မိုးကုတ်တွင် စစ်ကောင်စီ နှင့် TNLA တပ်များ တိုက်ပွဲများစတင်ဖြစ်ပွား
Автор: Ko DePar
Загружено: 2024-06-23
Просмотров: 4626
Описание:
#မိုးကုတ်တွင်စစ်ကောင်စီနှင့်TNLAတပ်များတိုက်ပွဲများစတင်ဖြစ်ပွား
မိုးကုတ်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွား ၊ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ၍ ဘုန်းကြီးကျောင်း ပျက်စီး
23 June 2024
မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် TNLA တပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က မိုင်တိုင် အမှတ် ၅ မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တည်ရှိရာသို့ ထိုးစစ်ဆင်လာသဖြင့် မိုင်တိုင်အမှတ် ၇ အောက်ပိန်းပြစ်နှင့် အထက်ပိန်းပြစ်ရွာကြားတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် စစ်တပ်က မိုးကုတ်မြို့နယ် အထက်ပိန်းပြစ်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် ရွာဘုန်းတော်ကြီးကျောင်းဆောင်ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ အလားတူ ယမန်နေ့ ဇွန်လ ၂၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန် အောက်ပိန်းပြစ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် အထက်ပိန်းပြစ်ရွာသို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီက အရပ်သားပြည်သူများနှင့် ရဟန်းသံဃာတော်များ ဘာသာရေးအဆောက်အဦးများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများအတွင်း လူထု ထိခိုက်မှု မရှိသော်လည်း ကျေးရွာထဲသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေရကြောင်း သိရှိရသည်။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
မြန်မာ့နိုင်ငံရေး စစ်ရေးသတင်းများကို အချိန်နှင့်တပြေးညီ တင်ပြပေးနေမှာဖြစ်လို့ ကျွန်တော့်ရဲ့ Channel လေးကို Like & Share & Follow & Subscribe လုပ်ပေးထားကြပါအုန်းနော်။
သတင်းတွေ စဉ်ဆက်မပြတ်သွားစေရန် Noti ခေါင်းလောင်းလေးကိုလည်း နှိပ်သွားခဲ့ကြပါအုန်းနော်။
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ။
I will be presenting Burmese Political and Military News in real time, So please Like & Share & Follow & Subscribe to My Channel.
Please press the Noti bell to keep the news going.
Thank you all very much.
YouTube Channel / @kodepar30
Facebook Page
https://www.facebook.com/profile.php?...
TikTok Account https://www.tiktok.com/@kodepar30tikt...
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
#မိုးကုတ်
#စစ်ကောင်စီတပ်
#TNLA
#တိုက်ပွဲများစတင်
#KhitThitMedia
#DVB
#RFA
#VOA
#Mizzima
#BBC
#ခေတ်သစ်
#Irrawaddy
#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်
#kodepar30
#စစ်ကောင်စီ
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: