ရန်ကုန်- ငွေဆောင် - ရန်ကုန် ❗️နေ့ချင်းရောက်❗️ ခရီးစဉ်
Автор: Shein Zar Cyclist
Загружено: 2023-03-22
Просмотров: 73426
Описание:
ရန်ကုန် ကနေ ငွေဆောင်ကမ်းခြေထိ စက်ဘီးနင်းပြီးသွားမယ်လို့ စိတ်ကူးကြည့်ဖူးပါသလား? ဒါဆိုရင်တော့ ဒီ Video လေးကိုကြည့်လိုက်ပါနော်...
ကျွန်တော်ကတော့
ကျွန်တော့်ဘ၀ရဲ့ စံချိန်တစ်ခုဖြစ်သလို နောင်တစ်ချိန်မှာ ပြန်ပြောလို့မကုန်တဲ့ အမှတ်တရတွေဖြစ်နေစေမယ့်
ရန်ကုန်- ငွေဆောင် - ရန်ကုန် (နေ့ချင်းရောက်) Long Trip လေးက်ို ၆.၃.၂၀၂၃ မှာ သွားဖြစ်ခဲ့ပါတယ်။
🚴ပထမနေ့(ရန်ကုန် မှ ရန်ကုန်)၂၄၆ ကီလို(၁၅၃ မိုင် )
မနက်စောစော(၄:၀၀)လောက် ရန်ကုန်မှစတင်ထွက်ခွာခဲ့ပြီး
ကျွန်တော်အပါအဝင် ကိုကျော်ဇင်၊ဆရာကျော် နဲ့ Biker (၃)ယောက်သွားဖြစ်ခဲ့ပါတယ်...
ခရီးအကွာအဝေး ၂၄၆ ကီလို(မိုင် ၁၅၃) ကျော် ရှိတဲ့အပြင် တောင်တက်လမ်းတွေပါဝင်နေတာကြောင့် ရောက်အောင်နင်းနိုင်ပါ့မလားဆိုပြီး စိတ်လှုပ်ရှားစွာနဲ့ နင်းခဲ့ရပါတယ်...
အိမ်မဲမြို့ဖက်ကသွားခဲ့ကြပြီး ဒါးက မြို့မှ စပြီး ရန်ကုန်၊ပုသိမ်လမ်းကမကောင်းတာကြောင့် ခရီးမတွင်ပဲ လူပိုပင်ပန်းခဲ့ရပါတယ်။
ပုသိမ်မြို့ကို ညနေ(၄)နာရီ မှ ရောက်ဖြစ်ခဲ့ပြီး တောင်ပေါ်လမ်းတွေကိုနင်းနေရင်းနဲ့ နေလုံးကြီးကတောင်တွေထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်...
ညအမှောင်မှာ စက်ဘီးမီးတွေ အားကိုးပြီး အတက်အဆင်းအကွေ့ များပြီးအန္တရာယ် များလှတဲ့ တောင်တက်လမ်း၊ဘိုးတော်(ဆင်)အန္တရာယ် ၊ရွာတွေမှာမွေးထားတဲ့တောခွေးတွေအန္တရာယ် ကို သတိထားနင်းခဲ့ကြပြီး
မရောက်ရောက်အောင်ချမယ်ဆိုတဲ့ စံချိန်ကိုမပျက်ချင်တာရယ်ကြောင့်ဇွတ်နင်းခဲ့လိုက်ကြတာ
ည (၇:၅၀)လောက်မှာ ငွေဆောင်ကို ရောက်ခဲ့ကြပါတယ်။
စက်ဘီးတွေ တစ်ခုခုမဖြစ်ခဲ့တာက အင်မတန်မှကံကောင်းခဲ့ရတာပါ...
နင်းချိန်ကြီးပဲ (၁၁ နာရီ ၃၈ မိနစ်)ကျော် နင်းခဲ့ရပါတယ်။
ပူပြင်းလှတဲ့နေရာင်အောက်မှာ နင်းခဲ့ကြတာကြောင့် အာခေါင်တွေအပူကန်ပြီး ဖင်တွေပါနာခဲ့ကြတာပေါ့....ညစာတောင်သေချာမစားဖြစ်ကြပဲ Resort ရဲ့ရေကူးကန်မှာ ရေခဏစိမ်ပြီး ပင်ပန်းစွာနဲ့ အိပ်ပျော်ခဲ့ကြပါတယ်။
🚴ဒုတိယနေ့(ငွေဆောင်ကမ်းခြေ)
လက်ရာကောင်းပြီး မနက်စာကို သေချာလေးပြင်ဆင်ပေးတက်လို့ နာမည်ကြီးနေတဲ့ Sandy Bay Resort ရဲ့ မနက်စာကိုစားရင်း လက်ဆက်တဲ့လေကိုရှူရှိုက်လို့ ပင်လယ်ကြီးရဲ့ အလှကိုခံစားဖြစ်ခဲ့ကြပါတယ်...
နေ့လည်စာကိုတော့ ရန်ကုန် မှ အကို ကိုအောင်နဲ့အမ မလွင် (DCM World)မိသားစုနဲ့ ငွေဆောင်မှာ လာဆုံကြရင်း အကိုနဲ့ အမကဂုဏ်ပြု ဧည့်ခံခဲ့ပါတယ်...
ညနေဖက်မှာ ပင်လယ်ထဲဆင်းရေကစား အလှပုံများရိုက်လို့ အနားယူခဲ့ကြပါတယ်
🚴တတိယနေ့(ငွေဆောင် မှ ရန်ကုန်)
ရန်ကုန် အပြန်ခရီးကို မနက်(၅;၃၀)မှာ စတင်ခဲ့ကြပြီး ပုသိမ်မြို့သို့ မနက်(၈)နာရီ ဝန်းကျင်မှာရောက်ခဲ့ကြပါတယ်...
ပုသိမ်မြို့မှလက်ဆောင်အချို့ဝယ်ခဲ့ကြပြီး လာရာလမ်းအတိုင်းပြန်ခဲ့ကြပါတယ်...
အိမ်မဲဒါးက လမ်းက သဘောကောင်းဖော်ရွေသော နယ်ခံ မိသားစုလေးစီမှာ နေ့လည့်စာဝင်စားခဲ့ကြပါသေးတယ်
အိမ်အပြန်ခရီးမို့ ဖြေးဖြေးအေးဆေးနင်းခဲ့ကြပီး
ရန်ကုန် သို့ ည (၁၀း၅၀)မှာ အန္တရာယ် ကင်းဘေးရှင်းစွာနဲ့ (၃)ယောက်လုံးပြန်ရောက်ခဲ့ကြပါတယ်...
ကျွန်တော်ကိုယုံကြည်စွာနဲ့ လိုက်ပါစီးနင်းပေးကြတဲ့ ကိုကျော်ဇင်နဲ့ ဆရာကျော် တို့ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။
အသေးစိတ်လေးကိုတော့ ကျွန်တော့်ရဲ့ Vlog လေးမှာဝင်ရောက်ကြည့်ရှု့လိုက်ပါနော်...
⭐ ဒီလို စက်ဘီးစီးပြီးခရီးသွားတဲ့ Vlogs နဲ့ Knowledge Sharing Videos တွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ Shein Zar Cyclist Facebook Page နဲ့ YouTube Channel လေးကို Like & Subscribe လေးလုပ်ထားပေးကြပါဦးနော် ⭐
❗️Facebook Page / sheinzarcyclist ❗️
လေးစားစွာဖြင့်
Shein Zar
=========================
00:00 Intro
00:34 - ရန်ကုန် မှ ပုသိမ်(ပထမနေ့)
04:25 - ပုသိမ် မှ ငွေဆောင်
09:30 - ငွေဆောင်မြို့(ဒုတိယနေ့)
11:00 - Resort အကြောင်းအနည်းငယ်
13:52 - ငွေဆောင် မှ ပုသိမ်(တတိယနေ့)အပြန်ခရီး
17:18 - ပုသိမ် မှ ရန်ကုန်
21:38 - ကျေးဇူးတင်စကား
=========================
Music In This Video
Song: Niya - A Life
Music provided by Vlog No Copyright Music.
Video Link: • Niya - A Life (Vl...
#sandybayresort #cycling #cyclingvlogger #yangontongwesaung #ngwesaungbeach #ngwesaung #yangonpathein #Myanmarbeach #cyclingaroundmyanmar #travelvlog #travelcycling #cyclingtour
#sheinzarcyclist # စက်ဘီးစီးခြင်း #cyclingvlog #biker
#cyclingmyanmar #cycling #cyclingbloggers
#cyclistblogger #CyclinginMyanmarmyanmar #gopro
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: