စာသင်တန်းဆိုင်ရာ ကျမ်းစာအုပ် လှူဒါန်းမှုကုသိုလ် (10-8-2025)
Автор: မြစကြာကျောင်းတိုက် (MyaSakKyar Monastery, Myanmar)
Загружено: 2025-08-14
Просмотров: 745
Описание:
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆုတ် (၂) ရက်၊ (၁၀-၈-၂၀၂၅) တနင်္ဂနွေနေ့
စာသင်တန်းဆိုင်ရာ ကျမ်းစာအုပ် လှူဒါန်းမှုကုသိုလ်
၁။ သဒ္ဒါကြီး ပုစ္ဆာအဖြေ (၁၃၁၅-၁၃၈၆) (အုပ်ရေ-၅၀၀) (၁၂၇ သိန်း)
၂။ အဘိဓာန်ဋီကာမှတ်စု (အုပ်ရေ-၅၀၀) (၃၂ သိန်း)
ကုသိုလ်ရှင်များ
ပြင်ဦးလွင်မြို့၊ ဦးထင်အောင်မြင့်+ ဒေါ်မိုးမိုးလှိုင် (သမီး) ဒေါ်လင်းလက်အောင် (ဒေါ်မိုးလှိုင်လှိုင် ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်း) ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများက လှူဒါန်းပါသည်။
နိဗ္ဗာန်ဆု သာဓုနတ်လူခေါ်စေသော်...
''ဒေါ်မိုးလှိုင်လှိုင်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်း''
၁။ ဒေါ်မိုးမိုးလှိုင်နှင့်၊ ဦးထင်အောင်မြင့်၊ ဆန်းတင့် ကြည်သဒ္ဓါ။
၂။ မိုးထက်မြင့်ဆောင်၊ လင်းလက်အောင်၊ ထွန်းပြောင် ရတနာ။
၃။ လှိုင်တင့်ညီညာ၊ မြတ်ဆရာ၊ များစွာ တပည့်ပါ။
၄။ လှိုင်ဝေတင့်ဆန်း၊ ရွှေစင်ကျမ်း၊ လှူဒါန်း ပျော်ရွှင်စွာ။
၅။ ထွန်းလင်းပညာ၊ များထက်သာ၊ ငြိမ်းရာ ဆောင်ပို့မှာ။
၆။ ကိုယ်ပိုင်ဒါန၊ ပေးဝေငှ၊ ညီမျှ ရစေရာ။
၇။ အထက်တန်းသို့၊ တက်လှမ်းဖို့၊ ငါတို့ ကြိုးစားမှာ။
၈။ ကျောင်းမြေစပြု၊ သိလာထု၊ တည်မှု သက်သေအရာ။
အရှင်သီလာနန္ဒာဘိဝံသ (မြစကြာ)
(၂၅-၂-၂၀၂၅) ည ၅း၄၅
၃။ သဒ္ဒါဆိုင်ရာ ဆောင်စရာ (အုပ်ရေ-၅၀၀) ၄၈ သိန်း
ကုသိုလ်ရှင်များ
ဖခင်ကြီး ဦးစိုးလွင်+ မိခင်ကြီး ဒေါ်ခင်ပြုံးတို့ကို ရည်စူးမှန်းထား၍
ရန်ကုန်မြို့နေ သမီးများဖြစ်ကြသော
ဒေါ်လှကြည်၊ ဒေါ်မို့မို့လွင်၊ ဒေါ်ပို့ပို့လွင်
(ကြည်မို့ပို့) ညီအမတို့က
လှူဒါန်းကြပါသည်။
နိဗ္ဗာန်ဆု သာဓုနတ်လူခေါ်စေသော်...
''ကြည်မို့ပို့ လှူသည်''
၁။ ကြည်လင်သဒ္ဓါ၊ မြတ်ပညာ၊ ညှိကာ တူလျှောက်လှမ်း။
၂။ မို့လှဝေဖြာ၊ စေတနာ၊ သုံးဖြာ ညီရွှင်လန်း။
၃။ ပို့ဆောင်အဓိဋ္ဌာန်၊ စိတ်အကြံ၊ နိဗ္ဗာန် အောင်မြို့နန်း။
၄။ လှူဒါနတွေ၊ ပေးငှဝေ၊ ရစေ လက်ဆင့်ကမ်း။
၅။ သည်မြေပထဝီ၊ သက်သေတည်၊ ရေကြည် သွန်းလို့ဖြန်း။
အရှင်သီလာနန္ဒာဘိဝံသ (မြစကြာ)
(၅-၁၀-၂၀၁၆) ည ၅း၃၆
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆုတ် (၂) ရက်၊ (၁၀-၈-၂၀၂၅) တနင်္ဂနွေနေ့တွင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၊ မြစကြာကျောင်းတိုက်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်၊ မစိုးရိမ်တိုက်သစ်၊ မဟာဝိသုဒ္ဓါရုံတိုက်၊ မြတောင်တိုက်၊ အောင်ချမ်းသာကျောင်းတိုက်၊ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်များရှိ စာသင်တန်း စာမေးပွဲဖြေဆိုကြမည့် သံဃာတော်များကို လှည့်လည် လှူဒါန်းခဲ့ကြပါသည်။
ဤကောင်းမှု နိဗ္ဗာန်ဆု နတ်လူသာဓုခေါ်စေသော်။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: