” အူလမ်းကြောင်း ကျန်းမာရေးကို ပိုကောင်းစေတဲ့ ပရိုဘိုင်အိုတစ် ပါဝင်တဲ့ အစားအစာ ( ၅ )မျိုး…”
Автор: Aungwin Hein
Загружено: 2025-04-12
Просмотров: 2706
Описание:
လူတွေနေထိုင်တဲ့ ဒီကမ္ဘာမြေပေါ်မှာ
ကောင်းတဲ့ ပိုးမွှား နဲ့
ဆိုးတဲ့ ပိုးမွှား ရယ်လို့
နှစ်မျိုး ရှိပါတယ်...။
ကောင်းတဲ့ပိုးမွှားက
အူလမ်းကြောင်း
ကျန်းမာရေးကို
ကောင်းစေပါတယ်...။
ကိုယ်ခံစွမ်းအား စံနစ်ကို
ကောင်းစေပါတယ်...။
အခြားကျန်းမာရေး ကောင်းကျိုး
များစွာကိုလည်း ဖြစ်စေပါတယ်...။
ဒါကြောင့် ကောင်းတဲ့ပိုးမွှားကို
အကျိုးပြု ပိုးမွှားလို့လည်း
ခေါ်ဆိုပါတယ်...။
ဆိုးတဲ့ပိုးမွှားက ရောဂါမျိုးစုံကို
ဖြစ်စေပါတယ်...။
ကျနော်တို့
စားတဲ့အစားအစာ၊
သောက်တဲ့ရေ နဲ့
ရှုလိုက်တဲ့လေမှာ
ရောဂါပိုးမွှားတွေ
အမြောက်အများရှိနေပါတယ်...။
အဲဒါကြောင့်
ကျနော်တို့ ခန္ဓာကိုယ် အနှံ့အပြားမှာလည်း
လမ်းကြောင်းအမျိုးမျိုးက ဝင်လာတဲ့
မကောင်းတဲ့ပိုးမွှားတွေ
အများအပြား ရှိနေပါတယ်...။
အဲဒီရောဂါ ပိုးမွှား တွေက
ကျနော်တို့ ကို ဒုက္ခပေးဖို့
အဆင်သင့်စောင့်ဆိုင်းနေပါတယ်...။
အခွင့်ရတာနဲ့
ရောဂါ မျိုးစုံကို ဖြစ်စေတဲ့အတွက်
မကောင်းတဲ့ ပိုးမွှားလို့
ခေါ်ပါတယ်...။
မကောင်းတဲ့ ပိုးမွှားတွေ
အင်အားကောင်းရင်
ရောဂါ မျိုးစုံ ဖြစ်စေပါတယ်...။
အကျိုးပြု ပိုးမွှားတွေ
အင်အားကောင်းရင်
မကောင်းတဲ့ပိုးမွှားတွေကို
နှိမ်နင်းလိုက်တဲ့အတွက်
ဘာရောဂါမှ မဖြစ်စေတော့ပါဘူး...။
ဒီလို သူနိုင် ကိုယ်နိုင် အားပြိုင်မှုဟာ
အမြဲတမ်း ရှိနေပါတယ်...။
ဒါကြောင့်လည်း
ပိုးသတ်ဆေး ( Antibiotics )တွေဟာ
တွင်တွင်ကျယ်ကျယ်
ထုတ်လုပ်ရောင်းဝယ်
ဖောက်ကားနေရခြင်း
ဖြစ်ပါတယ်...။
တစ်ခါတုန်းက
သိပ္ပံပညာရှင် တစ်ဦးဟာ
သူ သွားရောက်ခဲ့တဲ့ ရွာမှာရှိတဲ့
တောင်သူလယ်သမားတွေဟာ
အလွန်ကျန်းမာပြီး
အသက်ရှည်ကြတာကို
တွေ့ရပါတယ်...။
တစ်ရွာလုံးလိုလို
အသက်ရှည်တာကို တွေ့တော့
စိတ်ဝင်စားပြီးလေ့လာကြည့်ပါတယ်...။
အဲဒီရွာမှာ ရှိတဲ့
အိမ်တိုင်းက
ကိုယ်တိုင် ဒိန်ချဉ်ကို လုပ်ပြီး
လူတိုင်းက အမြဲတမ်းလိုလို
စားနေကြတာကို တွေ့ရပါတယ်...။
ဒါနဲ့ပဲ ဒိန်ချဉ်မှာ ပါဝင်တဲ့
ပါဝင်ပစ္စည်းတွေကို
သေသေချာချာ
လေ့လာကြည့်တော့
ပိုးမွှားတွေကို တွေ့ရပါတယ်...။
အဲဒီပိုးမွှားကို ပရိုဘိုင်အိုတစ်
လို့ နာမည်ပေးခဲ့ပါတယ်...။
ဒါက ပရိုဘိုင်အိုတစ် ရဲ့
သမိုင်းအကျဉ်းပဲ ဖြစ်ပါတယ်...။
ပရိုဘိုင်အိုတစ် ဆိုတာ
ဒိန်ချဉ်ထဲမှာ ပါဝင်နေတဲ့ ပိုးမွှားကို
ပြောတာပါ...။
ဒိန်ချဉ်ဟာ
ပရိုဘိုင်အိုတစ် မဟုတ်ပါဘူး...။
ဟိုတုန်းက
ဒိန်ချဉ် မှာ
ပရိုဘိုင်အိုတစ် အများဆုံး
ပါဝင်တယ်လို့ ယူဆခဲ့ကြပါတယ်...။
နောက်ပိုင်းလေ့လာချက်တွေအရ
အခြား ပရိုဘိုင်အိုတစ်ဖြစ်ကြတဲ့
ကီဖာ ( တူရကီ နို့ချဉ် )
ဆော်ရာခရော့တ် ( ကော်ဖီထုတ် ချဉ် )
ကင်ချီ ( တောင်ကိုးရီးယား အစားအစာ )
မီဆို ( ဂျပန်အစားအစာ )
တွေမှာလည်း
ပရိုဘိုင်အိုတစ်တွေ
အမြောက်အများပါဝင်တာကို
တွေ့ရပါတယ်...။
ကီဖာ ( တူရကီ နို့ချဉ် ) မှာ
ဒိန်ချဉ်ထက်
CFU ၉-ဆ ပိုများပါတယ်...။
CFU ( Colony Forming Units ) ဆိုတာ
ပိုးမွှားအကောင်အရည်အတွက်
ဖြစ်ပါတယ်...။
ဘီလီယံ ( Billion )နဲ့
ရေတွက်ပါတယ်...။
တစ် ဘီလီယံ ( Billion )ဟာ
သန်းပေါင်း တစ်ထောင် ရှိပါတယ်...။
တစ်ချိန်တုန်းက
ဒိန်ချဉ် ( Yogurt ) ကို
ပရိုဘိုင်အိုတစ် အစားအစာ
တစ်ခုလို့ ရောထွေးထင်ခဲ့ဖူးပါတယ်...။
အဲဒါ အပြည့်အဝ မမှန်ပါဘူး...။
ဒိန်ချဉ် ဟာ ပရိုဘိုင်အိုတစ် ရဲ့
အရင်းအမြစ်တစ်ခု သာ ဖြစ်ပါတယ်...။
သူတို့ နှစ်ခုဟာ
အတိအကျ တူညီနေတယ်လို့
မဆိုနိုင်ပါဘူး...။
ပရိုဘိုင်အိုတစ် ဆိုတာက
ဒိန်ချဉ်ထဲမှာ ပါဝင်တဲ့
ကောင်းတဲ့ ပိုမွှားတစ်ခုသာ
ဖြစ်ပါတယ်...။
တစ်ခု သတိပြုစေချင်တာက
ပရိုဘိုင်အိုတစ် ပါဝင်တဲ့ အစားအစာတွေကို
စားရင် မီးပြင်းပြင်းအပူမပေးမိပါစေနဲ့...။
အကျိုးပြု ပိုမွှားတွေ သေသွားနိုင်တဲ့
အတွက်ကြောင့် ဖြစ်ပါတယ်...။
ပရိုဘိုင်အိုတစ် တွေကို
ဆေးလုံးအနေနဲ့လည်း
ထုတ်လုပ်ပါတယ်...။
အမှုန့် အနေနဲ့လည်း
ထုတ်လုပ်ရောင်းချပါတယ်...။
Xxxxx
Dr. Aung Win Hein.
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: