MAEX ၏ အသားတင်အမြတ် ကျပ် ၁.၂ ဘီလီယံကျော် တိုးတက်ရရှိ
Автор: BETV Business
Загружено: 2025-11-12
Просмотров: 290
Описание:
MAEX ၏ အသားတင်အမြတ် ကျပ် ၁.၂ ဘီလီယံကျော် တိုးတက်ရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၂
တညင်းကုန်းလက်ကားဈေးကြီးကို စီမံခန့်ခွဲနေတဲ့ မြန်မာ အက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်မှာ အသားတင်အမြတ်ငွေ ကျပ် ၇ ဘီလီယံနီးပါး ရရှိခဲ့ကြောင်း ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အသားတင်အမြတ်ငွေ ရရှိမှုအနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် ငွေကျပ် ၁.၂၀၆ ဘီလီယံ မြင့်တက်လာခဲ့ပြီး ၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာနှစ်ထက် ငွေကျပ် ၆.၃၅၆ ဘီလီယံ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် ငွေကျပ် ၄.၂၆၆ ဘီလီယံအထိ နှစ်အလိုက် တိုးတက်ရရှိခဲ့ပါတယ်။
“ဆိုင်ခမ်းငှားရမ်းခများ၊ ဈေးလုပ်ငန်းဝန်ဆောင်မှုများနှင့် အခြားဝန်ဆောင်မှုများမှ တိုးတက်လာသော ဝင်ငွေများသည် ကျွန်ုပ်တို့၏ ပင်မအမြတ်အစွန်း ရင်းမြစ်များဖြစ်ပါသည်”လို့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။
ယခုနှစ်အတွင်း အလတ်စားပွဲရုံတွေ တည်ဆောက်ရောင်းချရမှုနဲ့ ဈေးရုံ (၅) ကုန်ခြောက်လက်ကားရုံ တိုးချဲ့ဖွင့်လှစ်နိုင်ခြင်းကြောင့် ဝင်ငွေတိုးတက်ရရှိခဲ့ပါတယ်။
ဈေးလုပ်ငန်းမှ ဝင်ငွေဟာ ကျပ် ၇.၂ ဘီလီယံရှိပြီး ပြီးတဲ့ခဲ့ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် ၃၆ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။
MAEX အနေနဲ့ တညင်းကုန်းလက်ကားဈေးကြီးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ခွင့်ပြုချက်နဲ့ စီမံကိန်းမြေဧရိယာ ၈၂.၇၈ ဧကပေါ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ စီမံကိန်းတစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီလို့ သိရပါတယ်။
ယခုနှစ်အတွင်း ကုမ္ပဏီရဲ့ အကြီးမားဆုံးစိန်ခေါ်မှုအနေနဲ့ မူလစီမံကိန်းမြေဧရိယာမှ ၂၀ ဧကလျော့ပြီး ဆက်လက်ဆောင်ရွက်ဖို့ စာချုပ်ပြင်ဆင်ချုပ်ဆိုရန် အကြောင်းကြားလာတာကြောင့် ဈေးတည်ဆောက်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းခဲ့ရကြောင်း သိရပါတယ်။
ဒါရိုက်တာအဖွဲ့အနေနဲ့ စီမံကိန်းတင်ဒါပါ လွှဲပြောင်းဆဲ မြေဧက ၂၀ မှာ YCDC ပိုင် စီမံကိန်းမြေအဖြစ် သတ်မှတ်ထားပြီးဖြစ်ခြင်း၊ YCDC နဲ့ MAEX တို့ ချုပ်ဆိုထားတဲ့ စီမံကိန်းလုပ်ငန်းသဘောတူစာချုပ်နဲ့ MIC ခွင့်ပြုချက်ပါ စီမံကိန်းဧရိယာဖော်ပြချက်တို့ကို ကိုးကားပြီး နိုင်ငံတော်အထက် အဖွဲ့အစည်းအဆင့်ဆင့်ထံ အသနားခံ တင်ပြခဲ့တယ်လို့ သိရပါတယ်။
ယခုအခါ မူလစီမံကိန်းမြေဧရိယာပေါ်မှာ တည်ဆောက်ဖို့ လျာထားတဲ့ လုပ်ငန်းစီမံကိန်းအတိုင်း ဆက်လက်ဆောင်ရွက်ခွင့် ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာအထက်အဖွဲ့အစည်းများမှ စီစစ်လျက်ရှိပြီး ထူးခြားမှုရှိပါက အစုရှယ်ယာရှင်တွေထံ အချိန်နဲ့တပြေးညီ အသိပေးမယ်လို့လည်း ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားထားပါတယ်။
သတင်း - BETV Business
▶BETV Youtube: / @betvbusiness
#Myanmar_Business_News #BETV_Business_News #MAEX #Danyingone_Vegetable_Wholesale_Market #MAEX_Annual_Report #Net_Profit_After_Taxes
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: