ခရမ်းသီးဝက်သား
Автор: Cook for K1
Загружено: 2022-10-12
Просмотров: 4900
Описание:
ခရမ်းသီးသနပ်အမြဲမချက်ချင်ဘဲ အချိုချက်စားချင်တဲ့ သူငယ်ချင်းတွေ အတွက် ခရမ်း အချိုချက်လေးပါ။
ဝက်ပေါင်သား ၅၀ သားကို စက်နဲ့ ညက်နေအောင်ကြိတ်ပါမယ်။ အဆီနဲ့ အသား မျှတ တာက ပိုပြီးကောင်းပါတယ်။
ကြိတ်ထားတဲ့ အသားထဲကို ခြစ်ထား သို့ ထောင်းထားတဲ့ ကြက်သွန်ဖြူကို စားပွဲတင်ဇွန်း ၁ ဇွန်းကျော်လောက်ထည့်ပါမယ်။
အချိုမှုန့်. ငရုတ်ကောင်းမှုန့်။ ဆား။ သကြား ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီစီ
ကော်မှုန့်။ ပဲငံပြာရည်အကြည်နဲ့ ခရုဆီ တို့ကို စားပွဲတင်ဇွန်း ၁ ဇွန်းစီ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ၂ နာရီလောက်နှပ်ထားပေးပါ။
ခရမ်းသီးကို ၂ လက်မ အရွယ်အပိုင်းလေးကို ပိုင်းပြီး ထက်ခြမ်းခြမ်းထားပေးပါ။ ဇွန်း ၂ ချောင်းကို အောက်မှာထားပြီး ခရမ်းသီးလှီးပါတယ်. ခရမ်းသီး ၁စိတ်ကို ခြောက်ချက်လှီးပါတယ်။
လှီးထားတဲ့ ခရမ်းသီးကိုရေအေးနဲ့ ရှလကာရည် ထည့်ပြီးဆေးပါတယ်။
ပြီးရင် ခရမ်းသီးထဲကို နှပ်ထားတဲ့ ဝက်သားတွေကို အစာသွပ်ပေးပါ။ အစာကိုပြည့်ပြည့်လေး သွပ်ပေးမှ အသားတွေက အပူနဲ့ ထိလို့ ကျုံ့သွားရင် အနေတော်ပဲဖြစ်ပါတယ်။
အားလုံးအစာသွပ်ပြီးသွားရင် ပန်ကန်းပြားထဲထည့်ပြီး မိနစ် ၂၀ လောက်ပေါင်းပါတယ်။
ပေါင်းထားတဲ့ခရမ်းသီးပေါ်မှာ ဆမ်းဖို့ ဆော့စ်ချက်ပါမယ်။
ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ ထောင်းထားတာ ထည့်ပြီး ဆီသတ်ပါ။ မွှေးလာပြီဆိုရင် သကြား ၁ ဇွန်း(စားပွဲတင်ဇွန်း) ထည့်ပြီးမွှေပါ။ သကြားတွေပျော်လာရင် ပဲငံပြာရည်အကြည်။ ခရုဆီ ကို စားပွဲတင်ဇွန်း၁ ဇွန်းစီ ထည့်ပြီးမွှေပေးပါ။ ပြီး မှ ရေအနည်းငယ်ထည့်ပြီး ရေဆူလာရင် ကော်မှုန့်ရေဖျော်ထားတာ ထည့်ပြီး မိမိစိတ်ကြိုက်အပျစ်အကျဲ ရပြီဆိုရင် ပေါင်းထားတဲ့ ခရမ်းသီးပေါ်ဆမ်းပြီးသုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ….
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: