မြန်မာနိုင်ငံအနီးမှာရှိတဲ့ ကြောက်စရာကောင်းတဲ့ လူရိုင်းကျွန်း - Sentinel Island
Автор: What I Love
Загружено: 2022-12-31
Просмотров: 184193
Описание:
အားလုံးသိချင်နေတဲ့ ဒီကျွန်းလေးကတော့ မြန်မာနိုင်ငံအနားမှာရှိတဲ့ ကျွန်းလေးပဲဖြစ်ပါတယ်။ ဒီကျွန်းလေးရဲ့ နာမည်ကတော့ Sentinel ဆန်တီနယ် ကျွန်းလေးပဲဖြစ်ပါတယ်။ ဆန်တီနယ်ကျွန်းဟာ အိန္ဒိယပိုင်နက် ထဲမှာရှိပြီး မြန်မာနိုင်ငံနဲ့ မိုင် ၁၆၀ ကျော်သာဝေးကွာတဲ့နေရာမှာတည်ရှိတဲ့ ကပ္ပလီကျွန်းစုတန်းထဲက ကျွန်းတစ်ကျွန်းပဲဖြစ်ပါတယ်။ အိန္ဒိယအစိုးရကနေ ဒီ ဆန်တီနယ်ကျွန်းကို မသွားရောက်ကြဖို့ ပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့နေရာလဲဖြစ်ပါတယ်။
ဒီကျွန်းဟာ ဘယ်လောက်အထိကြောက်ဖို့ကောင်းလဲဆိုရင် အပြင်လူတွေကပ်တာနဲ့ ရန်ပြုကြတာမို့ အခုအချိန်ထိ ဘယ်သူမှ မသွားရဲကြသေးပါဘူး။ ဒါကြောင့်လဲ ဘယ်သူမှ အတိအကျ သုတေသနမပြုလုပ်နိုင်သေးပါဘူး။ ဒါကြောင့်မို့ ဒီကျွန်းမှာ ဆန်တီနယ်လူရိုင်းမျိုးနွယ်တွေ ဘယ်နှစ်ယောက် နေထိုင်နေကြလဲဆိုတာ ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး။ ကျွန်းသားဦးရေ ၃၀ ကနေ ၅၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်လိုသာ မှတ်ချက်ပေးထားကြပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒီလူမျိုးစု မျိုးသုန်းပျောက်ကွယ်သွားနိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် သူတို့တွေဟာ မုန်းတိုင်းဒဏ်ကို ရင်ဆိုင်ခဲ့ကြလို့ မျိုးသုန်းပျောက်ကွယ်သွားခြင်းမရှိခဲ့ပါဘူး။
ဒီချန်နယ်လေးမှာ စိတ်ဝင်စားစရာေကာင်းတဲ့ ခရီးသွား - Myanmar Travel အကြောင်းအရာ လေးတွေကိုတင်ပေးသွားမှာမို့ Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: