ycliper

Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
Скачать

လက်မောင်း (ပုခုံး )ကပ်ရောဂါ(frozen Shoulder) ဆိုတာဘာလဲ။

Автор: Myitkyina News Journal

Загружено: 2023-06-23

Просмотров: 13609

Описание: လက်မောင်းကပ်ရောဂါ ဆိုတာ လူကြီးတွေမှာ အဖြစ်များလေ့ရှိပြီး ပုခုံးအတွင်း ခိုင်ခံတောင့်တင်းခြင်းကို ဖြစ်ပေါ်စေပြီး လက်မောင်းဆုံအတွင်းမှ ရုတ်တရက် မြှောက်လိုက်လျှင် နာကျင်ပြီး အဆုံးအထိ မြှောက်မရသော ဝေဒနာမျိုးခံစားရတဲ့ ရောဂါဖြစ်ပါတယ်။

သူရဲ့ လက္ခဏာတွေကတော့ စစချင်း မသိသာပေမယ့် အချိန်ကြာလာတာ နဲ့ အမျှ ပိုမိုဆိုးလာစေပြီး အချိန်အတိုင်းအတာ အနေနဲ့ ကတော့ တစ်နှစ် ကနေ သုံးနှစ် လောက်ထိ ဖြစ်နေတတ်ပါတယ်။

frozen Shoulder ကို အဓိက ဖြစ်စေတဲ့ အရာကတော့ သင့်ရဲ့ လက်မောင်းကို လှုပ်ရှားဖို့ တားဆီးနေတဲ့ အရာ တစ်ခုခု ရှိနေခဲ့ လို့ဖြစ်ပါတယ်။

လေတခြမ်းဖြတ်လို့ လက်မလှုပ်နိုင်ခြင်း၊ ရင်သားဖြတ်ထုတ်ခြင်းကြောင့် လက်မလှုပ်နိုင်ခြင်း

ထိခိုက်ဒဏ်ရာရ ခြင်းကြောင့် လက်ကိုသိုင်းထားခြင်း ၊ ကျောက်ပတ်တီး စည်းထားခြင်း၊ မလှုပ်မရှားဘဲ ငြိမ်သက်အောင်နေခြင်း တို့ကြောင့် ပုခုံးခဲ ပြီး လက်မောင်းကပ်ရောဂါဖြစ်လာခြင်းဖြစ်တယ်။

ဆိုင်ကယ်လဲ ခြင်း ၊ ကားအက်ဆီးဒင့် ဖြစ်ခြင်းကြောင့် ပုခုံးရိုးကို ထိခိုက်မိပြီး ဒဏ်ဖြစ်ရာ ကနေ လက်မောင်းကပ်ရော ဂါဖြစ်လေ့ရှိပါတယ်။

နောက်ပြီး အအေးပတ်ခြင်း၊ ကျီးပေါင်းတက်ခြင်းတို့အပြင် အခြားသော ရော ဂါများဖြစ်တဲ့ ဆီချိုးရောဂါသည်များ၊ သိုင်းရွိုက်ရောဂါရှိသူများ ၊ နှလုံးရောဂါရှိသူများ၊ ပါကင်စင်ရောဂါရှိသူများ တွင်လည်း ဒီရောဂါ အဖြစ်များပါတယ်။

ဖုန်း အကြည့်များခြင်း၊ ကွန်ပျူတာ အသုံးပြုမှု များခြင်း၊ ခေါင်းငုံ၍ ဖုန်းကြည့်ခြင်းတို့ကြောင့် လည်ပင်ရိုးဆစ် ဇက်ကျီးပေါင်း တက်ရာမှ ဇက်ကနေ လက်ပြင်၊ လက်ပြင်ကနေ လက်မောင်းတစ်လျှောက် သွားသော အာရုံကြောဖိမိ ညှပ်မိရာကနေ လက်မောင်းကပ်ခြင်း ဖြစ်လာနိုင်ပါတယ်။

လက်မောင်း ကပ် ပြီဆိုပါက လက်ကို နောက်ကျောသို့ လက်နောက်ပြန်ပြီး မကုတ်နိုင်ခြင်း၊ အမျိုး သမီး များ ဆိုရင် ဘော်လီအင်္ကျီချိတ် ကို လက်နောက်ပြန်မဖြုတ်နိုင်ခြင်း ၊ တစ်ကိုယ်ရည် သန့်ရှင်းမှုကို မလုပ်နိုင်ခြင်း ၊ လက်မမြှောက်နိုင်ခြင်း စတဲ့ အရာ တွေ ဖြစ်စေနိုင်ပါတယ်။

လက်ကပ်ရောဂါကို ဘယ်လို ကုသနိုင်ပါသလဲ ဆိုရင်

အကိုက်အခဲ ပျောက်ဆေးတွေ ဖြစ်တဲ့ ဆေးတွေ ဟာ ကြွက်သားရောင်ရမ်းခြင်း ကို သက်သာ စေနိုင်ခြင်း အပြင် အခြားသော ကု သ မှု တွေက အဆစ်ထဲ သို့ စတီးရွိုက် ထိုးဆေး များ ထိုးထည့်ခြင်း ဟာ အဆစ်အတွင်း ရောင်ရမ်းမှု ကို သက်သာစေပြီး ရောဂါဖြစ်ပွားမှု ကို လျော့ကျစေနိုင်ပါတယ်။

လေ့ကျင့် ခန်း လုပ်ပေးခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်း၊ အပူ အိတ် ကပ်ခြင်း၊ ခွဲစိတ်နည်းဖြင့်ကုသခြင်း၊

အရိုးတွင်း မှန်ပြောင်းထည့်ကြည့်ခြင်း၊ အရွတ်များ ကို ဖယ်ထုတ်ခြင်း တို့ ဖြစ် ကု သ လို့ ရနိုင်ပါတယ်။

လက်မောင်းကပ်ရောဂါ ကုသရာတွင် လက်ကို မလှုပ်ရှားဘဲ ထားလျှင် ပိုကပ်သွားနိုင်သောကြောင့်အောက်ပါ လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။

လက်ကို အထက်သို့ မြှောက်ခြင်း အောက်သို့ ချခြင်း ကို (၁၀) ကြိမ် ပြုလုပ်ပေးပါ။

လက်ကို ကွေးပြီး ခါးထောက်ခြင်း ၊ ပြန်အောက်ချခြင်း ( ၁၀) ကြိမ် ပြု လုပ်ပေးပါ။

လက်ဝါးကို ပက်လက်ဖြန့်ပြီူ ပုခုံး ကို ထိခြင်း (၁၀) ကြိမ် ပြုလုပ်ပေးပါ။

လက်မောင်းကို ကွေးပြီး ပုခုံးကို ထိထား ကာ စက်ဝိုင်းပတ် နာရီလက်တံ အတိုင်း လှည့်ပေးခြင်း (၁၀) ကြိမ် ပြု လုပ်ပေးပါ။

လက်မောင်း ကို ကွေး ပြီး ပုခုံးကို ထိထား ကာ စက်ဝိုင်းပတ် နာရီလက်တံ ဆန့်ကျင်ဘက် အတိုင်းလှည့်ပေးခြင်း (၁၀) ကြိမ် ပြုလုပ်ပေးပါ။

ဒီလေ့ ကျင့်ခန်းများ ကို တစ်ကြိမ်ထဲ အကုန် တစ်ဆက်တည်း လေ့ကျင့်ပေးပါ။ ဖြေးဖြေး နဲ့ စိတ်ရှည်ရှည် ပြု လုပ်ပေးခြင်းဖြင့် လက်မောင်း ကပ်ရော ဂါ သိသိ သာသာ သက်သာ လာပါလိမ့်မယ်။

ဒါကြောင့် လက်မောင်းကပ်ခြင်း ၊ယောင်ခြင်းများ ဖြစ်ပေါ်ပါက တတ်ကျွမ်း သော ဆရာ ဝန်များဖြင့် ကုသမှု ခံယူဖို့တိုက်တွန်းချင်ပါတယ်။

Не удается загрузить Youtube-плеер. Проверьте блокировку Youtube в вашей сети.
Повторяем попытку...
လက်မောင်း (ပုခုံး )ကပ်ရောဂါ(frozen Shoulder) ဆိုတာဘာလဲ။

Поделиться в:

Доступные форматы для скачивания:

Скачать видео

  • Информация по загрузке:

Скачать аудио

Похожие видео

© 2025 ycliper. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]