သေသူသုံး ၃ ရက် သေပြီး ၇ ရက်
Автор: KNOWLEDGE SHARING
Загружено: 2022-11-09
Просмотров: 279
Описание:
တနင်္ဂ နွေသားသမီးများအတွက်
မဂ်လာဆောင်ကိစ္စများ၊ အလှူကိစ္စများဆက်တိုက်ဆောင်ရွက်ပေးနေရတတ်သည်။မမျှော်လင့်ပဲဘုရားဖူး ခရီးများလည်းထွက်ရတတ်သည်။ မိသားစုနှင့်တစ်ခါတလေ စိတ်အခန့်မသင့်တော့ဖြစ်တတ်ပါသည်။ စီးပွားရေးလုပ်ငန်းများတွင် စိတ်မပါမှူ့များရှိနေတတ်သည်။ ခရီးသွားလုပ်ငန်းများ ပို၍အကျိုးပေးမည်။
အချစ်ရေးတွင် ကိုယျကဂရုစိုက်သော်လည်း ချေခံနေရသည့်အနေအထားဖြစ်မည်။ သို့သော်လည်း ဘယ်လိုမှမေ့မရနိုင်သည့်ကာလဖြစ်သည်။
အိမ်ထောင်သည်များ အိမ်ထောင်ရေးရှုပ်ထွေးနေတတ်သည်။ အိမ်ထောင်ဘက်ကြောင့် စိတ်သောကရောက်ရတတ်ပါသည်။ သို့သော်မကြာခင်ပြန်အဆင်ပြေမည်။
ကျန်းမာရေးကတော့ အမျိုးသမီးများ သားအိမ်ဂရုပြုပါ။ အမျိုးသားများကတော့ ပုခုံး၊ လည်ပင်း ဂရုစိုက်ရမည်။
ယတြာ မြတ်စွာဘုရားတွင် အနီရောင်ပန်း ကပ်လှူပူဇော်ခြင်းဖြင့်ကံကောင်းမှု့များပိုင်ဆိုင်နိုင်ပါစေ။
အကျိုးပေးအရောင် အညိုရောင် ရေညှိရောင်
အကျိုးပေးဂဏန်း ၇ ၀
တနင်္လာ သားသမီးများအတွက်
အလောင်းကစားတစ်ခုခုကြောင့် စိတ်သောကရောက်နေရတတ်သည်။ ပုံမှန်အတိုင်းအလုပ်လုပ်ပါက အစစအရာရာအဆင်ပြေနေသော်လည်း စိတ်လေပြီး လုပ်ချင်တာလုပ်နေမည့်ကာလဖြစ်သည်။ ငွေကြေးချေးငှားမှု့များဂရုစိုက်ပါ။
အိုးအိမ်နေရာ အပြောင်းအရွှေ့ရှိသည်။
အိမ်ထောင်သည်များက အိမ်ထောင်ရေးအဆင်မပြေသေးပါ။ အဝေးကနေသာ လွမ်းနေရမည်။
ပျိုရွယ်သူများစန်းပွင့်နေမည်။ အချစ်ရေးတွေ ၂ယောက်သားအဆင်ပြေနိုင်သော်လည်း အုပ်ထိန်းသူများက သဘောမတူပဲ ကွေ့ကွင်းရတတ်သည်။
ကျန်းမာရေးကတော့ ဦးခေါင်း၊ အာရုံကြောသတိထား
ပေးပါ။
ယတြာ မြတ်စွာဘုရားတွင် သာဂူကပ်လှူပြီး ကံကောင်းမှု့များပိုင်ဆိုင်နိုင်ပါစေ။
အကျိုးပေးဂဏန်း ၂ ၁
အကျိုးပေးအရောင် အစိမ်းရောင်
အင်္ဂါ သားသမီးများအတွက်
စနေသားသမီးမြားမှ ငွေရေးကြေးရေး အကူညီများရတတ်သည်။သို့သော် စီးပွားရေးလုပ်ငန်းများလုပ်ရာတွင် ရသလောက် လက်ထဲမတင် ဆုံးရှုံးရသည်က များတတ်သည်။
လုပ်ငန်းရှင်များက စီးပွားရေးကြို အရှုံးပေးချင်လောက်အောင်ပင် စိတ်ဓာတ်ကျနေတတ်သည်။
အချစ်ရေးတွင် အလွန်စန်းပွင့်နေတတ်ပြီး ခါချနေရတတ်ပါသည်။ သို့သော်လည်း ကိုယ့်ကိုမချစ်သောသူအတွက် စိုးရိမ်ပူပန်နေတတ်သည်။
ကျန်းမာရေးတွင် အရင်ဖြစ်ဖူးခဲ့သော အနာဟောင်း ၊ ရောဂါဟောင်းများ ပြန်ပေါ်တတ်ပါသည်။ ကြီးကြီးမားမားခွဲစိတ်ခံရကိန်းတော့မရှိပါ။ သို့သော်သတိထားပါ။
အကျိုးပေးဂဏန်း ၀ ၊ ၈
အကျိုးပေးအရောင် ပန်းရောင်
ဗုဒ္ဓဟူး သားသမီးများအတွက်
ကားအရောင်းအဝယ်လုပ်ငန်းများ၊ကျောက်အရောင်းအဝယ်လုပ်ငန်းများအဆင်ပြေချောမွေ့သည့်ကာလဖြစ်မည်။ အဖျက်အနှောင့်ယှက်လည်းများတတ်သည်။ စီးပွားရေးတွင် ငွေဝင်သော်လည်းစိတ်သောကဖြစ်စရာများကြုံမည်။
ဝင်သောငွေမစုနိုင်ဖြစ်မည်။
အိမ်ထောင်ရေး ကတော့ အိမ်ထောင်ဘက်နှင့် ကောင်းသောခွဲ ခွာရခြင်းများကြုံမည်။ သားသမီးရတနာ ထွန်းကားတတ်သည်။ ပျိုရွယ်သူများကတော့ ဤကာလတွင်အိမ်ထောင်မပြုသင့်။ အဆင်မပြေမှု့ များတတ်သည်။မိသားစုတွင်း မျက်နှာငယ်ရတတ်သည်။
ကျန်းမာရေးကတော့ အတော်အသင့်ကောင်းပါသည်။ သို့သော်လည်း အစားမတော် တစ်လုပ်ဆိုသည့်အတိုင်း အစားမှား၍ ဒုက္ခရောက်တတ်သည်။
အကျိုးပေးအရောင် ကျောက်စိမ်းရောင်
အကျိုးပေးဂဏန်း ၆ ၃
ဘုရားတွင် သရက်သီး၃လုံးလှူပေးခြင်းဖြင့် ကံကောင်းမှု့များပိုင်ဆိုင်နိုင်ပါ။
ကြသပတေး သားသမီးများအတွက်
အစစအရာရာ နာမည်၊ ဂုဏ်သတင်းတတ်တာမျိုး၊ အလုပ်အကိုင်ရာထူးတိုးတာမျိုးကြုံရတတ်ပါသည်။ အဆင်မပြေမှု့ဖြစ်ခဲ့သောအကြီးအကဲများနှင့်ပြန်အဆင်ပြေတတ်ပါးသည်။ အလုပ်အကိုင်အခွင့်အလမ်းများတိုးချဲ့လုပ်ကိုင်ရတတ်သည်။ မည်သို့ပင်အခက်အခဲရှိစေ အလုပ်အကိုင်များကိုတိုးချဲ့လုပ်ကိုင်ပါ။သေချာပေါက်အောင်မြင်မှု့ရမည်။
အိမ်ထောင်သည်များ ကွားစကားကျိုသတိထားပါ။ ဘာမဟုတ်တာလေးနဲ့ ပြဿနာကြီးသွားနိုင်သည်။ ကြားလူမရှုပ်ရင်အိမ်ထောင်ရေးသာယာပါလိမ့်မည်။
အချစ်ရေး ကလည်းကြားလူမရှုပ်လျှင် အေးအေးဆေးဆေးပါပဲ။
ကျန်းမာရေးက မတော်တဆမှု့ ဂရုစိုက်ရမည်။
ယတြာ ဘုရားတွင် နှမ်းဆီမီးကပ်လှူခြင်းဖြင့်ကံကောင်းမှု့များပိုင်ဆိုင်နိုင်ပါစေ။
အကျိုးပေးဂဏန်း ၀ ၂
အကျိုးပေးအရောင် အဖြူရောင်
သောကြာ သားသမီးများအတွက်
စနေ သားသမီးများအတွက်
စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်သင့်သောကာလဖြစ်သည်။ ရေလုပ်ငန်းလုပ်သူများ၊စစ
၏ ရွှေလုပ်ငန်းလုပ်သူများ အကျိုးပေးနိုင်သည်။ မိဘ မောင်နှမများ၏ အားပေးချစ်ခင်မှု့ကိုလည်း ခံရတတ်သည်။ စာပေ၊ သစ်သီးနှင့်ဆေးအရောင်းအဝယ်များလည်း အကျိုးပေးတတ်သည်။ စိတ်ရှည်သည်းခံပါက လုပ်ငန်းပိုမိုအောင်မြင်တတ်သည်။
အိမ်ထောင်သည်များ အိမ်ထောင်ရေးအဆင်မပြေ၍ သဘောထားကွဲလွဲမှု့များကြုံရတတ်သည်။ အိမ်ထောင်ဘက်ကအိမ်မကပ်သောကြောင့် စိတ်ညစ်ရတတ်သည်။
အချစ်ရေးတွင်စန်းထနေလိမ့်မည်။ ချစ်သူနှင့်လည်း
အဆင်ပြေနိုင်သည့်ကာလဖြစ်သည်။သို့သော် စကားအပြောအဆို ဆင်ခြင်ပါ။
ကျန်းမာရေး တွင် နှလုံးကိုအထူးဂရုပြုပါ။
အကျိုးပေးအရောင် အဖြူရောင်
အကျိုးပေးဂဏန်း ၇
ယတြာ - ဘုရားတွင်ကံ့ကော်ညွှန့်၇ညွှန့်ပူဇော်ပေးပါ။
စီးပွားရေးနဲ့ပက်သက်လျှင် လူကြီးလူကောင်းများဆီမှ အကြံအစည်ကောင်းများရတတ်ပါသည်။ ရပ်ဝေးမှ အကျိုးပေးသောသူတော်ကောင်းများနှင့် တွေ့တတ်သော ကြောင့်အကျိုးရှိရှိအသုံးချနိုင်ပါက အောင်မြင်ပါလိမ့်မည်။ ငွေကြေးကိစ္စများနှင့်ပက်သက်သောလုပ်ငန်းများပို၍ အဆင်ပြေချောမွေ့ပါလိမ့်မည်။
အချစ်ရေးတွင်မမျှော်လင့်ပဲအတွေ့ကြုံ၊ အပြောင်းလဲသစ်များကြုံတွေ့ရတတ်သည်
မထင်မှတ်ထားသောကံကောင်းမှု့များကြုံလာရတတ်သည်။ ပျိုရွယ်သူများ စန်းပွင့်သောကာလဖြစ်သည်။
အိမ်ထောင်သည်များ အိမ်ထောင်ရေးသာယာပါလိမ့်မည်။
ကျန်းမာရေးကတော့ ခန္ဓာကိုယ်တွင်း နား နှာခေါင်း အထူးသတိထားမည်။ မထင်မှတ်ထားသော ရောဂါများတွေ့ရတတ်သည်။ သို့သော်မကြာခင်ပြန်ကောင်းသွားပါ
လိမ့်မည်။
အကျိုးပေးအရောင် ခရမ်းရောင်
အကျိုးပေးဂဏန်း ၇ ၅
ယတြာ ဘုရားတွင် ငှက် (၁၁)ကောင်လွှတ်ပြီး
ကံကောင်းမှု့များပိုင်ဆိုင်နိုင်ပါစေ။
ဗေဒင်မေးမြန်းလိုပါက
မိမိမွေးသက္ကရာဇ် အပြည့်အစုံ, နာမည် ပြောပေးရမည်
လက္ခဏာပုံ(နှစ်ဖက်လုံး) ဓာတ်ပုံရိုက်ပို့ပေးရမည်
ဟောပြောခ-ဖုန်းဘေလ် Mpt 5000
(ဖုန်းဘေလ်ကဒ်ကို ခဲခြစ်ပြီး ဓာတ်ပုံရိုက်ပို့ပေးရပါမည်) ဆရာ့ဖုန်းနံပါတ် - 09 456 166 720 /Viber
ဆရာအောင်ဇေယျာ - လောကီအစီမံပညာရှင်
ကျေးဇူးရှင် ပါချုပ် ဆရာတော်ဘုရားကြီး
Cred :
ဦးမြင့်ခိုင်,
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: