တရုတ်မှာညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီကြားဆွေးနွေးမှုရခိုင်တိုက်ပွဲနဲ့မသက်ဆိုင်ကြောင်း AAပြော
Автор: MizzimaTV
Загружено: 2024-03-04
Просмотров: 3871
Описание:
တရုတ်မှာ ထပ်မံတွေ့ဆုံခဲ့တဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့ နဲ့ စစ်ကောင်စီကြား ဆွေးနွေးမှု ရခိုင်တိုက်ပွဲများနဲ့ မသက်ဆိုင်ကြောင်း AA ဒုစစ်ဦးစီးချုပ်ပြော
မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA နဲ့ စစ်ကောင်စီတို့ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ကူမင်းဟိုင်ဂင်ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်တိုက်ပွဲများနဲ့ပတ်သက်ပြီး ဆွေးနွေးသဘောတူညီခဲ့ခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားလိုက်ပါတယ်။
တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်ရေးကိစ္စ အပါအဝင် အချက်အလက်အချို့ကို ဆွေးနွေးခဲ့တာလို့ မတ် ၄ ရက်က ပြုလုပ်တဲ့ ULA/AA ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါက်တာညိုထွန်းအောင်က အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ တရုတ်နိုင်ငံတွင်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
သတင်းတွေအရ ညီနောင်မဟာမိတ်သုံးဖွဲ့ကသိမ်းယူထားတဲ့ ရှမ်းပြည် မြောက်ပိုင်း နယ်မြေနဲ့ မြို့များကို ၎င်းတို့အပိုင်အဖြစ် စစ်ကောင်စီက အသိအမှတ်ပြုပေးခဲ့ပြီး၊ ကိုးကန့်ဒေသ ကို MNDAA က တရားဝင် အစိုးရအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်မှုမှန်သမျှ ရှောင်ရှားပြီး ကာကွယ်စောင့်ရှောက်ရန်အတွက် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ဒါ့အပြင် နှစ်ဖက်တပ်ဖွဲ့များအနေနဲ့သဘောတူညီထားတဲ့ နယ်မြေများမှ ရှေ့ဆက်မတိုးဘဲ တပ်ခွာထားရန် နဲ့ ချင်းရွှေဟော်မှာ စစ်ကောင်စီရဲ့ အကောက်ခွန်၊ ကုန်စည်စစ်ဆေးရေး၊ လူဝင်မှုကြီးကြပ်ရေးတို့ကို ထားရှိကာပူးတွဲ လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့မှ မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ၁၀၅ မိုင် စစ်ဗျူဟာကုန်းကို ၂၀၂၃ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့စလုံးက ပူးတွဲထိန်းချုပ်ထားကြောင်း သိရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံမှာ ဆွေးနွေးမှုပြုလုပ်တာ သုံး လေးကြိမ်ခန့်ရှိပြီဖြစ်ပြီး သဘောတူညီချက်များကို ပြင်ပသို့မထုတ်ဖော်ဖို့ သဘောတူညီချက်ရရှိထားသော်လည်း ယခုထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များမှာ မှန်ကန်သည့်အချက်များရှိသလို ကောလာဟလများ လည်းပါဝင်နေကြောင်း AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားထားပါတယ်။
အခုနောက်ဆုံး တွေ့ဆုံမှုမှာ လတ်တလော AA အဖွဲ့နဲ့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ဆွေးနွေးတာ မရှိဘူးလို့လည်း ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကလည်း AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေးဖြစ်ပြီး ရည်မှန်းချက်အတိုင်းအကောင်အထည်ဖော်နေကြောင်းပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်အတွင်း တိုက်ပွဲနဲ့ပတ်သက်ပြီလည်း ယခင်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ တရုတ်နဲ့ မစ္စတာ ဆာဆာကာဝါတို့ကလည်း လက်ရှိအချိန်အထိ အပစ်အရပ်စဲရေးအတွက် ဖိအားပေးခြင်း၊ ညှိနှိုင်းပေးခြင်းများ မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် ယခင်ဒုက္ခသည်များမပါသေးဘဲ လတ်တလော စစ်ပွဲများကြောင့် ရခိုင်ပြည်သူ ၃ သိန်းကျော် စစ်ဘေးဒုက္ခသည်အဖြစ် အိုးအိမ်စွန့်ခွာနေကြရတယ်လို့လည်း AA က ပြောကြားထားပါတယ်။
လာမယ့် မေလ ၁၃ ရက်နေ့မှာလည်း ကူမင်းမှာ ဟိုင်ဂင်သဘောတူညီချက်နောက်ဆက်တွဲတွေ့ဆုံဆွေးနွေးသွားဖို့ရှိနေတယ်လို့သိရပါတယ်။
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe our channel:
/ @mizzimanewstv
Follow us:
Facebook | Myanmar Language
/ mizzimadaily
Facebook | English language
/ mizzimamyanmarnews
Facebook | Mizzima+TV
/ mizzimaplustv
Twitter
/ mizzimanews
Telegram
https://t.me/mizzimatv
Sportify
https://open.spotify.com/show/0JqldUl...
Get Mizzima TV App Free
http://onelink.to/jnuwak
Website :
https://bur.mizzima.com
https://eng.mizzima.com
https://www.mizzima.tv
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: