ycliper

Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
Скачать

လူသားနဲ့ စည်းကမ်းလိုက်နာ ကြီးပွားချမ်းသာ

Автор: Dhamma Dhara Sayadaw

Загружено: 2023-08-25

Просмотров: 727

Описание: ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား
“လူသားနဲ့ စည်းကမ်းလိုက််နာ ကြီးပွားချမ်းသာ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ
သင်ကြားပေးမှာဖြစ်ပါတယ်။

လူသားလောကမှာပဲဖြစ်ဖြစ်, ရှင်, ရဟန်းလောကမှာပဲဖြစ်ဖြစ် ကြီးပွားချမ်းသာ လိုသူများက
ဘုရားရှင်ဟောထားတဲ့ တရား, ချမှတ်ထားတဲ့ စည်းကမ်းများအတိုင်း ရိုရိုသေသေ လိုက်နာကျင့်
သုံးလေ့ ရှိကြပါတယ်။

ဘုရားရှင် ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း နေထိုင်ကာ ဟောထားတဲ့ တရားတော်များအတိုင်း
လိုက်နာကျင့်သုံးကြတဲ့ လူသားတွေ, ရှင်, ရဟန်းတော်ဟာ တရားထူးတရားမြတ်တွေ ရကာ ကြီးပွား
ချမ်းသာ သွားကြပါတယ်။

ချမှတ်ထားတဲ့ စည်းကမ်းတွေ, လိုက်နာကျင့်သုံးဖွယ်တွေက ဘယ်လောက်ပဲ ကောင်းကောင်း လိုက်နာ
ခြင်း, ကျင့်သုံးခြင်း မရှိရင်တော့လည်း အကျိုးမများ ဖြစ်တတ်ပါတယ်။

ကြီးပွားနေတဲ့ နိုင်ငံတွေ, ကြီးပွားနေတဲ့ လုပ်ငန်းတွေ, အောင်မြင်နေတဲ့ လုပ်ငန်းတွေ၊ အောင်မြင်နေတဲ့
ဘုန်းကြီးကျောင်းတိုက်တွေကိုကြည့်ရင် ချမှတ်ထားတဲ့ စည်းကမ်းနဲ့ လူသားဟာ တသားတည်းကျကာ
လိုက်နာနေကြတာတွေကို တွေ့မြင်ကြရမှာပါ။

လူသားလောကမှာ နေထိုင်ရာ အိမ်၊ ပညာသင်ကြားရာ ကျောင်း၊ အလုပ်လုပ်ရာ ဌာန၊ ကုမ္ပဏီစတဲ့ နေရာတိုင်းမှာ
လိုက်နာဖွယ် စည်းကမ်းများ၊ မူဘောင်များ၊ ဥပဒေများ ရေးဆွဲထားတတ်ကြပါတယ်။

ဘာ့ကြောင့် ရေးဆွဲထားရတာလဲဆိုရင် လိုအပ်လို့ပါ။ လိုအပ်တဲ့ စည်းကမ်းတွေကို အခြေအနေအချိန်အခါပေါ် မူတည်ကာ
လျှော့တာ, တိုးတာစတာတွေ လုပ်ကြရပါတယ်။

ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာတဲ့ နေရာတိုင်းမှာ တစ်နှစ်နဲ့တစ်နှစ် မတူလောက်အောင်ကို ရုပ်ပိုင်းရော, စိတ်ပိုင်းပါ
ကြီးပွားတိုးတက်ကာ ချမ်းသာကြပါတယ်။

စည်းကမ်းတွေ ရေးဆွဲထားပြီး ကိုယ်တိုင်က စံပြလိုက်နာဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်က မလိုက်နာရင် နောက်လိုက်များက မလိုက်နာ
ကြတော့ပါဘူး။ နောက်လိုက်များက စည်းကမ်း မလိုက်နာတာတွေ့နေရပေမဲ့ ကိုယ်တိုင် လိုက်နာခြင်း မရှိရင် ပြောရ, ဆိုရ, အုပ်ချုပ်ရ ခက်တတ်ပါတယ်။

ကိုယ်တိုင် နောက်လိုက်ဖြစ်ချိန်က စည်းကမ်းရှိတဲ့ နောက်လိုက်ကောင်းတွေ မဖြစ်ခဲ့ရင် ကိုယ်တိုင်လူကြီး ဖြစ်လာတဲ့အခါ ဘာသြဇာ ဘာအာဏာမှ မရှိတာတွေကို
လောကကြီးမှာ အများကြီး တွေ့မြင်နေရပါတယ်။

ဘယ်သူ့ကိုမှ လေးလေးစားစားလည်း မဆက်ဆံခဲ့၊ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းကိုလည်း ရှိတယ်လို့ကို မထင်မှတ်ဘဲ နေချင်သလို နေခဲ့တဲ့သူကို သူလိုလူ
အကြီးအကဲဖြစ်လာတဲ့ အချိန်မှာ ဘယ်သူကမှ လေးလေးစားစား ဆက်ဆံခြင်း မခံရမတာဟာ လောက သဘာဝပါ။ ဝဋ်ဆိုတာ ကိုယ်ပြုမူပြီး တစ်ခါထဲ ပြန်လိုက်တာ
မဟုတ်ပါဘူး။ တဖြေးဖြေးလေးနဲ့ ကိုယ့်လုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ တူညီတဲ့ အပြုအမူမျိုးတွေ ကိုယ့်ထံမှောက် ပြန်ရောက်လာအောင် သဘာဝ တရားက ဖန်တီးပေးတာပါ။

ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းကို မလိုက်နာချင်တဲ့ သူတွေ ရှိသလို အမေကျော် ဒွေးဒေါ် လွှမ်းတတ်သူတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်အလုပ်လုပ်တဲ့နေရာကျ
အကောင်းမမြင်၊ ချမှတ်ထားတဲ့ စည်းကမ်းလည်း မလိုက်နာ။ လိုက်နာရကောင်းမှန်းလည်း မသိ၊ ဆွေးဆွေးနွေးနွေးတိုင်တိုင်ပင်ပင်လည်း အလုပ်မလုပ်တတ်၊ ကိုယ်တိုင်လည်း
တိုးတက်အောင် မလုပ်၊ တိုးတက်အောင် လုပ်နေသူနဲ့လည်း လက်တွဲကာအတူ မလုပ်ချင် ထင်ရာစိုင်းတတ်တဲ့ အရိုင်းအစိုင်းလေးတွေလည်း တွေ့ရတတ်ပါတယ်။

အခွင့်အရေးဆိုတာ လုပ်ပိုင်ခွင့် ရှိတုန်း စည်းနဲ့ကမ်းနဲ့ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြရတာပါ။ လူသားဆိုတာ ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးထိုးနေသူတွေပါ။
အဆိုးလုပ်ထားပြီး သမိုင်းကောင်းကျန်ချင်လို့ မရပါဘူး။ အကောင်းဆုံးလုပ်မှာ အကောင်းဆုံး သမိုင်းကျန်မှာပါ။

လူသားတွေကို စနစ်တကျ တိုးတက်စေဖို့ ဘုရားရှင်က ကောင်းမွန်စွာ ဟောတော်မူထားတဲ့ တရားတော်တွေပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ အလုပ်ဌာနအသီးအသီး၊ ပညာသင်ရာဌာန
အသီးအသီးများက ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေပဲဖြစ်ဖြစ် လက်တွေ့ လိုက်နာကျင့်သုံးပါမှ ကိုယ့်အတွက်, သူ့အတွက်, အားလုံးအတွက် အကျိုးများတာပါ။ မလိုက်နာ
သူများအတွက်ကတော့ ဘာစည်းကမ်းတွေ ဘယ်လောက်ကောင်းအောင် ရေးဆွဲထား ရေးဆွဲထား။ ဘုရားရှင်ကိုယ်တော်မြတ်က ဘယ်လောက်ပဲ ကောင်းအောင် တရားတော်တွေကို
ဟောထား ဟောထား မလိုက်နာ, မကျင့်သုံးသူများအတွက်ကတော့ အကျိုးမများနိုင်ပါဘူး။

ဓမ္မပဒ ဆတ္တပါဏိ ဥပါသက ဝတ္ထုမှာ ဘုရားရှင်က-
“အဆင်းလှပြီး အနံ့မရှိတဲ့ ပန်းဟာ အကျိုးမများသလို
ကောင်းစွာ ဟောထားတဲ့ တရားတော်ဟာလည်း မကျင့်သုံးက အကျိုးမများ” လို့ အဓိပ္ပါယ်ရှိတဲ့ ဂါထာကို ဟောတော်မူခဲ့ပါတယ်။

အဲဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့ဟာ-
“တရားတော်များ၊ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းများဟာ လက်တွေ့ လိုက်နာကျင့်သုံးပါမှ အကျိုးများတယ်” လို့ မှတ်သားဖို့ပါပဲ..မိတ်ဆွေတို့။

ဒီတရားလေး နာကြားပြီး-
(က) စည်းကမ်းနဲ့ နေချင်သူလား?
(ခ) စည်းကမ်းမဲ့ နေချင်သူလား?
(ဂ) စည်းကမ်းဆိုတာ ဘယ်လိုသူအတွက် အကျိုးရှိပါသလဲ?
ဖြေကြားကာ “ကိုယ့်ဘဝ, ကိုယ့်ပတ်ဝန်းကျင်, ကိုယ့်အလုပ်ခွင် တိုးတက်ဖို့ စည်းကမ်းရှိရှိ နေထိုင်တတ်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ..။ (၂၆. ၈. ၂၃)

Не удается загрузить Youtube-плеер. Проверьте блокировку Youtube в вашей сети.
Повторяем попытку...
လူသားနဲ့ စည်းကမ်းလိုက်နာ ကြီးပွားချမ်းသာ

Поделиться в:

Доступные форматы для скачивания:

Скачать видео

  • Информация по загрузке:

Скачать аудио

Похожие видео

ကြီးပွားချမ်းသာ   ၊ ကောင်းသန့် ၊အောင်မြင်ရေးအတွေးစာစုများ အပိုင်း(၁)

ကြီးပွားချမ်းသာ ၊ ကောင်းသန့် ၊အောင်မြင်ရေးအတွေးစာစုများ အပိုင်း(၁)

မိဘနဲ့သားသမီးကြား အကျိုးရှိစေမယ့် တရားဒေဿနာတော်#ပါချုပ်ဆရာတော်တရားများ#buddha

မိဘနဲ့သားသမီးကြား အကျိုးရှိစေမယ့် တရားဒေဿနာတော်#ပါချုပ်ဆရာတော်တရားများ#buddha

(၁၁၉)အယူလွဲမှား လမ်းမှားရောက်နေသော ဂယာကဿပအား ချွတ်တော်မူသည့် တရားဒေသနာတော်။

(၁၁၉)အယူလွဲမှား လမ်းမှားရောက်နေသော ဂယာကဿပအား ချွတ်တော်မူသည့် တရားဒေသနာတော်။

Нет слов. Посмотрите что произошло! Германия проснулась в новой реальности. Новости сегодня

Нет слов. Посмотрите что произошло! Германия проснулась в новой реальности. Новости сегодня

Алло, Путин, это Гладков... У НАС ТУТ В БЕЛГОРОДЕ ХОЛОДНО И НЕТ СВЕТА

Алло, Путин, это Гладков... У НАС ТУТ В БЕЛГОРОДЕ ХОЛОДНО И НЕТ СВЕТА

ေဒါက်တာမြဝတ်ရည် တရားတွေလည်း ရပါတယ် 😬😅

ေဒါက်တာမြဝတ်ရည် တရားတွေလည်း ရပါတယ် 😬😅

ИИ Дал Ответ: Мы Живём В Матрице? Результат ПУГАЕТ!

ИИ Дал Ответ: Мы Живём В Матрице? Результат ПУГАЕТ!

Calming Meditation | 1 hour handpan music | Malte Marten

Calming Meditation | 1 hour handpan music | Malte Marten

16.12.2025 Kyaw Soe Oo#Kyawsoeoo #kyawmyomin #peoplemedia

16.12.2025 Kyaw Soe Oo#Kyawsoeoo #kyawmyomin #peoplemedia

Тихо Слушай и Засыпай | Расслабляющая звуковая медитация для сна

Тихо Слушай и Засыпай | Расслабляющая звуковая медитация для сна

Как ощутить Бога

Как ощутить Бога

Шведские нейробиологи раскрыли ЗАПРЕЩЁННОЕ дыхание Нади Шодхана, обращающее клеточное старение за 12

Шведские нейробиологи раскрыли ЗАПРЕЩЁННОЕ дыхание Нади Шодхана, обращающее клеточное старение за 12

မဟာစည်ဆရာတော်ဘုရားကြီး နေ့စဉ် ရှိခိုးတော်မူသော ဂုဏ်တော် ဘုရားရှိခိုး၊ တရားရှိခိုး၊ သံဃာရှိခိုး

မဟာစည်ဆရာတော်ဘုရားကြီး နေ့စဉ် ရှိခိုးတော်မူသော ဂုဏ်တော် ဘုရားရှိခိုး၊ တရားရှိခိုး၊ သံဃာရှိခိုး

Просыпаетесь между 3 и 5 утра? Сделайте ЭТИ 5 вещей | Еврейская Мудрость

Просыпаетесь между 3 и 5 утра? Сделайте ЭТИ 5 вещей | Еврейская Мудрость

Что произойдет с Президентом?! Арчена ясновидящая из Индии

Что произойдет с Президентом?! Арчена ясновидящая из Индии

ပိတ်နေတဲ့ကံတွေ ပွင့်သွားအောင် ဒီကုသိုလ်တွေလုပ်ပါ🙏

ပိတ်နေတဲ့ကံတွေ ပွင့်သွားအောင် ဒီကုသိုလ်တွေလုပ်ပါ🙏

⚡️ Зеленский пошёл на условия || Сделка с Путиным | Переговоры в Берлине

⚡️ Зеленский пошёл на условия || Сделка с Путиным | Переговоры в Берлине

Как Победить тех, кто вас Не Уважает! Этот Еврейский способ работает всегда и со всеми!

Как Победить тех, кто вас Не Уважает! Этот Еврейский способ работает всегда и со всеми!

⚡️ Военные США ликвидированы || Президент бьёт тревогу

⚡️ Военные США ликвидированы || Президент бьёт тревогу

Вы теряете интерес ко всему, потому что ЭТО НАЧИНАЕТСЯ! ОБЯЗАТЕЛЬНО ПОСМОТРИТЕ СЕГОДНЯ!

Вы теряете интерес ко всему, потому что ЭТО НАЧИНАЕТСЯ! ОБЯЗАТЕЛЬНО ПОСМОТРИТЕ СЕГОДНЯ!

© 2025 ycliper. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]