်ရင်း(၂)ခု ဖြစ်တဲ့ ခလရ(၁၃၄)နဲ့ ခလရ (၁၃၅)တို့ ကျန်ရှိနေခဲ့တာပါ။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: