ရာဇဝင်ထဲက မြောက်ဦး (ရုပ်သံ)
Автор: Narinjara TV News
Загружено: 2025-12-29
Просмотров: 12865
Описание:
ရာဇဝင်ထဲက မြောက်ဦး (ရုပ်သံ)
နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/၂၀၂၅
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ဟာ (၂၄၁) နှစ်မြောက် ရခိုင်မင်းနေပြည်တော် မြောက်ဦးကျဆုံးခဲ့ရတဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ မြောက်ဦးမြို့တော်ဟာ အေဒီ ၁၄၃၀ ကနေ အေဒီ ၁၇၈၄ ခုနှစ်ထိ နှစ်ပေါင်း (၃၅၄) နှစ်ထိ တည်တံ့ခဲ့တဲ့မြို့တော် တစ်ခုဖြစ်ပါတယ်။ မြောက်ဦးနန်းတည်ဘုရင် မင်းစောမွန်ကနေ နောက်ဆုံးမင်းတစ်ပါးဖြစ်တဲ့ မဟာသမ္မတရာမင်းထိ မင်းဆက် ၄၉ ဆက် အုပ်ချုပ်စိုးစံခဲ့ပါတယ်။ နှစ်ပေါင်း ၃၅၄ နှစ်ထိ တည်တံ့ခဲ့တဲ့ မင်းနေမြို့တော်ဆိုတာ အာရှမှာသာမက ကမ္ဘာသမိုင်းမှာပါ အလွန်ရှားပါးလှပါတယ်။
မြောက်ဦးမြို့ဟာ အေဒီ ၁၅ ရာစုမှ ၁၈ ရာစုအတွင်း အထူးစည်ပင် ဖွံ့ဖြိုတိုးတက်ခဲ့ပြီး မြောက်ဦးခေတ်ဟာ ရခိုင်နိုင်ငံတော်ရဲ့ အထွန်းတောက်ဆုံးကာလဖြစ်ခဲ့ပြီး စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးတို့မှာ အထူးတိုးတက်ခဲ့ပါတယ်။ မြောက်ဦးခေတ်ဟာ ရခိုင်သမိုင်းမှာ အတိုးတက်ဆုံး၊ စည်ပင်ဖွံ့ဖြိုးဆုံး ရွှေရောက်လွှမ်းတဲ့ ခေတ်လည်း ဖြစ်ပါတယ်။ မြောက်ဦးမြို့တော်ဟာ အိန္ဒိယ၊ မလေး၊ ပါရှားနဲ့ ဥရောပနိုင်ငံတွေနဲ့ ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး နိုင်ငံတကာ ကုန်သွယ်ရေး ဗဟိုချက်တစ်ခုဖြစ်ခဲ့တဲ့အတွက် အလွန်ချမ်းသာကြွယ်ဝခဲ့တယ်လို့ သိရှိရပါတယ်။ ဒီနေ့ထိ ဒက်ချ် (နယ်သာလန်) ကုန်တိုက်အဆောက်အဦးဟောင်းကို မြောက်ဦးမြို့မှာ တွေ့ရှိ နိုင်ပါသေးတယ်။
ရခိုင်ဘုရင်တွေဟာ ဗုဒ္ဓဘာသာကို အားပေးမြှင့်တင်ခဲ့ပြီး စေတီပုထိုးတွေ၊ ဘုရားကျောင်းကန် ဇရပ် စတဲ့ ဘာသာရေးအဆောက်အအုံများစွာကို တည်ဆောက်ခဲ့ပါတယ်။ ရွှေဒင်္ဂါး၊ငွေဒင်္ဂါးတွေကို ခပ်နှိပ်အသုံးပြုခဲ့သလို စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဂီတ၊ အထွဋ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။ မြောက်ဦးမြို့တော်တဝိုက်မှာလည်း လက်ရှိအချိန်ထိ တည်ရှိနေတဲ့ မြောက်မြားလှစွာသော စေတီပုထိုး၊ ကျုံးရိုး မြို့ရိုး၊ တံတိုင်း၊မြို့ဝင်ထွက် တံခါး၊ ပြအိုး၊ ပစ္စင်၊ သူရဲပြေးတွေကို ကြည့်ရင် ရခိုင်တို့ရဲ့ မြောက်ဦးခေတ်ဟာ ဘယ်လောက်ထိတိုးတက်ခဲ့သလဲဆိုတာကို သိရှိနိုင်ပါတယ်။
ဒါပေမယ့်လည်း အခုလို နှစ်ပေါင်း ၃၅၀ ကျော်အထိ တည်တံ့ခဲ့တဲ့ ရခိုင်တို့ရဲ့ ရွှေမြို့တော် မြောက်ဦးဟာ ၁၇၈၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဗမာပဒေသရာဇ် ဘုရင် ဘိုးတော်ဘုရားရဲ့ တပ်တွေက မကျေညာတဲ့ စစ်နဲ့ ကျူးကျော် ဝင်ရောက်တိုက်ခိုက်ရာကနေ ကျဆုံးခဲ့ရပါတယ်။ ဗမာဘုရင် တပ်တွေက မြောက်ဦးကို ရရှိသွားပြီးတဲ့နောက် နန်းတော်အပါအဝင် မြို့တော် တစ်ခုလုံးကို မီးရှို့ဖျက်ဆီးလိုက်တဲ့ အတွက် မြောက်ဦးမြို့တော်ဟာ ပြာပုံဘဝကို ကျရောက်ခဲ့ရပါတယ်။
မြောက်ဦးမြို့တော်ကျဆုံးခဲ့ရတာဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ (၂၄၁) နှစ်မြောက် ရောက်ရှိခဲ့ပြီဖြစ်တာကြောင့် “ရာဇဝင်ထဲက မြောက်ဦးမြို့တော်” အကြောင်းကို သမိုင်းမှတ်တမ်း အဖြစ် ထုတ်လွှင့် တင်ပြပေးလိုက်ပါတယ်။
------------
Join this channel to get access to perks:
/ @narinjaratv
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။
_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။
🌐 Website
https://burmese.narinjara.com/
🌐 Twitter -
https://twitter.com/narinjaran?lang=en
🌐 Facebook -
မြန်မာစာသတင်း
/ narinjara.info
🌐 Facebook -
အင်္ဂလိပ်စာသတင်း
/ narinjaraenglish
🌐 Telegram -
https://t.me/narinjaranews
🌐 TikTok Link -
/ narinjara
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: