နိုင်ငံတကာ ဝရမ်းပြေး ဖြစ်လာဖို့ အခြေအနေ ကောင်းနေတဲ့ မင်းအောင်လှိုင် | People's Spring
Автор: People's Spring
Загружено: 2024-12-01
Просмотров: 3319065
Описание:
နိုင်ငံတကာ အသိအမှတ်ပြုမှုကို မရနိုင်ပေမယ့် နိုင်ငံတကာ ဝရမ်းပြေး ဖြစ်လာဖို့ အခြေအနေ ကောင်းနေတဲ့ မင်းအောင်လှိုင်
အာဏာသိမ်း မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ တရားလို ရှေ့နေရုံးက ကြေညာလိုက်တာဟာ အခုသီတင်းပတ်ထဲမှာ အလှုပ်ခတ်ဆုံး သတင်းတစ်ခု ဖြစ်လာပါတယ်။
ICCရဲ့ တရားလို ရှေ့နေ ကာရင်မ် အာဆက် အာမက် ခန်းက လွတ်လပ်တဲ့၊ သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့နောက် မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် အဓမ္မ မောင်းထုတ်တာ၊ ခွဲခြားဖိနှိပ်တာတွေ အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ ယုံကြည်လောက်တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ ပြောကြားပြီး မင်းအောင်လှိုင်ကို ဝရမ်းထုတ်ဖို့ ICCဆီ တိုက်တွန်း လျှောက်ထားခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ မင်းအောင်လှိုင်ဟာ ICC ဖမ်းဝရမ်း လျှောက်ထားတာ ခံရတဲ့ ပထမဆုံးသူ ဖြစ်လာပြီး နောက်ထပ် အလားတူ ဖမ်းဝရမ်း လျှောက်ထားမှုတွေ ရှိလာနိုင်တယ်လို့ ခန်းက ပြောပါတယ်။
ဒီမိုကရေစီရေးနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ICCရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသလို လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ထောက်ခံမှုတွေ ရှိလာပါတယ်။ တစ်ဖက်မှာတော့ ICCကသာ တကယ်တမ်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်း အမိန့်ထုတ်ခဲ့ရင် ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတဲ့ မေးခွန်း ထုတ်မှုတွေလည်း ရှိလာပါတယ်။
အာဏာသိမ်းမှုကို ထောက်ခံတဲ့ စစ်တပ်လော်ဘီတွေက ICCရဲ့ လုပ်ပိုင်ခွင့်၊ အစွမ်းအစတွေကို လျှော့တွက်တဲ့ သဘောနဲ့ ဝေဖန် လှောင်ပြောင်ရင်း တကယ်တမ်း ဖမ်းဝရမ်း ထွက်လာရင်တောင် ထိခိုက်မှု ကြီးကြီးမားမား မရှိဘူး ဆိုတာမျိုး ဝါဒဖြန့်နေကြပါတယ်။ ဒါဟာ မှန်သင့်သလောက် မှန်ပေမယ့် သူတို့ကိုယ်တိုင် အသည်းအသန် ဖုံးကွယ်နေတဲ့ နောက်ထပ် အမှန်တရား တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အရင် စစ်အစိုးရတွေ လက်ထက်ကတည်းက စစ်ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲ ကြားနာပြီး အပြစ်ပေး ခံရမယ့် ကိစ္စမျိုးကို အရမ်း ကြောက်ခဲ့တယ် ဆိုတာပါပဲ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အစဉ်တစိုက် ကျူးလွန်ခဲ့တဲ့ ဗိုလ်ချုပ် အဆက်ဆက်ဟာ သူရဲဘောကြောင်သူတွေပီပီ အဲဒီ လုပ်ရပ်တွေကိုတော့ တာဝန်မယူရဲကြပါဘူး။ ဒါကြောင့် နိုင်ငံတကာ တရားရေး အဖွဲ့အစည်းတွေရဲ့ အရေးယူမယ့် အလားအလာတိုင်းကို အရမ်း ခါးခါးသီးသီး ကြောက်ရွံ့ မုန်းတီးပါတယ်။
နောက်ပြီး အရေးကြီးတဲ့ အချက်တစ်ခုက အင်မတန် စုတ်ပဲ့ယုတ်ညံ့တဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် ကမ္ဘာသိ ရပ်တည်ခဲ့တဲ့တိုင် မြန်မာစစ်တပ်ဟာ သူတို့ရဲ့ လုပ်ရပ်တွေကို အရေးယူ ခံရတာမျိုး မရှိခဲ့ဘဲ သက်တောင့်သက်သာ ကင်းလွတ်ခွင့် ရနေခဲ့တာပါ။ ဒါပေမဲ့ ICCက ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေခြင်းဟာ အဲဒီ စစ်ဗိုလ်ချုပ်တွေရဲ့ အပြစ်ပေး မခံရဘဲ ကာလရှည်ကြာ သက်တောင့်သက်သာ ရှိနေခဲ့ရာကနေ လှုပ်နှိုးခံလိုက်ရတဲ့ အဓိပ္ပါယ်လည်း ဖြစ်လာပါတယ်။ မင်းအောင်လှိုင် မတိုင်ခင်က ဒါမျိုး ဘယ်တုန်းကမှ မကြံဖူးတာကြောင့် ဘယ်လောက်ပဲ ဟန်ကိုယ်ဖို့နေပါစေ၊ နေပြည်တော် အတွင်းစည်းမှာ တုန်လှုပ်နေကြမယ်ဆိုတာ အလွယ်တကူ ခန့်မှန်းလို့ ရပါတယ်။
ဒီတော့ ICCက ဖမ်းဝရမ်း တကယ်ထုတ်လိုက်ပြီဆိုရင် မင်းအောင်လှိုင်အတွက် ဘာတွေ သက်ရောက် ထိခိုက်နိုင်မလဲ ဆိုတာကို ပြန်ဆန်းစစ်ကြည့်ပါမယ်။ ဒီနေရာမှာ နှစ်ပိုင်းခွဲပြီး ပြောရမှာ ဖြစ်ပါတယ်။ လောလောလတ်လတ် အနေနဲ့တော့ သိပ်ပြီး ထူးခြားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေရှည်မှာ မင်းအောင်လှိုင် ရည်ရွယ်ထားတဲ့၊ စိတ်ကူးယဉ်ထားတဲ့ ကိစ္စတွေ တော်တော်များများကတော့ ဒုက္ခရောက်ကုန်မှာ ဖြစ်ပါတယ်။
ICCရဲ့ သမိုင်းကြောင်းကို အတိုချုပ်ပြီး ပြောပါမယ်။ ၁၉၉၈ ခုနှစ်၊ ရောမ သဘောတူညီမှုကို အကြောင်းပြုပြီး ၂၀၀၂ ခုနှစ်မှာ ICC စတင် အသက်ဝင်ခဲ့ပါတယ်။ နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ အခြေစိုက်တဲ့ ခုံရုံးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက် ရန်လိုတဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ် စစ်ဆေးမယ့် နိုင်ငံတကာ တရားရေး မဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည်ဖို့ပါ။ တကယ်တော့ အဲဒီလို ရာဇဝတ်မှုတွေကို တာဝန်ယူ စစ်ဆေးပေးမယ့် ခုံရုံးတစ်ခု ရှိသင့်တယ်ဆိုတဲ့ အယူအဆဟာ ပထမ ကမ္ဘာစစ်အပြီး ၁၉၁၇ လောက်ကတည်းက စတင်ခဲ့ပါတယ်။
ဒုတိယ ကမ္ဘာစစ်ပြီးတော့ နူရင်ဘာ့ဂ် ခုံရုံးလို့ လူသိများတဲ့ နိုင်ငံတကာ စစ်ခုံရုံးဟာ ဂျာမနီနိုင်ငံမှာ အခြေစိုက်ပြီး ထွက်ပေါ်လာတယ်။ ဂျပန်မှာလည်း အလားတူ ခုံရုံးတစ်ခု ဖွဲ့စည်းခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာစစ် ကာလအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူ ဝင်ရိုးတန်း အဖွဲ့ဝင် နိုင်ငံတွေရဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ယူဂိုဆလားဗီးယားနဲ့ ရဝမ်ဒါတို့မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ သီးသန့် အထူးခုံရုံးတွေကို ကုလသမဂ္ဂက ဖွဲ့စည်းစေပြီး ထိရောက်တဲ့ အရေးယူ စစ်ဆေးမှုတွေ လုပ်ဆောင်စေခဲ့ဖူးပါတယ်။ ဒါပေမဲ့ စစ်အေးကာလမှာ နိုင်ငံရေးအရ အားပြိုင်မှုတွေ ပြင်းထန်ခြင်းနဲ့အတူ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတစ်ခု ပေါ်ပေါက်လာအောင် ညှိနှိုင်းမှုမှာ ကြန့်ကြာမှု၊ နှောင့်နှေးမှုတွေ အများကြီး ရှိခဲ့ဖူးပါတယ်။
၂၀၀၂ ခုနှစ်မှာတော့ ICC စတင်ပေါ်ထွန်းလာပြီး အခုဆိုရင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၂၅ ခုထိ ပါဝင်နေပါပြီ။ မူအားဖြင့်ဆိုရင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အများအပြားနဲ့ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံ တော်တော်များများဟာ ICCကို ထောက်ခံ ရပ်တည်ကြပါတယ်။ ဒါပေမဲ့ စူပါပါဝါ နိုင်ငံတွေလို့ သတ်မှတ်ရမယ့် အမေရိကန်၊ တရုတ်၊ ရုရှားတို့က ICCမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ခုံရုံးရဲ့ အရှိန်အဝါကို ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိဖူးတာလည်း ဓမ္ဓဓိဋ္ဌာန် ကျပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: