ရဲယိုရွက်ရဲ့ အကျိုးကျေးဇူးက ဘာလဲ။
Автор: Myitkyina News Journal
Загружено: 2024-07-10
Просмотров: 7112
Описание:
ရဲယိုရွက်ရဲ့ အကျိုးကျေးဇူးက ဘာလဲ။
ရဲယိုရွက်က ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရရှိစေနိုင် ပါတယ်။
အများစုက ရဲယိုရွက်၊ ရဲယိုသီးများကို နှစ်မျိုးစလုံး စားကြပါတယ်။
ရဲယိုရွက်ကို ငါး၊ ငါးဖယ်နဲ့ ဟင်းထုပ်လုပ်စားခြင်း၊ စင်းကောချက်စားခြင်းအပြင် ရဲယူသီး ကို ယိုထိုးစားခြင်း၊ ဖျော်ရည်လုပ်သောက်ခြင်း စသလို အမျိုးမျိုးလုပ်စားလေ့ရှိကြပါ တယ်။
ရဲယိုကို အများစုအသက်ကြီးလူကြီးပိုင်းတွေအတွက် ဓါတ်စာတစ်ခုဆိုလည်း မမှားပါဘူး။
ရဲယိုက အသီး၊ အရွက်တင်မကဘဲ အပွင့်၊ အခေါက်၊ ပင်စည်အဖြစ်ပါမကျန် ဆေးဖက် ဝင်စေပါတယ်။
ရဲယိုမှာ အဟာရဓါတ်များစွာပါဝင်တာမို့ အစာလည်းဆေး၊ ဆေးလည်းအစာလို့ ပြောလို့ ရတဲ့ အဟာရဓါတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။
သူ့အရသာက နည်းနည်းခါးသက်သက်မို့ အခါးကြိုက်သူတွေအတွက် အဆင်ပြေစေပါ တယ်။
ဒါဆိုရင် ရဲယိုရွက် ဘာကို ကောင်းစေတာလဲ။
အကိုက်အခဲပျောက်စေခြင်း။
လေးဘက်နာဝေဒနာကို သက်သာစေခြင်း။
အဆစ်အမြစ်ကိုက်ခဲနာကျင်မှုကိ သက်သာစေခြင်း။
ဘက်တီးရီးယားပိုးမွှားအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခြင်း။
ကိုယ်ခံအားကို ကောင်းစေခြင်း။
ရာသီပေါ်ရောဂါကိုလည်း ကာကွယ်ပေးနိုင်ခြင်း။
အိပ်ပျော်စေခြင်း။
စိတ်ခံစားမှုကို ကောင်းစေခြင်း။
ဆံသားကို ကျန်းမာစေခြင်း။
အရေပြားကို ကောင်းမွန်စေခြင်း။
ကင်ဆာဖြစ်စေမှုကို ကာကွယ်ပေးနိုင်ခြင်း။
သွေးတိုးကျစေနိုင်ခြင်း။
သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ခြင်း။
ဦးနှောက််ကို ကျန်းမာစေနိုင်ခြင်း။
မှတ်ဉာဏ်ကို ကောင်းမွန်းစေနိုင်ခြင်း။
ဝမ်းမှန်စေနိုင်ခြင်း။
အူလမ်းကြောင်းဆိုင်ရာရောဂါများကို ကာကွယ်ပေးခြင်း။
ဆီးသွားရင် နာကျင်မှုကို သက်သာစေခြင်း။
မအီမသာဖြစ်ခြင်းကို သက်သာစေခြင်း။
မျက်စိ အတွင်းတိမ်မဖြစ်အောင် ကာကွယ်ပေးခြင်း။
လေမဖြတ်အောင် ကာကွယ်ပေးခြင်း။
မိန်းမကိုယ်အဖြူဆင်းခြင်းကို သက်သာစေခြင်း။
အမျိုးသမီး ရာသီသွေး မှန်စေနိုင်ခြင်း။
သွေးဆုံးခါနီး အမျိုးသမီးတွေအတွက် မီးယပ်ရောဂါကို သက်သာစေခြင်း။
ခေါင်းတခြမ်းကိုက်ခြင်းကို သက်သာစေခြင်း စတဲ့အရာတွေကို ကာကွယ်ပေးနိုင်တာ ကြောင့် ရဲယိုရွက်ကို ချက်စားခြင်းဖြင့် သင့်ကျန်းမာရေးကို ကောင်းမွန်းစေမဲ့ ဓါတ်စာ တစ်ခုဖြစ်တာကြောင့် စားသုံးကြည့်ပါလို့ မှာလိုက်ချင်ပါတယ်။
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: