သနပ်ခါးသည်
Автор: Culture and Affairs from South East Asia
Загружено: 2025-05-13
Просмотров: 32
Описание:
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့
မြန်မာနှင့် သနပ်ခါးသည် ခွဲခြား၍မရသည့် မြန်မာ့ယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်ပြီး မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း သနပ်ခါးလိမ်းသည့် အလေ့အကျင့်ကို ရှေးနှစ်ပေါင်းများစွာကပင် စတင်ခဲ့ သည်ဟု ယူဆထားကြသည်။ သနပ်ခါးယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းသုတေသန အထောက် အထားများ အဖြစ် ပုဂံခေတ် အေဒီ ၁၁ ရာစုလက်ရာ နဂါးရုံဘုရား နံရဲဆေးရေးပန်းချီတွင်လည်းကောင်း၊ ၁၁၁၃ ခုနှစ်မှာ တည်ခဲ့သည့် မြင်းကပါဂူပြောက်ကြီးဘုရား နံရံ ဆေးရေးပန်းချီများ တွင်လည်းကောင်း အေဒီ ၁၁၈၃ ခုနှစ်တွင်တည်ခဲ့သည့် စူဠာမဏိဘုရား အတွင်းနံရံပန်းချီများတွင် လည်းကောင်း၊ ခေတ်အဆက်ဆက် တည်ထောင်ခဲ့သော ဂူဘုရားများရှိ နံရံပန်းချီများတွင်လည်းကောင်း သနပ်ခါး၊ ကျောက်ပျဉ် အသုံးပြုသည့် ဓလေ့ကို သရုပ်ဖော်ရေးဆွဲထားသည်ကို တွေ့ရှိရသည်။ ထို့အပြင် မြန်မာတို့၏ရိုးရာရှေးရိုးပုံပြင် ရိုးရာဘာသာစကားနှင့်စာပေ၊ အရေးအသား များ တွင်လည်း သနပ်ခါးဓလေ့ကို ဖော်ပြခဲ့ကြသည်ကို ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သည့် ပျို့၊ ကဗျာ၊ ဧချင်း၊ အိုင်ချင်း၊ မောင်းထောင်းတေး၊ လမိုင်းလယ်သူဟန်ချင်း၊ တေးထပ်များတွင် မြန်မာ လူ့အဖွဲ့အစည်း၏ သနပ်ခါးကို သုံးစွဲသည့်ဓလေ့များကို ထည့်သွင်း စပ်ဆိုထားသည်ကို တွေ့ရှိ ရခြင်းဖြင့် သနပ်ခါးကို မြန်မာလူမျိုးတို့သည် ရှေးနှစ်ပေါင်းထောင်ချီကာလကပင် လိမ်းခြယ်ရန် အသုံးပြုခဲ့ကြသည်ကို သိရှိရသည်။
မြန်မာနိုင်ငံတွင် သနပ်ခါးစိုက်ပျိုးရှင်သန်ရာ နေရာများမှာ အပူပိုင်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါစသည်တို့ဖြစ်သည်။ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပြည်၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ နွားထိုး ကြီး၊ တောင်သာ၊ အရာတော်မြို့နယ်များတွင် သနပ်ခါးပင်များကို အများဆုံးတွေ့ရသည်။
မြန်မာ့သနပ်ခါးကို လိမ်းခြယ်ရာတွင် အချို့က အလှအပအတွက် လိမ်းခြယ်ကြသကဲ့သို့ အချို့က အသားအရေထိန်းသိမ်းရန်အတွက် လိမ်းခြယ်ကြသည်လည်းရှိသည်။ ကျေးလက် တောရွာ နေ လယ်သူမကောက်စိုက်သမလေးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ပန်းရန်သမလေးများ ကမူ မိမိတို့လုပ်ငန်းခွင်၏ သဘောသဘာဝနှင့် ကိုက်ညီမှုရှိအောင် ပူပြင်းလှသည့် နေလောင်ဒဏ် ကိုခံနိုင်စေရန် သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လိမ်းလေ့ရှိကြပြီး မျက်နှာပြင်ကိုလည်း ပိန်းပိတ်နေ အောင် လိမ်းခြယ်လေ့ရှိကြသည်။
မြန်မာ့သနပ်ခါးသည် မြန်မာ့ရာသီဥတုနှင့် လိုက်လျောညီထွေရှိကာ သနပ်ခါးကို လိမ်းခြယ် လိုက်လျှင် စိတ်နှလုံးအေးချမ်းသကဲ့သို့ သနပ်ခါးလိမ်းထားလျှင် နေရောင်ခြည် အပူဒဏ်ကို ခံနိုင် သလို အရေပြားမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တောင်ပေါ်၊ မြေပြန့်မှ တိုင်းရင်းသူ အမျိုးသမီးများသည် သနပ်ခါးကို အမြတ်တနိုး လိမ်းခြယ် ကြသည်။
သနပ်ခါးကို အမျိုးသမီးများသာမက အမျိုးသားများပါ လိမ်းလေ့ရှိကြသည်။ ပါးပြင် ထက်ဝယ် သနပ်ခါးပါးကွက်ကြားလေးများ လိမ်းချယ်ထားပါက နေလောင်ဒဏ်ကို ကာကွယ်ရုံမျှ မက နေပူရှိန်အောက်တွင် ချွေးကလေးတစို့စို့ သနပ်ခါးနံ့လေး တသင်းသင်းနှင့် စိတ်ကို ပျော်ရွှင် လန်းဆန်းစေသော သတ္တိထူးများ ရှိပါသည်။
နောက်ထပ်အပိုင်းတွေ ဆက်လာပါဦးမယ်နော်။
#မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့
#Thanakha
#ICH
#UNESCO
#မြန်မာ့သနပ်ခါးနေ့
#တပို့တွဲ့လပြည့်နေ့
#သနပ်ခါးပါးတို့ပွဲ
#မီးဖုန်းလှူပွဲ
#တင်လတ်ယု
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: