၂၀၂၃ ခုနှစ် ထူးခြားဖြစ်စဥ်များနဲ့ ၂၀၂၄ မျှော်မှန်းချက်များ
Автор: RFA လွတ်လပ်တဲ့အာရှအသံ
Загружено: 2023-12-29
Просмотров: 53223
Описание:
RFA စကားဝိုင်း
၂၀၂၃ ခုနှစ် ထူးခြားဖြစ်စဥ်များနဲ့ ၂၀၂၄ မျှော်မှန်းချက်များ
~~~
■ ၂၀၂၃ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့ဟာ စစ်ကောင်စီအာဏာသိမ်းတာ နှစ်နှစ် ပြည့်ခဲ့ပြီး အာဏာစသိမ်းကတည်းက အရေးပေါ်အခြေအနေကြေညာခဲ့တာလည်း နှစ်နှစ်ပြည်ခဲ့ပါပြီ။ ဒီအခြေအနေမှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပနိုင်ရေး လမ်းကြောင်းကို ကြိုးပမ်းလာပါတယ်။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် သန်းခေါင်စာရင်းကောက်ဖို့ ၂၀၂၃ ဇန်န၀ါရီလ ၉ ရက်နေ့က စတင်ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ တိုက်ခိုက်ခံရပြီး တစ်ပြည်လုံး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပြည်သူတွေကို ဖမ်းဆီးမှုတွေဟာလည်း နှစ်နှစ်အတွင်း ၂၅,၀၀၀ ကျော်ရှိပြီး သေဆုံးရသူ ၄,၂၀၀ ကျော် ရှိခဲ့သလို ၂၀၂၃ နှစ်ကုန်ခါနီးအချိန်ထိ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၈၀,၀၀၀ နီးပါးနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂ ဒဿမ ၆ သန်းကျော်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ခုခံစစ်ကနေ ဟန်ချက်ညီတဲ့ ထိုးစစ်တွေ စတင်လိုက်လို့ မြို့ပေါင်း နှစ်ဆယ်ကျော်နဲ့ ရာနဲ့ချီတဲ့ စစ်စခန်းတွေကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီး လက်နက်ချသူတွေလည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေကနေ ၂၀၂၃ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ အခြေအနေတွေ မြင်တွေ့ရမယ်လို့ ခန့်မှန်းနေကြတဲ့အကြောင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒေါ်သန္တာနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးဆောင်ရွက်နေသူ ဒေါ်မိဆူးပွင့်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဉ်တင်ဆက်ထားပါတယ်။
____________
Subscribe ▶ http://bit.ly/2ajgBxf
မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp
ဝဘ်ဆိုက် ▶ https://www.rfa.org
ဖေ့စ်ဘွတ်ခ် ▶ / rfaburmese
တွစ်တာ ▶ / rfaburmese
အင်စတာဂရမ် ▶ / rfaburmese
တယ်လီဂရမ် ▶https://t.me/rfaburmeseofficial
(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: